အခန်း (၁၈) အိမ်တော်ထိန်း ချင်

231 34 0
                                    


မိုးမလင်းခင်ပင် ထန်ဂျီက ထ၍ ခြံဝန်းကို လှဲကျင်းနေတတ်သည်။

ထန်ဂျီ၏ တံမြက်စည်း လှဲသံကား ခြံထဲတွင် ပျံလွှင့်နေသည်။ ချီစွမ်းအင်များကား သူ့ခန္တာကိုယ်တွင်း လှည့်ပတ်သွားပြီးနောက် ပျောက်ကွယ်သွားလေသည်။ သို့သော် ချီစွမ်းအင်ကို တစ်ပတ်ပြည့်အောင် လှည့်လိုက်တိုင်း အနည်းငယ်သော ချီစွမ်းအင်များက သူ၏ သွေးကြောမများထံ ဝင်၍ သွားပြီးနောက် သူ၏ ခွန်အားကို တိုးလာစေသည်။

ထိုအရာကား ထန်ဂျီသည် ရှုမုယန်က သူ့အား ပြေးစေစဉ်က ချုပ်ထားခဲ့သော ချီကြိုးများကို ဖြတ်တောကရန် လုပ်စဉ် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ထိုနောက် သူသည် ဝိစာရကျင့်စဉ်ကား သွေးကြောများကို ကျယ်စေရုံ ခိုင်မာစေရုံသာမက ခန္တာကိုယ်နှင့် သွေးများတွင် ချီစွမ်းအင်ကို စိမ့်ဝင်စေပြီး ခန္တာကိုယ် သန်မာစေရန် အထောက်အကူဖြစ်ကြောင်း တွေ့ရှိခဲ့လေသည်။

သွေး၊ အရိုးနှင့် ကလီစာများကို ချီနှင့် သန့်စင်၍ သန်မာအောင် လုပ်ခြင်းသည် ဒုက္ခလွန်မြောက် အဆင့်ရောက်မှသာ လုပ်နိုင်သော အရာဖြစ်သည်။ ထို့ကြောင့်ပင် ထိုအဆင့်ကို ဒုက္ခလွန်မြောက်ဟု ခေါ်ခြင်း ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် သာမာန်လူများ၏ ခန္တာဒုက္ခကို စွန့်ခွာနိုင်၍ ဖြစ်သည်။ (သဘောက လူသာမာန်တွေရဲ့ ခံစားရတဲ့ ခန္တာဒုက္ခ မရှိတော့ဘူးပေါ့။ ခန္တာက သန်မာလာတော့ ခန္တာကြောင့် ဖြစ်တဲ့ ရောဂါဘယတွေ မရှိတော့ဘူး) သို့သော် ဝိစာရ ကျင့်စဉ်က ချီအခြေတည် အဆင့် စဦးက လူကိုပင် ခန္တာကိုယ်အား သန့်စင်နိုင်အောင် အကူအညီပေးလေသည်။ ထိုသည်ကား အလွန် အံ့အားသင့်ဖွယ် ရလာဒ်ပင်။

ထိုအချိန်မှပင် ဝိစာရကျင့်စဉ်၏ တစ်ကယ့်ရည်ရွယ်ချက်ကို သူသဘောပေါက်ခဲ့လေတော့သည်။

ရှုမုယန်က ဝိစာရ ပညာသည် သိုင်းသခင်မှ ထွင်ခဲ့ပြီး လူတစ်ဦးကို နဂါးတံခါး ဖြတ်ကျော်ရန် ဆိုသည်မျှ မကလောက်ဟု ယူဆခဲ့လေသည်။ ထိုအယူအဆက မှန်ခဲ့သည်။ သို့သော် သူယူဆသည်ကား လူတစ်ဦးကို နဂါးတံခါး ကိုးခု ဖြတ်သန်းနိုင်ရန် ကူညီပေးသော ကျင့်စဉ်ဟု ယူဆခဲ့သည်။ အမှန်တွင် ကျင့်စဉ်က လူတစ်ဦး၏ ခန္တာကို သန့်စင်ခြင်း ဖြစ်လေသည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now