အခန်း (၅၉) ပထမသခင်လေး

191 30 0
                                    

သူ့ခန္တာထဲမှ ဝဲကတော့က တည်ငြိမ်စွာ လည်ပတ်နေပြီး တဖြည်းဖြည်း ကြီးလာသည်။ ချီသိုလှောင် နယ်မြေ၏ တဖြေးဖြး ကြီးလာမှုက မျက်စေ့ဖြင့် မမြင်နိုင်ချေ။ သူက စုပ်ယူထားသော ချီများအားလုံး ကုန်သွားချိန်တွင် ဝဲကတော့က ပျောက်ကွယ်သွားပြီး ကျင့်ကြံမှု ပြီးဆုံးသွားသည်။

ထန်ဂျီက သူက ချီသိုလှောင်နယ်မြေမှာ ကြီးလာပြီး ချီရည်စက် ရှစ်ဆယ်ခန့်မျှ သိုလှောင်နိုင်လောက်ပြီ ဖြစ်ကြောင်း ခံစားမိသည်။ သူက တဖြည်းဖြည်းဖြင့် ချီစမ်းရေအဆင့်ကို ရောက်တော့မည် ဖြစ်သည်။

သူက ပို၍ ကျွမ်းကျင်လာလေ သူ၏ ပြီးပြည့်စုံသော လှည့်ပတ်မှုနှစ်ခုကို ပုံလုပ်နိုင်လာလေ ကျင့်ကြံမှု အမြန်နှုန်းက တက်လာလေဖြသည်။ နို့မဟုတ်လျှင် ပထမအမြန်နှုန်းနှင့်သာဆိုလျှင် ချီပင်လယ်အဆင့် ရောက်ရန်မှာ ဆယ်နှစ်ခန့် အချိန်ကုန်မည် ဖြစ်သည်။

ယခုဆိုလျှင် သူက တစ်ညတည်းပင် ပြီးပြည့်စုံသော လှည့်ပတ်မှုကို ခြောက်ခါ ခုနှစ်ခါ လုပ်နိုင်လေသည်။ သူက နောက်ဆယ်ရက်အတွင်း ချီစမ်းရေအဆင့် ရောက်လောက်သည်။

လရောင်လှုံကျောင်းတော်၏ စံနှုန်းကအရ နှစ်လအတွင်း ချက္ကရဖွင့်နိုင်ခြင််းသည် ပုံမှန် ဖြစ်သည်။ ခြောက်လအတွင်း ချီစွမ်းရည်၊ တစ်နှစ်ခွဲအတွင်း ချီရေကန်နှင့် လေးနှစ်မှ ငါးနှစ်အတွင်း ချီပင်လယ် ဖြစ်သည်။ နောက်ကျန်သော နှစ်နှစ်တွင် ဒုက္ခလွန်မြောက် အဆင့်ကို ဝင်ရန် ကြိုးစားရမည် ဖြစ်သည်။

အဆင့်သေးတိုင်း - ချီရေကန်မှ ချီပင်လယ်အဆင့်သည် ဆယ်ဆကွာလေသည်။ ကျင့်ကြံခြင်း အမြန်နှုန်းသည် တစ်ဆင့်တိုင်းတွင် သုံးဆမြန်လာလေသည်။ ထို့ကြောင့် အဆင့်တိုင်းအတွက် အချိန် သုံးဆ ပိုလိုလေသည်။

ကျောင်းသားအများစုအတွက် ပိုကျင့်လေ လှည့်ပတ်မှု မြန်မြန် ပိုလုပ်နိုင်လေဖြစ်သည်။ ပြဿနာမှာ ကျင့်ကြံဆင့် တစ်ဆင့် တက်ပြီးတိုင်း ကျင့်စဉ်၏ အဆင့်ကို တစ်ဆင့် ပိုမြှင့်ရခြင်း ဖြစ််သည်။ ထို့ကြောင့် ကျောင်းသားများက လှည့်ပတ်မှု ပုံစံအသစ်ကို ထပ်သင်ရပြီး ထပ်၍ ကျွမ်းကျင်အောင် လုပ်ရမည်ဆိုသည့် သဘောပင်။ ထိုကြောင့် ခက်ခဲမှုက လျော့မသွားချေ။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now