အခန်း (၁၆၄) မေးမြန်းခြင်း

88 17 0
                                    


ကျောင်းသားက ကျောင်းသား ဆိုသော်ငြား လရောင်လှုံကျောင်းမှာ အဆင့်မြင့်သည်သာ။ ထန်ဂျီ၏ စကားများမှာ ယဉ်ကျေးမှု အရဖြစ်သော်လည်း ကြိုဆိုသည်ကို တားပါက ကျောင်းတော်၏ အဆင့်ကို နှိမ့်သည်နှင့် တူလေသည်။

အဆင့်အနိမ့်အမြင့်မှာ အရေးကြီးသလို အလွန်အကျွံသုံးလျှင် အလွဲသုံးစားရာ ကျလေသည်။ ဖိနှိပ်ခြင်း ဆိုသည်မှာ စကားလုံးများ မျက်နှာအမူအယာများဖြင့် ဖော်ပြစရာ မလိုချေ။ မည်သို့ပင်ဆိုစေ မသေမျိုးနှင့် သေမျိုး အဆင့်အတန်းက ထာဝရကွာခြားနေမည်သာ။

အကြီးအကဲရှုက သူတို့အား အခန်းထဲ ဖိတ်ခေါ်သည်။ ထန်ဂျီက ထိပ်ဆုံးခုံတွင် ဝင်ထိုင်လိုက်သည်။

"ကျွန်တော်တို့က ဒီကို လင်းလန်အကြောင်း မေးဖို့ မြန်းဖို့ လာတာပါ"

"မသေမျိုးတို့ခင်ဗျာ မေးပါ မေးပါ။ ဒီနိမ့်ကျတဲ့ ကျွန်တော်မျိုးနဲ့ သမီးက သိသမျှ ဖြေပါ့မယ်" ရှုရှီအန်က သူ့ကိုယ်သူနှင့် ဘေးနားရှိ ကောင်မလေးတစ်ယောက်ကို ထိုးပြရင်း ပြောလိုက်သည်။

ထိုကောင်မလေးမှာ ရှုမုကျွန် ဖြစ်လောက်သည်။ သူမက လှပသည်။ သို့သော် သူမက ခေါင်းကို ငုံ့ထားကာ စကားပြောချင်ပုံ မရချေ။

ထန်ဂျီက တစ်ချက် ကြည့်ကာ ရေနွေးကြမ်း တစ်ငုံ ငုံလိုက်သည်။

"သခင်မလေး ရှုက တိမ်စီးကျောင်းမှာ လင်းလန်နဲ့ အတော်ရင်းနှီးတယ်ဆို ဟုတ်လား"

ရှုမုကျွန်က ခေါင်းညိတ်သည်။

"သခင်လေးထန်ပြောတာ မှန်ပါတယ်။ ကျွန်မက အိမ်နဲ့ ဝေးပြီး နေရတော့ ကျောင်းမှာ အဖော်ရှာမိတာပါ။ လင်းလန်နဲ့က နီးစပ်သွားပြီး အချင်းချင်း စိတ်ဝင်စားမိတာပါ။ သူက ဒီလိုမျိုး ရည်မှန်းချက်ကြီးပြီးတော့ နတ်ခေါင်းနန်းတော်ရဲ့ သူလျှို ဖြစ်နေမယ် ထင်မထားခဲ့မိဘူး"

ကောင်မလေးက ရှိုက်တော့သည်။

"အတိအကျ ဆိုရရင် သူ့အဖေကမှ သူလျှိုပါ။ သူဟုတ်မဟုတ် ဆိုတာတော့ ဖမ်းပြီးမှ သိရမှာပေါ့" ထန်ဂျီက ပြင်ပေးလိုက်သည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Donde viven las historias. Descúbrelo ahora