အခန်း (၈၀) ပညာလွှဲပြောင်းခြင်း

168 35 0
                                    

နားရက် တစ်ရက်ပြီးနောက် ကျောင်းတော်၏ နေ့များက ယခင်လိုပင် ပြန်ဖြစ်သွားသည်။ ကျောင်းသားများက နာရီလက်တံလိုပင်အတန်းတက်လိုက် ကျင့်ကြံလိုက်ပင်။

သုံးရက်ကြာပြီးနောက် စာမေးပွဲ၏ အဆင့်များ ထွက်လာလေသည်။ မျှော်လင့်ထားသည့်အတိုင်း ထန်ဂျီက ပထမပင်။ သူက ထိုအဆင့်ကို သူ၏ အရည်အချင်းနှင့် ရသည်လား ရှီဖုန်းထန်က ဝင်၍ ပြောင်းလဲ လိုက်သလား သူက စဉ်းစားနေသည်။ သို့သော် ထိုသည်က အရေးမကြီးချေ။

အရေးကြီးသည်မှာ အောင်စာရင်းထွက်သည့်နေ့တွင် ပထမအဆင့် ကျောင်းသား ထန်ဂျီက ကျမ်းစာတိုက်၏ ကိုးလွှာကို တစ်ကြိမ်ဝင်ခွင့်ရမည်ဟု ကြေငြာလိုက်ခြင်းပင်။ ကျောင်းတော်က အံ့ဩမှုများနှင့် ဆူညံသွားသည်။

လူတိုင်းက ပထမရသော ကျောင်းသားသည် သက်ရှည်ဆေး တစ်ပုလင်းအပြင် အထူးဆု တစ်ခုပါ ရမည်ဟု သိထားသော်လည်း ထိုမျှ ကောင်းသည့်ဆုဟု မထင်ထားကြချေ။

ကျမ်းစာတိုက်၏ ကိုးလွှာသည် ခရမ်းကျောက်စိမ်းမန္တာန်နှင့် နတ်ဘုံလွှာဓါးကျမ်း ရှိရာ နေရာဖြစ်သည်။ ထန်ဂျီက နောက်တစ်ကြိမ် နာမည် ကြီးလာပြန်သည်။ ထန်ဂျီက နောက်ထပ် နာမည်တစ်ခု ထပ်ရပြန်သည်။ 'ကောင်းကင်ဗျာဒိတ်ခံ ထန်ဂျီ' ဟူ၍ပင်။

နှင်းဆီတိမ် ကမ္ဘာတွင် ကောင်းကင်၏ သားတော်နှင့် ကံကြမ္မာသားတော် ဆိုသည့် အရာများ မရှိချေ။ ကောင်းကင်တာအိုက မည်သူ့ကိုမျှ မျက်နှာသာ မပေးချေ။ လူများက ကောင်းကင်ဘုံ အလိုတော်ဆိုသည့် ကိစ္စမျိုးကို သိပ်မပြောကြချေ။

သို့သော် အချို့သော လူများ၏ အမြင်တွင် ထိုကိစ္စမှာ ကွဲပြားလေသည်။ လရောင်လှုံကျောင်းတော်က ထန်ဂျီအတွက် ကိုးလွှာကို ဖွင့်ပေးလိုက်ခြင်းမှာ ကျောင်းတော်တွင် ထန်ဂျီ၏ အဆင့်မှာ မြင့်တက်သွားပြီး ကုချန်ချင်းအပေါ် ဖိအားမှာ ချက်ချင်း တိုးသွားသည်။ သူက နတ်ခေါင်းနန်းတော်မှ လျှို့ဝှက်ညွှန်ကြားမှု တစ်ခု ရခဲ့လေသည်။

"မင်းက ထန်ဂျီက ထန်ကျိရီလို့ သေချာအောင် လုပ်နိုင်ရင် အစွမ်းကုန်သုံး၍ ဖမ်းပါ" ဟု ညွှန်ကြာသည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now