အခန်း (၁၁) လွတ်လပ်၍ အနှောင်အဖွဲ့ကင်းသော ဘဝ

257 35 4
                                    

ထန်ဂျီ စိတ်ဝင်စားသည် ဖြစ်စေ မဝင်စားသည်ဖြစ်စေ သူက အစီအရင်ပညာကို သင်ရတော့မည်ပင်။

ထို့ကြောင့် နောက်ရက်များတွင် ထန်ဂျီက ဝိစာရကျင့်စဉ်ကို ကျင့်ကြံရခြင်းအပြင် အစီအရင် ပညာကိုလည်း သင်ယူနေရလေသည်။

"အစီအရင်တာအိုဆိုတာ မိုးကောင်းကင်ရဲ့ အလိုနဲ့ လိုက်ပြီး ဖန်တီး အသုံးပြုတဲ့ ပညာပဲ။ ဒါကြောင့်မလို့ အစီအရင်ပညာရှင်တွေဟာ ကောင်းကင်ရဲ့ ဆန္ဒကို နားလည်ဖို့ လိုတယ်...."

ယနေ့တွင် ရှုမုယန်က သဘာဝ၏ ဖြစ်ပျက်ပြောင်းလဲပုံများ အကြောင်းကို သင်ပေးနေသည်။

ရှုမုယန်ပြောသည်က အရာရာတိုင်းတွင် ကောင်းကင်၏ဆန္ဒက တည်ရှိနေပြီး မြက်ပင်များတွင်ပင် ရှိနေတတ်သည်ဟု ဆိုသည်။ ထို့ကြောင့် ရှုမုယန်က သူ၏ အစီအရင် တာအိုမှာ သဘာဝ၏ ဖြစ်ပျက် ပြောင်းလဲတိုးတက်မှုများတွင် အခြေခံ၍ တည်ဆောက်ထားသည် ဆို၏။ ဆိုလိုသည်က တူညီသော အစီအရင်ပင်လျှင် မတူညီသော နေရာတွင် ခင်းကျင်းလျှင် မတူညီသော ရလာဒ် ထွက်ပေသည်။

"တောင်တွေကို တောင်လို့ မမြင်နဲ့ ရေကိုလည်း ရေပဲ မမြင်နဲ့။ လောကကြီးထဲက အရာရာတိုင်းကို အသုံးချတတ်လို့ရှိရင် အစီအရင်မျက်လုံးဆိုလည်းဟုတ် အင်းစမမျဉ်းဆိုလဲဟုတ် တံခါးတွေဆိုလည်း ဟုတ်တယ်။ တစ်ချို့လူတွေက ချီပစ္စည်းတွေကို အစီအရင် အခြေခံအဖြစ် သုံးတတ်ကြတယ် ဒါက ဖြုန်းတီးတာပဲ ပြီးတော့ အစီအရင်ရဲ့ မူရင်း အနှစ်သာရကိုလည်း သွေဖယ်သွားစေတယ်" ရှုမုယန်က ဆက်လက် ပို့ချနေသည်။

"အစ်ကိုကြီးရှု ပြောတာက သူများတွေက ချီပစ္စည်းတွေကို အစီအရင်အတွက် သုံးတာဟာ အိမ်ဆောက်တဲ့ အခါ ကျောက်တုံးကို အုတ်မြစ် သစ်သားကို ယက်မ သုံးသလို ဖြစ်ပြီးတော့ အစ်ကိုကြီးကကျတော့ သစ်ပင်မှာ အိမ်ဆောက်သလိုမျိုး။ အက်လိုလား"

ထန်ဂျီက မေးလိုက်သည်။

"မင်းက အဲ့လိုပြောတော့ ငါက ဆောက်လုပ်ရေးမကောင်းတဲ့ လူလို ဖြစ်သွားရော" ရှုမုယန်က ပြန်ပြောသည်။

"သစ်ပင်ကို အိမ်လုပ်တာက ပစ္စည်းတွေနဲ့ အိမ်ဆောက်တာကို ဘယ်မှီမလဲ။ ဒါပေမယ့် တို့က ကမ္ဘာကြီးကို အိမ်လုပ်လိုက်ရင်ကော။ တောင်တွေက တိုင်တွေနဲ့ မြစ်တွေက ယက်မတွေပေါ့။"

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now