အခန်း (၁၄) လရောင်လှုံဂိုဏ်း

243 33 0
                                    


ပြင်းထန်စွာ တိုက်ခတ်နေသော လေများက နောက်ဆုံးတွင် ငြိမ်သက်သွားသည်။

ရှုမုယန်၏ ခန္တာကိုယ်မှ ချီစွမ်းအင်များ လုံးဝပျောက်ကွယ်သွားပြီးနောက် မြေပေါ်သို့ ပြုတ်ကျသွားသည်။

အလင်းရောင်များ ပျောက်ကွယ်သွားပြီးနောက် စွမ်းအင် မိုးများက စတင်၍ ရွာသွန်းလေသည်။ ထိုမိုးစက်များကား ရှုမုယန် တစ်ဘဝလုံး စုဆောင်းထားသည့် ချီစွမ်းအင်များ ဖြစ်ပြီး သဘာဝဆီ ပြန်လာခြင်း ဖြစ်လေသည်။

မသေမျိုး တစ်ဦး သေဆုံးပါက စိတ်ဝိဉာဉ် တစ်ရာ မွေးဖွားသည်။ (ဒီနေရာမှာ စွမ်အင်းသက်ရှိတွေ ဖြစ်တာကို ဆိုလိုတာဗျ။ ဥပမာ အပင်တွေကနေ နတ်ဖြစ်လာတာ။ သားရဲတွေ ဘာညာပေါ့)

မသေမျိုးတစ်ဦး မွေးဖွားလာပါက စိတ်ဝိဉာဉ် တစ်ရာ သေဆုံးလေသည်။ ထိုကား လောက၏ သဘာဝလည်ပတ်ပုံပင်။

သဘာဝ လောကနှင့် ကျင့်ကြံခြင်း လောကက နေ့နှင့် ညလိုပင်။ ဖန်တီးခြင်းနှင့် ပျက်စီးခြင်း (ဖြစ်-ပျက်) သဘာဝကား စဉ်ဆက်မပြတ် ရှိနေသည်။

ကျင့်ကြံသူ တစ်ဦးသေဆုံးပါက သူသေဆုံးသည့် နေရာတွင် ချီစွမ်းအင် သန့်စင်၍ သိပ်သည်းသော နေရာတစ်ခု မွေးဖွားလာသည်မှာ ဓမ္မတာပင်။ ထို့အတူပင် တန်ခိုးကြီး ကျင့်ကြံသူ တစ်ယောက် ထွက်ပေါ်လာပါက များပြားသော စွမ်းအင်များ ကုန်ဆုံးပြီး တောင်များနှင့် မြစ်များပင် ပျောက်ကွယ် ခမ်းခြောက်တတ်လေသည်။

ရှုရိုကုအတွက်မူ စွမ်းအင်ဆိုသည်ကား ပြန်၍ ရနိုင်ပြီး အသက်ကား ဘယ်တော့မှ ပြန်မရှင်ပေ။ ချီမိုးများကား သူ့အပေါ်ကျရောက်၍ မျက်ရည်များနှင့် ရောသွားလေသည်။

"ညီလေး...." ရှုရိုကုက တိုးတိတ်စွာ ရေရွတ်လိုက်သည်။

"ခွေးမသား" ရှီဝူနီယန်က ကျယ်လောင်စွာ ဆဲရေးလိုက်သည်။

ရှုမုယန် သူ၏ ဒေဝနှလုံးကို ဖောက်ခွဲခဲ့သည်။ သူ၏ မိုးမြေနံရံကြောင့် ထိခိုက်ဒဏ်ရာ ဘာမှ မရသော်လည်း ဂုဏ်သိက္ခာအရတော့ အတော် ကျဆင်းသွားလေသည်။ ထိုကား မျက်နှာကို ဖြတ်ရိုက်ခံရ သကဲ့သို့ပင်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now