အခန်း (၁၃၃) တိုက်ခိုက်ကြခြင်း

133 25 0
                                    


စိမ့်တောအတွင်း တစ်နေရာတွင်....

ထန်ဂျီက တင်ပလ္လင်ခွေထိုင်၍ နေလေသည်။ သူ၏ လက်များကို မိုးပေါ်သို့ လက်ဝါးဖြန့်၍ မြှောက်ထားပြီး လက်ခလယ်ကို ကွေးထားသည်။ ထိုသည်ကား "ပဉ္စဟဒဟ ကောင်းကင်" သမာဓိတည်သည့် မုဒြာဖြစ်လေသည်။ သူ၏ ခေါင်းပေါ်တွင် အဖြူရောင် အငွေ့များက ထွက်နေသည်။

မကြာခဏ သူက လက်ဟန်များ ပြောင်းလဲ နေသည်။ လက်ဟန် တစ်ခုတိုင်းက အငွေ့များကို ပို၍ ဆိုင်းလာစေသည်။ သေချာ ကြည့်လျှင် အငွေ့ဖြူများကြား ရွှေရောင် အတန်းတစ်ခုကိုလည်း တွေ့လိုက်သည်။ ထိုသည်က စူဠပင်လယ် သတ္တု ကျင့်စဉ်၏ သင်္ကေတပင်။

ချီက ထုထည်ပုံစံ မရှိချေ။ ကျင့်ကြံသူ၏ ကျင့်စဉ်အတိုင်း ပြောင်းလဲ ဖွဲ့တည်ခြင်း ဖြစ်သ်ည။ ရွှေရောင် အမျှဉ်သာ ရှိသေးသဖြင့် ကျင့်ကြံသူက အလုံးစုံ သိမြင် အဆင့် မရောက်သေးသည်မှာ သေချာသည်။ အကယ်၍ ထိုအဖြူငွေ့များ အားလုံးက ရွှေရောင် ဖြစ်သွားလျှင် ကျင့်စဉ်တွင် အလုံးစုံ ပေါက်မြောက်ပြီဟု ဆိုနိုင်လေသည်။

ထိုအငွေ့များကြားမှ ရွှေရောင်တန်းလေးက ယိမ်းနွှဲ့နေသည်။ ထန်ဂျီက လက်ဟန်များ တောက်လျှောက်လုပ်နေသည်။ အငွေ့များက ဆိုင်းသွားလိုက် ကြဲသွားလိုက်ပင်။ တဖြည်းဖြည်းဖြင့် ရွှေရောင်မျှင်က လှံတစ်ချောင်းလို ထောင်မတ်သွားပြီး ထန်ဂျီ၏ ကိုယ်ထဲသို့ တဖြည်းဖြည်း တိုးဝင်သွားလေသည်။

ထိုသို့ဖြင့် အကြိမ်ကြိမ် အခါခါ လည်ပတ်နေသည်။ ယိယိက ဘေးတွင် ထိုင်၍ ပတ်ဝန်းကျင်ကို ကျီးကြည့် ကြောင်ကြည့် ကြည့်ကာနေသည်။ သူတို့က ယနေ့ စိမ့်တောထဲတွင် ရက်သုံးဆယ် ပြည့်ချေပြီ။

ပြီးခဲ့သော ရက်နှစ်လောက်က ကျိန်စာက ပြယ်သွားခဲ့ပြီး ထန်ဂျီက ပြန်၍ ကျင့်ကြံနိုင်ခဲ့သည်။ ထိုနေ့မှ စ၍ ထန်ဂျီက သူ့နောက် လိုက်သူများကို ရှောင်၍ ကျင့်ကြံနေခြင်းပင်။ လရောင်လှုံကျောင်းတော်က သူ့သွေးဆက် မှတ်တမ်းတင်ထားသည့် ချေးငွေမှတ်တမ်း ရှိသော်ငြား ထုဟာက တစ်ခုတည်းပင်။ ထန်ဂျီက တောက်လျှောက် နေရာပြောင်းနေသ၍ သူတို့က လိုက်ရမလွယ်ချေ။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now