အခန်း (၆၀) သားမိုက်

181 31 0
                                    

ထို့နောက် ဝေထျန်းကျီနှင့် ဝေမင်တို့အဖွဲ့လဲ ပြန်သွားကြလေသည်။

ဝူရှင်းက ဈေးဘက်သို့ ထွက်လာခဲ့သည်။ သူက လမ်းလျှောက်နေရင်း စိတ်ထဲတွင် မျိုးစုံတွေးနေသည်။

ထန်ဂျီ၏ ချီဒင်္ဂါး တစ်ထောင်ရှာနိုင်သည် ဆိုသည့် ပမာဏက သူ့အား စိတ်ဓါတ်ကျစေသည်။

ထိုပိုက်ဆံသည် သူ့အား ချီပင်လယ်အဆင့်သို့ ရောက်ရန် ကူညီပေးနိုင်လေသည်။

သို့သော် ထိုပိုက်ဆံမှာ သူ့မိဘများအတွက် ဖြစ်လေသည်။

ဝူရှင်းက စိတ်ရှုပ်ထွေးစွာဖြင့် ဈေးထဲရှိ တန်းကြီးကျောင်းသား တစ်ယောက်ရောင်းနေသော ဆေးဆိုင်ဆီ သွားလိုက်သည်။

"စီနီယာအစ်ကို အစ်ကို့မှာ အသက်ရှည်ဆေးများ ရှိလား မသိဘူး"

"အသက်ရှည်ဆေးလား။ ငါတစ်ခါမှ မဖော်ဖူးဘူး။ အဲ့ဒါက သေမျိုးတွေအတွက်လေ။ ပြီးတော့ ဈေးက ကြီးတော့ တော်ရုံတန်ရုံ မဖော်ကြဘူး။ မင်းမှာ ပိုက်ဆံရှိရင်တော့ ငါက အမှာယူထားလိုက်မယ်လေ။ မင်းက ဘယ်လောက်လိုချင်တာလဲ"

"တစ်ဗူး"

"ဒါက သိပ်မများဘူး။ ဒါပေမယ့် အပိုတွေကလည်း ရောင်းဖို့ သိပ်မလွယ်ဘူး။ မင်းအနေနဲ့ နောက်ထပ် ဒီဆေးမျိုးလိုတဲ့လူ တစ်ယောက် ရှာခဲ့ရင် ငါလုပ်ပေးမယ်လေ"

"ကျွန်တော်က အဲ့ဒီဆေးမျိုး လိုတဲ့သူ ဘယ်မှာ သွားရှာရမလဲ" ဝူရှင်းက မချိပြုံး ပြုံးလိုက်သည်။

"ဒါက တစ်ကယ်မလွယ်ဘူး။" ထိုကျောင်းသားက ရယ်လိုက်သည်။

"ပိုက်ဆံရှိတဲ့လူတွေက အတော်များများ ကျင့်ကြံခြင်းအတွက်ပဲ သုံးကြတာ။ ချီဒင်္ဂါးတစ်ထောင်ရဖို့ စုရတာ မလွယ်ဘူးလေ ဟုတ်တယ်မလား"

ဝူရှင်းက ခေါင်းညိတ်ပြသည်။

"ငါ့အမြင်အရဆိုရင် မင်းအနေနဲ့ အဲ့ဒီဆေးမဝယ်သင့်ဘူး။ မင်းက ဒီလောက်လဲ မကြီးသေးတော့ မင်းမိဘတွေက ရှိလာ လေးဆယ်ဝန်းကျင်ပေါ့။ သူတို့အနေနဲ့ သက်ကြီးရွယ်အိုဖြစ်ပြီး အသက်ရှည်ဆေး လိုအပ်တဲ့အရွယ်ရောက်ဖို့ အဝေးကြီးလိုသေးတယ်။ အဲ့ဒီတော့ မင်းတိုးတက်ဖို့ကိုပဲ မင်းအရင်လုပ်သင့်တယ်။ မင်းက သန်မာလာရင် အသက်ရှည်ဆေး လိုသလောက် ဝယ်လို့ ရတာပဲ။" ထိုကျောင်းသားက ပြောလိုက်သည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now