အခန်း (၃၄) ရုက္ခစိုး

200 37 1
                                    

နောက်တစ်နေ့တွင် ဝေတိက သခင်မဝေထံတွင် သွား၍ အလုပ်တောင်းလေသည်။

ကျန်းရှုဖန်က စတုတ္ထသခင်မလေးက အလုပ်တောင်းသဖြင့် အံ့အားသားသွားခဲ့သေးသည်။ သို့သော် သူမက ထိုအရာမှာ ကောင်းသည့်အရာဖြစ်၍ မငြင်းခဲ့ချေ။ စတုတ္ထသခင်မလေးအား သူမကြိုက်သည့် အလုပ်တစ်ခု ရွေးရန် ပြောခဲ့ပြီး ဝေတိက အိမ်တော်အတွင်း ရှုခင်းသာ အလှဆင်သည့် အလုပ်ကို ရေးလိုက်လေသည်။

ထို့နောက် ဝေတိက ထန်ဂျီကို တုံဆိုင်းဆိုင်းဖြင့်ပင် အကူအညီ တောင်းခဲ့လေသည်။ မည်သို့ပင်ဆိုစေ ထန်ဂျီက ဥယျာဉ်မှူးပင် မဟုတ်ပါလား။ သူမက လှည့်ကွက် သုံးခြင်းပင်။

သူမအံ့ဩရသည်မှာ ထန်ဂျီက အပစ်မတင်ပဲ ရီနေခြင်းပင်။ စီမံခန့်ခွဲမှုဆိုသည်မှာ လှည့်ကွက် သုံးရခြင်းပင် မဟုတ်ပါလား။ ကိုယ်တိုင် မလုပ်နိုင်လျှင် လုပ်နိုင်သည့်သူကို အကူအညီတောင်းရမည်ပင်။ ထိုသည်ကပင် ကျွမ်းကျင်မှု တစ်ခု ဖြစ်သည်။

ဝေတိက ထိုချီးကျူးမှုကြောင့် ရှက်တက်တက်ပင် ဖြစ်သွားသည်။ ထို့ကြောင့် သူမက ထန်ဂျီကို သူမ၏ လက်ထောက်အဖြစ်ထား၍ အိမ်တော် တစ်ခုလုံးကို မည်သို့ အလှဆင်ရမည် ဆိုသည့် အစီအစဉ်ကို ချလေသည်။ ချက်ချင်းဆိုသလိုပင် ထန်ဂျီက ဝေသခင်လေးအဆောင်၏ ဥယျာဉ်မှူး အဖြစ်မှ အိမ်တော် တစ်ခုလုံး၏ ဥယျာဉ်မှူးခေါင်းဆောင် ဖြစ်သွားလေသည်။

သူတို့က ဧည့်ကောင်းစောင်ကောင်း များစွာ လာမည် ဖြစ်၍ ကရော်ကမယ် မလုပ်ရဲပဲ နေ့စဉ်လိုလိုပင် အစီအစဉ်ချလိုက် အလှဆင်လိုက် လုပ်ကြသည်။ ထန်ဂျီက သူ့ယခင်ဘဝမှ ဗဟုသုတများပါ သုံးသဖြင့် သူ၏ ဒီဇိုင်းပုံဆန်များက ဆန်းသစ်လှပနေသည်။ ဝေတိက ရှုခင်းသာ ဆင်ယင်ခြင်းကို နားမလည်ချေ။ သို့သော် အိမ်တော် သခင်မလေး တစ်ယောက် ဖြစ်သဖြင့် သူမက အကဲတော့ ဖြတ်တတ်သည်။ သူမက မည်သူဘာကြိုက်တတ်သည်ကို သိသလို ဘာမလုပ်ရဘူးဆိုသည်ကိုလည်း သိလေသည်။

သူတို့၏ အားထုတ်မှုကြောင့် ဝေအိမ်တော်ဝင်း တစ်ခုလုံးက ပြောင်းလဲသွားသည်။ သစ်ပင်ပန်းမန် မျိုးစုံက ပုံစံမျိုးစုံဖြင့် လှပနေပြီး မွေးနေ့အတွက် စာလုံးပုံများ အရုပ်များနှင့် များစွာသော မြင်းကွင်းများကို ဖန်တီးပြီး ဖြစ်လေသည်။ အိမ်တော်ရှိ အခြားလူများက ထိုအလှဆင်မှုများကို မြင်ပြီးနောက် အိမ်တော် သက်တမ်းတစ်လျှောက် အလှပဆုံး ဆင်ယင်မှုဟု ပြောကြလေသည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)حيث تعيش القصص. اكتشف الآن