အခန်း (၅၆) ချက္ကရဖွင့်ခြင်း

199 29 0
                                    


ထန်ဂျီက တစ်ညလုံး ကျင့်စဉ်ကိုလေ့လာလိုက် လေ့ကျင့်လိုက်ဖြင့် ကုန်ဆုံးသွားသည်။

တစ်ချိန်တည်းတွင်ပင် သူက အတွင်းရှုရှိုက်စနစ်ဖြင့် ခန္တာကိုယ်တွင်းကို လေ့လာလေသည်။ ထို့နောက် သူက သက်ရောက်မှုများသည် သူ့ခန္တာကိုယ်၏ ခံနိုင်ရည်ကို မကျော်အောင် ထိန်းညှိလေသည်။

သူမှန်းထားသည့်အတိုင်းပင် သူ့ခန္တာကိုယ်၏ ခံနိုင်ရည်က ကောင်းမွန်ကြောင်း သူက တွေ့ခဲ့ရသည်။ ဝိစာရကျင့်စဉ်ကြောင့် တိုးတက်လာသော သူ၏ သွေးကြောများမှာ အတော်လေးကို ခံနိုင်ရည် ကောင်းလေသည်။

ဆရာကု အပြောအရဆိုလျှင် စွမ်းအင်များက ထိန်းချုပ်မှု လျော့ရဲလာလျှင် ကျင့်ကြံသူက ခဏနားသင့်သည်။ သို့သော် သူက စွမ်းအင်ကို လှည့်ပတ်သော်လည်း သုံးလေကြိမ် လှည့်ပြီးမှသာ သူ၏ စွမ်းအင်သွေးကြောများက တုန်ခါလာတတ်သည်။ဆရာကု ပြောသည့် သွေးများ ဆူပွက်လာ၍ စွမ်းအင်ကပြောင်း ကပြန် ဖြစ်လာခြင်း ဆိုသည်မှာမူ သူက အမှား ခြောက်ခါ ခုနှစ်ခါ ဆက်တိုက် ဖြစ်လျှင်တောင် ခန္တာကိုယ်က တုန်ခါလာသော်လည်း အသက်ရှုကို ထိန်းထားနိုင်လေသည်။

သူက အတွင်းရှုရှိုက်နည်းဖြင့် စစ်ဆေးကြည့်သော်လည်း ရှည်ကြာသည့် ဆိုးကျိုး မတွေ့ရချေ။

ထို့ပြင် သူက ခေတ္တနားလိုက်ယုံဖြင့် ဒဏ်ရာက ချက်ချင်း ပျောက်ကွယ်သွားက သူက ဆက်၍ ကျင့်ကြံနိုင်သည်။

ထို့ကြောင့် သူက အခြားသူများထက် နှစ်ဆကြာ ကျင့်ကြံနိုင်လေသည်။ နောက်ဆုံးတွင် သူက စွမ်းအင်ကို စူဠပင်လယ်အမှတ်ထိ ရောက်အောင် ပို့နိုင်ခဲ့ပြီးနောက် ပထမဆုံး အပတ်ဖြစ်သည့် စူဠယင် သွေးကြောပတ်ကို လှည့်ပတ်နိုင်ခဲ့သည်။ ထိုသည်က အရှုပ်ထွေးဆုံးနှင့် အရေးကြီးဆို လည်ပတ်မှုပင်။

သူ့အနေဖြင့် ပြီးပြည့်စုံသော လှည့်ပတ်မှု ဖြစ်ရန် ဝေးသေးသော်လည်း ထိုသည်က ကြီးမားသည့် တိုးတက်မှုပင်။

ထိုမှနေ၍ ထန်ဂျီသည် ကျင့်ကြံခြင်းသည် မည်မျှ ခက်ခဲကြောင်း သိနိုင်လေသည်။ စွမ်းအင် ဝဲကတော့ ဖန်တီးရန်ပင် အချိန် အတော်ယူရသည်။ ထိုဝဲကတော့ကို အသုံးပြု၍ စွမ်းအင်သိုလှောင်ရာ နယ်မြေ ဖန်တီးရန်မျာ ပို၍ပင် အားစိုက်ရမည့် ပုံပင်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Unde poveștirile trăiesc. Descoperă acum