အခန်း (၈၃) အစီအစဉ်

194 36 1
                                    

ထန်ဂျီက တိုက်ပွဲကွင်းတွင် ရောက်နေသော်လည်း ဝင်မပါချေ။ သူက အခြားသူများ၏ လေ့ကျင့်မှုကို တစ်နေကုန် ကြည့်နေသည်။ သူက လွန်ခဲ့သော လဝက်အတွင်းက အောင်မြင်မှု ရခဲ့သော ကျောင်းသားများကိုပင် မေးနေသည်။ သူက ထိပ်တန်းငါးယောက် အပြင် ထိပ်တန်း အယောက် တစ်ရာ စာရင်းကိုပါမေးသည်။

သတင်းအချက်အလက် စုရသည်မှာ မလွယ်လှချေ။ သူက သူ၏ ကိုးလွှာကို ဝင်ခွင့်ရသူဟူသော နာမည်ကို သုံး၍ လိုက်မေးရသည်။

ဝေထျန်းချာင်က ထန်ဂျီဘာလုပ်နေသည်ကို နားမလည်ချေ။

"သခင်လေး သတင်းအချက်အလက်ရဲ့ တန်ဖိုးကို လျှော့မတွက်နဲ့။ ဒီထဲမှာ သိစရာတွေ အများကြီး ပါတယ်။ လုံလောက်တဲ့ အချက်အလက် ရမှာသာ အစီအစဉ် တစ်ခုဆွဲနိုင်ပြီးတော့ အဆင့်ကောင်းကောင်း ရမှာ။ အဆင့်ငါး အတွင်းတောင် ဝင်နိုင်တယ်။

"မင်းက အစီအစဉ် လိုသေးတာလား"

ဝေထျန်းချောင်က ဆွံ့အနေသည်။ 'မင်းက ကိုးလွှာက အမွှေအနှစ် ပညာကိုတောင် ရထားတာကို ဒီလောက် ဂရုစိုက်နေရသေးလား' ဟု စိတ်ထဲမှ ပြောနေသည်။

ထန်ဂျီက ကိုးလွှာကို ဝင်ခွင့်ရခဲ့ကတည်းက သူသည် သန်မာသော ကျောင်းသား စာရင်းတွင် ပါသွားပြီ ဖြစ်သည်။ သူက တံခါးပိတ် ကျင့်ကြံနေ၍သာ သူ၏ အစွမ်းကို မပြရသေးချင်းသာ။ သူက ပထမမရလျှင်တောင် ကိုးလွှာမှ ပညာရပ်များနှင့်ဆိုလျှင် အနိမ့်ဆုံးတော့ ထိပ်တန်းငါးယောက် ရနိုင်သည်ဟု ကျောင်းသားများက မှန်းကြသည်။

"ဒီဟာက ကျွန်တော့်အတွက် မဟုတ်ဘူး။ သခင်လေးအတွက်။ အစီအစဉ်က ကောင်းရင် သခင်လေးက အဆင့်ကောင်းကောင်း ဝင်မယ်လေ။ "

"ငါက အဆင့်ကောင်းဝင်အောင်လား" ဝေထျန်းချောင်က ဒူးပင် တုန်ချင်သွားသည်။

သူက သူ့စွမ်းအားကို သူသိလေသည်။ သူက စက္ကောမရုပ်မှလွဲ၍ ဘာမျှ မရှိချေ။ အရုပ်ရှိသည်မှာလည်း သူတစ်ယောက်တည်း မဟုတ်ချေ။ ယခုကာလအတွင်း လူများက ဝေထျန်းချောင် အရုပ်နှင့် တိုက်သည်ကို ကြည့်၍ အစီအစဉ်များ ဆွဲထားကြလေသည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now