အခန်း (၁၃၈) ပူးပေါင်းခြင်း (၁)

114 19 0
                                    


ထိုကောင်မလေးမှာ ရုတ်တရက် ပေါ်လာပြီး တစ္ဆေကို အံ့ဩစွာ ကြည့်နေသည်။ တစ္ဆေမှာ ယခင် ထိခိုက်ထားမှုများအရ မူးဝေနေပုံ ရသည်။ သူမ ပေါ်လာသည်နှင့် တစ္ဆေက သူ၏ လက်သည်းများဖြင့် သူမကို လှမ်းကုတ်ကာ ဓါးဆာခံ လုပ်ရန် ကြံလိုက်သည်။ သို့သော် ကောင်မလေးက ခပ်သဲ့သဲ့ ရယ်လိုက်သည်။ သူမက သူမ၏ ခါးမှ ဆည်းလည်း တွဲကို ဖြုတ်လိုက်ပြီး တစ္ဆေဆီ ဝှေ့ယမ်းလိုက်သည်။

သာယာသော တုန်ခါသံများနှင့်အတူ တစ္ဆေက လေထဲတွင် ရပ်သွားသည်။ ကောင်မလေးက သွယ်လျသော လက်ချောင်းဖြင့် တစ္ဆေ၏ နဖူးကို တို့လိုက်သည်။ တစ္ဆေက အမဲရောင် အငွေ့အဖြစ် ပြောင်းသွားပြီး ဆည်းလည်း တစ်လုံးထဲ ဝင်သွားလေသည်။ သူမက ဆည်းလည်းများကို လေထဲတွင် တစ်ချက် ဝှေ့ပြီးနောက်တွင် ခါးတွင် ပြန်၍ ပတ်ထားလိုက်လေသည်။

သူက တစ္ဆေကို ထိုသို့ပုံနှင့် ဖမ်းလိုက်သည်။ ထန်ဂျီနှင့် ဆရာတော်ဖုယုက ရပ်လိုက်ကြသည်။ သူတို့က ဘာပြောရမည်ပင် မသိချေ။ နောက်ဆုံးတွင် ဖုယုက ရှေ့တိုးလာပြီးနောက် ဦးညွှတ်ကာ ပြောလိုက်သည်။

"ဖုယုက ဒကာမလေးကို ဂါရဝပြုပါတယ်။ ဒီတစ္ဆေက အတော်လေး ကြမ်းကြုတ်တယ်။ ဒကာမလေးက လွတ်မသွားအောင် တားနိုင်တာ ကံကောင်းပါတယ်"

"ဒါက ကူညီတယ် မမြည်ပါဘူး။ ကျွန်မက တစ္ဆေကို တွေ့လို့ ဖမ်းလိုက်တာပဲလေ" ကောင်မလေးက ထူးမခြားနား ပြောလိုက်သည်။

သူမ၏ အသံက သာယာလှလေသည်။

"ဒီလိုဆိုမှတော့ ဒကာမလေးက ဘာလို့ တစ္ဆေကို မသတ်လိုက်တာလဲ" ဆရာတော် ဖုယုက မေးသည်။

"ဒါက ကျွန်မကိစ္စပါ။ ဆရာတော်နဲ့ ဘာဆိုင်တုန်း" ကောင်မလေးက ကျွပ်ဆတ်ဆတ် ပြောသည်။

သူမ၏ လေသံအရ တစ္ဆေမှာ သူမပိုင်ဟု သတ်မှတ်လိုက်ပုံရလေသည်။

ဆရာတော် ဖုယုက ဘာပြောရမည် မသိချေ။

ထန်ဂျီက ရယ်၍ ဝင်ပြောသည်။

"ဒါက ဒီလိုပါ။ ဒီတစ္ဆေက အတွင်းရေးမှူးလီရဲ့ မိသားစုက တစ်ယောက်ကို ပူးပြီးတော့ သတ်ပြီးသွားပြီ။ နင်က တစ္ဆေကို မိထားမှတော့ ငါတို့နဲ့ လိုက်ပြီး လီမိသားစုကို ရှင်းပြတာ ပိုကောင်းတာပေါ့။ အဲ့ဒါမှ သူတို့က စိတ်အေးနိုင်မှာ"

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Donde viven las historias. Descúbrelo ahora