အခန်း (၁၆၅) ဘက်ရွေးခြင်း

101 14 0
                                    


ရှီမန်က ဖြစ်ပျက်ခဲ့သမျှကို ပြန်၍ စဉ်းစားနေသည်။

"သူမက ကြွားကြွားရွားရွား မနေဝံ့ဘူး။ သူ့ကို ငါက လင်းလန်အကြောင်းမေးတော့ သူက အသေးစိတ်ကို မရပ်မနား ပြောတယ်။ ဒါပေမယ့် ပုံမှန်လူက အတိတ်အကြောင်း ပြန်ပြောရင် စဉ်းစားပြီးမှ ပြောရတယ်။ သူက ဒီကြောင်းကို ချောချောမွှေ့မွှေ့ မရပ်မနား ပြောနိုင်တာက အကုန်လုံးကို အလွတ်ကျက်ထားတာမျိုးပဲ။ ဒါပေမယ့် သူမကို ငါက တစ်ချို့ မထင်တာတွေ ဖောက်မေးရင် သူမရဲ့ ပုံစံအမှတ်က ပေါ်လာရော" ထန်ဂျီက ပြောလိုက်သည်။

"မင်းပြောတာက..." ရှီမန်က အနည်းငယ် သဘောပေါက်လာသည်။

"ဟုတ်တယ် ညစာ စားနေတုန်း ငါက သူ့ကိုစမ်းလိုက်တာ။ ယွဲယန် အနီသီးက အရက်နဲ့ မလိုက်ဘူး။ အဲ့ဒါက အသားအရည် လှစေတာ။ လင်ချွန်း ကြာဖြူက အလှအပအတွက် ကောင်းတယ်။ စန်ကျင်းပျားကြာခွက်က မိန်းကလေးတွေ ကြိုက်တဲ့ အချိုစာပဲ။ သခင်ကြီးရှု မသိတာက မထူးဆန်းပေမယ့် အိမ်တော် သခင်မလေးက မသိတာ မထူးဆန်းဘူးလား။ ဒါက အဓိပ္ပါယ် မရှိဘူး။ ကျောက်စိမ်းထင်းရှုးကတော့ ပြောတောင် မပြောနဲ့ အဲ့ဒါ သမုဒ္ဒရာနန်းဆောင်ရဲ့ နာမည်ကြီး ထုတ်ကုန်ပဲ အမျိုးသမီး ကျင့်ကြံသူတွေ ကြိုက်ကြတယ်။ ပြီးတော့် အဲ့ဒါက အရွက်ခြောက် အနေနဲ့ လာတာမဟုတ်ဘူး အတုံးအနေနဲ့ လာတာ။ (brick weed လို pressed တုံးတွေ ဖြစ်မယ်)။ အဲ့ဒီတော့ ခရီးသွားရင်း လမ်းမှာ သောက်ဖို့ ကောင်းတယ်။ စားပွဲသောက်ပွဲမှာ မကောင်းဘူး။ ဒါပေမယ့် သူကောင်းမျိုး အိမ်တော်ရဲ့ သခင်မလေးက အဲ့ဒါကို မသိဘူးလေ" ထန်ဂျီက ဆက်ပြောသည်။

သူက ထိုအကြောင်းများကို ရှုမြောင်ရန်ဆီမှ သိခဲ့ခြင်းပင်။ ရှုမြောင်ရန်မှာ သူတော်စင် တိုင်းပြည်အတွင်း လည်ပတ်စားသောက်ခဲ့သည် မဟုတ်ပါလား။ ကျောက်စိမ်းထင်းရှုး လဖက်ခြောက်မှာ သူနှင့် ရှုမြောင်ရန် အတူသောက်ခဲ့သည့် လဖက်ခြောက်ပင်။ ရှုမုကျွန် အနေဖြင့် တစ်ခုနှစ်ခု မသိခြင်းမှာ ဖြစ်နိုင်သော်ငြား အကုန်မသိခြင်းမှာမူ သံသယ ဝင်စရာပင်။

"သူက မကြိုက်တာ ဆိုရင်ရော" ဝေထျန်းချောင်က ဝင်ပြောသည်။

"မှန်တယ်။ အဲ့ဒါကြောင့် ကျွန်တော်က ချည်ထိုးအကြောင်း မေးလိုက်တာလေ။ ဖုန်းလင်ပန်းခြံလား မေကျိအန်း အလုပ်ရုံလားလို့... သူမက ဖုန်းလင်ပန်ခြံလို့ ပြောတယ်လေ.. ဟဲဟဲ"

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now