အခန်း (၄၆) ကျောင်းစည်းကမ်းများ

194 32 0
                                    

အဌဂံပုံနန်းဆောင်ထဲတွင် ထန်ဂျီက သူ၏ ပါးစပ်မှ သွေးများကို သုတ်လိုက်ရင်း ပြောသည်။

"အဆင်ပြပါတယ်။ ကျွန်တော်က မဆင်မခြင်နဲ့ ကျောက်စာတိုင်ထဲက လက်ကျန် တာအိုဆန္ဒနဲ့ ရှေးခေတ် တိုက်ပွဲကို အာရုံခံကြည့်လိုက်မိလို့ ဒဏ်ရာရသွားတာ။ နှစ်တစ်ထောင် ကြာပြီးတာတောင် ကျောက်စာတိုင်က တာအိုဆန္ဒက အတော်လေး ပြင်းထန်သေးတာပဲ"

ဝေထျန်းချောင်က သူ့ကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။

"မင်းစောနက ပြောလိုက်တာ ဘာတဲ့ ကောင်းကင်တာအို ဥပဒေသ ဟုတ်လား။ မင်းက တာအိုကို သိမြင်သွားတာတော့ မဟုတ်ဘူးမလား"

ထန်ဂျီက ထရယ်လိုက်သည်။ "တာအိုကို သိမြင်တာလား။ တာအိုကို သိမြင်ဖို့ဆိုရင် တခြားအရာတွေကို နားလည်ရအုံးမှာ။ သလင်လေး ကျွန်တော်က တစ်ခုခုကို နားလည်သွားတယ် ထင်လို့လား"

ဝေထျန်းချာင်က ခေါင်းကို ကုတ်လိုက်သည်။ "ဟုတ်တယ်။ မင်းက ဘာမှ ပြောင်းလဲသွားပုံလဲ မရဘူး။ ပြီးတော့ ကျင့်ကြံခြင်းမှာ မန္တာန်တွေ၊ ကျင့်စဉ်တွေ၊ နတ်စွမ်းအင်တွေနဲ့ တာအိုတွေ ရှိတာ။ တာအိုက အမြင့်ဆုံးဆိုမှတော့ မင်းက တစ်ဆင့်ခြင်းတက်ရမှာပေါ့။ မသေမျိုးကျင့်စဉ်တွေတောင် မသင်ရသေးပဲ ဘယ်လိုလုပ် တာအုကို သိမြင်မလဲ"

သူပြောသည်က မမှားချေ တာအိုကို သိမြင်ခြင်းဆိုသည်မှာ ရုတ်တရက် မဖြစ်လာနိုင်ချေ။ လုံလောက်သော တန်ခိုးမရှိပဲ တာအိုကို သိမြင်ရန် ကြိုးစားခြင်းမှာ မူကြိုကလေးက နိုင်ငံတကာသတင်းကို ကြည့်သည်နှင့် တူနေလေသည်။ သူတို့အနေဖြင့် စကားလုံးများကို နားလည်သော်လည်း အဓိပ္ပါယ်ကို နားမလည်နိုင်ချေ။

သို့သော် ဝေထျန်းချောင် မသိလိုက်သည်က ထန်ဂျီ၏ လက်ရှိ အဖြစ်အပျက်မှာ တာအိုကို သိမြင်ခြင်း မဟုတ်ပဲ တာအိုကို မြင်လိုက်ရခြင်း ဖြစ်လေသည်။

ကောင်းကင်တာအိုဆိုသည်မှာ အမြဲတမ်းပြောင်းလဲနေပြီး သာမာန်လူများက မသိနိုင်ချေ။ အတော်လေး ဘုန်းကံကောင်း၍ တိုက်ဆိုင်သော အခါမျိုးမှသာ ကောင်းကင်တာအိုစက်ဝန်း လှည့်ပတ်မှုကို တစ်ချက်မျှ မြင်နိုင်ပေသည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now