အခန်း (၁၄၂) ခွဲခွာခြင်း

122 15 0
                                    


"ဒါဆို နင့်ကိုငါပ ဖမ်းပြီးတော့ ဂိုဏ်းကိုခေါ်သွားပြီး နတ်ခေါင်းနန်းတော်ရဲ့ ရတနာ နေရာကို စစ်ဆေးမှာပေါ့။" ရှုမြောင်ရန်က လက်သီးကို ဝှေ့ယမ်းရင်း ပြောသည်။ သူမမျက်နှာမှာမူ စပ်ဖြဲဖြဲနှင့် ဖြစ်သည်။

"ကောင်းပြီလေ။ ငါပဲ။ ဖမ်းလိုက်တော့။ ပြီးရင် သမုဒ္ဒရာနန်းဆောင်ကို ခေါ်သွား"

"ဖွီး.. နည်းနည်းလေးတောင် လိုက်လိုက်လျောလျော မရှိဘူး" ရှုမြောင်ရန်က စူပွပွ ပြောသည်။ "ဒါနဲ့ ဂိုဏ်းကြီးနှစ်ဂိုဏ်းက နင့်ကို ရှာနေတာကို နင်က ဒီမှာ ဘာလုပ်နေတာတုန်း"

"ကုချန်ချင်းသေတော့ ငါက ပြန်လာတာပဲလေ။ ကောင်းကင်ပျက်သုဉ်းဂိုဏ်းကနေ ကုချန်ချင်း သေကြောင်း သတင်းရလို့ လရောင်လှုံဂိုဏ်းက ငါ့ကို အလောတကြီး မရှာတော့ဘူးလေ"

"သူတို့က အစောပိုင်းကလည်း အလျင်လိုပုံ မရပါဘူး။ တစ်လကျော်တောင် ကြာတာ။ သူတို့မှာ နင့်ရဲ့ ငွေချေးစာချုပ် ရှိတာကို နင့်ကို မကယ်နိုင်ဘူး။ လရောင်လှုံကျောင်းက နင့်ကို မကယ်ချင်တာ ဒါမှမဟုတ် အသုံးမကျတာ နေမယ်။" ရှုမြောင်ရန်က ပြောသည်။

"လရောင်လှုံဂိုဏ်းက အသုံးမကျတာဆိုရင် သူနဲ့ အဆင့်တူ တခြားဂိုဏ်းတွေကရော ဘယ်လိုဖြစ်သွားမလဲ"

"နင်ပြောတာက လရောင်လှုံဂိုဏ်းက နင့်ကို မကယ်ချင်တာလား"

"မကယ်ချင်တာတော့ မဟုတ်ဘူး။ ဒါပေမယ့် ငါ့အနေနဲ့ နတ်ခေါင်းနန်းတော်ရဲ့ လက်ထဲမှာ ရှိနေသ၍ သူတို့က အကျိုးရှိတယ်လေ" ထန်ဂျီက ခပ်တိုးတိုးပြောလိုက်ငည်။

လူတိုင်းက သိထားသော်ငြား ထုတ်မပြောသည့် အရာများစွာ ရှိတတ်လေသည်။ လရောင်လှုံဂိုဏ်းက အဘယ့်ကြောင့် ထန်ဂျီကို မကယ်နိုင်ခဲ့သနည်း။ ထိုသည်ကား ကုချန်ချင်းတွင် ရှေ့ဖြစ်ဟော အတတ် ရှိ၍လော။ မဟုတ်ချေ။

စကတည်းက လရောင်လှုံဂိုဏ်းက ထန်ဂျီကို ကယ်ရန် ကြိုးစားသေးသည်။။ သို့သော် သူတို့က နတ်ခေါင်းနန်းတော်ကို လိုက်ရင်း သူလျှိုများစွာ မိသဖြင့် နောက်ပိုင်းတွင် အစီအစဉ် ပြောင်းခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ ကုချန်ချင်းက အချိန်လိုသည်။ ထန်ဂျီလည်း အချိန်လိုသည်။ လရောင်လှုံဂိုဏ်းကလည်း အချိန်လိုလေသည်။ ထို့ကြောင့် သုံးဦး သုံးဖလှယ် မပြောပဲနှင့် ထိုအတိုင်း လှုပ်ရှားခဲ့ကြခြင်း ဖြစ်ကာ အားကုန်မထုတ်ခဲ့ကြချေ။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now