အခန်း (၁၅၅) ရှန်ချွမ်းမြို့

98 14 0
                                    


ထန်ဂျီက မှင်ရနံ့ရုံးတွင်သာ စာဆက်ဖတ်နေကာ အချက်အလက်များစုခြင်းနှင့် ယခင်က မှတ်တမ်းများကို ပြန်ကြည့်ခြင်းများ လုပ်နေသည်။ သူက နေ့စဉ် စာသုတေသန လုပ်ကာ ညမှသာ ပြန်လာတတ်သည်။

အမွေခံတပည့် ဖြစ်လိုသော ကျောင်းသားများက စ၍ လှုပ်ရှားလာကြကာ ယန်စီရင်စုသို့ သွားကြချေပြီ။ လွတ်လပ်ခြင်း အသင်းမှ လူများလည့် အဖွဲ့များ ဖွဲ့က ထွက်ခွာကုန်ကြချေပြီ။

ထူးချွန်ကျောင်းသားများတွင် အမွေခံ တပည့်နေရာကို စိတ်မဝင်စားသူမှာ အန်ရူမန် တစ်ယောက်သာ ရှိသည်။ ဆန္ဒတစ်ထောင်ဂိုဏ်း၏ တပည့်အနေဖြင့် သူမက အမွေခံတပည့် မဖြစ်လာရန် စိတ်ပူစရာ မရှိချေ။ သူမကို ဒီလွှတ်လိုက်ကတည်းက သူမသည် အမွေခံတပည့် ဖြစ်လာမည် ကျိန်းသေ ဆိုသည့် သဘောပင်။

ထန်ဂျီ တစ်ယောက်သာ ဘာမျှ မလုပ်သေးပဲ ရှိနေသည်။

ဝေထျန်းချောင်ပင်လျှင် ထန်ဂျီ၏ ပယောဂကြောင့် အမွေခံတပည့် အိပ်မက် မက်နေကာ ထန်ဂျီ ဘာမျှ မလုပ်သေးသည်ကို ကြည့်ကာ မချင့်မရဲ ဖြစ်နေသည်။ ထို့ကြောင့် သူက မကြာခဏ မေးလေသည်။

"ဘာတွေလောနေတာတုန်း။ ဘာမှ မလုပ်ခင် အစီအစဉ်ချရမယ် ဆိုတာ လူတိုင်း သိပြီးသားလေ။ အစီအစဉ် လုပ်ရမယ့် အချိန်မှာ သခင်လေးက ငြိမ်ငြိမ်ကို မနေနိုင်တော့ဘူးလား"

ထန်ဂျီက ထိုသို့သာ မတုန်မလှုပ် ပြောလေသည်။

"ငါက လင်းလန်ကို ဖမ်းဖို့ နောက်ကျမှာ စိုးလို့ပါ" ဝေထျန်းချောင်က မျက်နှာငယ်နှင့် ပြောသည်။

"အဲ့ဒါက သခင်လေး ဖြစ်ချင်တဲ့ဟာပဲ မဟုတ်ဘူးလား" ထန်ဂျီက ရယ်ဟဟ ပြောသည်။

ဝေထျန်းချောင်က ဆွံ့အသွားသည်။

"ငါက မပါချင်တာကို မင်းပဲ အတင်းတွန်းတာလေ။ ခုကျတော့ မင်းက ဘာမှ မလုပ်ဘူး။ ဘာတွေ လုပ်နေတာလဲ"

ထန်ဂျီက ဝေထျန်းချောင် ပုခုံးကို ပုတ်သည်။

"အေးဆေးပါ။ ကျွန်တော်က သခင်လေးကို အမွေခံတပည့်နေရာ ရအောင် လုပ်ပေးမယ် ပြောမှတော့ ကျွန်တော်က သေချာ လုပ်မှာပါ။ လင်းလန်ကို ဖမ်းဖို့ ဒီလောက် မလွယ်ဘူး။ ဘယ်ဘုန်းကြီး ဘယ်လောက် မြန်မြန် ဆွမ်းစားတော့ အတူတူပဲ။ ကျွန်တော်တို့က အချိန်ရပါသေးတယ်။ အေးအေး ကျင့်ကြံနေ။ သခင်လေးက သခင်လေးရဲ့ မြူခိုး ခြေလှမ်းနဲ့ မကောင်းဆိုးရွား စစ်သည် ပညာကို တိုးတက်အောင် လေ့ကျင့်ထား"

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now