အခန်း (၁၂၅) အမှန်ထက်ပင် စစ်မှန်သော အလိမ်

135 24 0
                                    


ကျိုးရှန်းကော်၏ လက်ညှိုးရှေ့တွင် ကုချန်ချင်းက ဖြူရော်၍ စုတ်ပြတ်နေသာ မျက်နှာများကို မြင်လိုက်ရလေသည်။ သိမ်းငှက် ခန်းမ တပည့်များမှာ လရောင်လှုံဂိုဏ်း၏ အမဲလိုက်မှုနောက်မှာ တောက်လျှောက် ပြေးနေခဲ့ရသည်။ သူတို့က အတော်လေး ပင်ပန်းနေပြီ ဖြစ်သော်လည်း အားတင်း ထားကြသည်။

သို့သော် သူတို့က မည်မျှ ခံနိုင်မည်နည်း။ ကျင့်ကြံသူများသည်လည်း လူဖြစ်ကာ အတိုင်းအတာ ရှိလေသည်။

သူတို့အနေဖြင့် ဤရက်များအတွင်း အတော်လေး မဖြစ်နိုင်သည်များကို ဖန်တီးခဲ့သော်ငြား သူတို့က အတော်လေးလည်း ရင်းနှီးခဲ့ရသည်သာ။ သူတို့အဖွဲ့အတွင်းမှ ဆယ်ယောက်ကျော်လောက် သေဆုံးသည့်အပြင် သူတော်စင် ပြည်တွင် ထည့်ထားခဲ့သည့် သူလျှိုများကပါ လှုပ်ရှားခဲ့ရသဖြင့် ဖမ်းမိသူ အချို့က မိသွားခဲ့ကြလေသည်။

နတ်ခေါင်းနန်းတော်က သူတော်စင် ပြည်တွင် သူလျှိုသုံးရာကျော် ထည့်ထားခဲ့သည်။ ခုနှစ်ရက်အတွက် သုံးဆယ်ကျော်က သေခဲ့ပြီး လေးဆယ်ကျော် အဖမ်းခံရကာ ကျန်သူများမှာလည်း ပေါ်သွားဖို့ လမ်းစများလေသည်။

လက်ရှိတွင် ထန်ဂျီမပါပဲ ကုချန်ချင်းတွင် လူခြောက်ယောက်သာ ကျန်တော့သည်။ ကျန်သူများမှာ ခရီးတစ်လျှောက်တွင် သေဆုံးခဲ့ကြလေသည်။

ကျိုးရှန်းကော်က အတော်လေး အောင့်အီးခဲ့သော်ငြား သူ့အနေဖြင့် ထပ်၍ သည်းမခံနိုင်တော့ချေ။ သူက အခြားသူများနှင့် မတူချေ။ သူ့အဖေမှာ ဒေဝဟဒယအဆင့် သစ္စာမြင် ပုဂ္ဂိုလ် ဖြစ်ပြီး သူက ဤနေရာသို့ လာခဲ့ခြင်းမှာ ဂိုဏ်းအတွက် အကျိုးပြုရန်နှင့် သင်ယူရန် ဖြစ်ကာ ယခုလို ခံစားရဖို့ မဟုတ်ချေ။

သူတို့က ထန်ဂျီကို ဖမ်းမိချိန်တွင် သူက ဆုများကိုတွေး၍ ဝမ်းသာမိခဲ့သည်။ ထိုအချိန်တွင် သူက ကုချန်ချင်း၏ အမိန့်များကို နာခံခဲ့သည်။ သူ့အနေဖြင့် ဝါးတောအုပ်တွင် တိုက်ခိုက်ခံရစဉ်နှင့် ထိုစဉ်က ဆုံးရှုံးမှုအတွက် ဘာမျှ မဖြစ်ချေ။ သူက အန္ဒုတောင်ကုန်းသို့ ပြန်ရောက်လျှင် နာမည်ကြီးမည်ကိုသာ တွေးနေသည်။ သူ့အဖေ၏ အဆင့်အတန်းအရ သူက အကျိုးအမြတ် အချို့ပင် ရအုံးမည် ဖြစ်လေသည်။ သို့သော် ထန်ဂျီကို မိသော်ငြား သူတို့က ကြေးမှုံကို မရချေ။ သူတို့က ဆယ်ရက်လောက် ပြေးလွှားနေရပြီး သူကဲ့သို့ သခင်လေးမှာ မခံနိုင်တော့ချေ။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Opowieści tętniące życiem. Odkryj je teraz