အခန်း (၁၇၇) မက်မုံ နန်းဆောင်

124 16 0
                                    


(အမှန်တော့ ဒီအခန်း နာမည်အမှန်က တရုတ်ဆီးသီး နန်းဆောင် ဖြစ်မှာ တရုတ်ဆီးပန်း တရုတ်ဆီးနန်းဆောင်ဆို မလှလို့)

သုံးရက်ကြာပြီးနောက် ယန်စီရင်စု ပင်းယွမ်မြို့...

မြင်းတစ်ကောင်က မြို့ထဲသို့ ဝင်လာလေသည်။

မြင်းက လမ်းတစ်လျှောက် အရှေ့ဘက်သို့ ဦးတည်လာပြီးနောက် တည်းခိုဆောင် တစ်ခုရှေ့ အရောက်တွင်မှသာ စီးနင်းလာသူက ခေါင်းကို‌မော့လိုက်သည်။ ထန်ဂျီ၏ မျက်နှာက ခမောက်အောက်မှ ပေါ်လာလေသည်။

သူက တည်းခိုဆောင် ဆိုင်းဘုတ်ကို ကြည့်လိုက်သည်။

"မြစ်သုံးစင်း တည်းခိုဆောင်... ဒီနေရာပဲ"

သူက မြင်းပေါ်မှ ဆင်းကာ တည်းခိုဆောင်ထဲ ဝင်လာလေသည်။ သူက ဧည့်ခန်းတွင် ထိုင်နေသော ပျင်းရိနေသည့် မျက်နှာထားများနှင့် ဝေထျန်းချောင်နှင့် ရှီမန်ကို တွေ့လိုက်သည်။ သူဝင်လာသည်ကို တွေ့သည်နှင့် ထိုနှစ်ယောက်က ခုန်ထလေသည်။

"မင်းက ခုမှ ဘာလို့ ရောက်လာတာလဲ။ ငါတို့က နှစ်ရက်တောင် စောင့်နေရတာ" ဝေထျန်းချောက်က စိတ်ပူသော လေသံဖြင့် မေးလိုက်သည်။

"ပစ္စည်းတစ်ခု လှည့်ဝင်ယူနေတာ" ထန်ဂျီက ထိုင်ချ၍ ရေနွေးငှဲ့ရင်း ပြောသည်။

သူက ယခုတစ်ခေါက် ထွက်လာခြင်းမှာ ဝေထျန်းချောင်အတွက် တာဝန် ကူလုပ်ပေးရန် ဖြစ်သလို သူဖွက်ထားခဲ့သည့် သိုလှောင်အိတ်ကိုလည်း ယူရန် ဖြစ်လေသည်။ ထို့ကြောင့် ဖုန်းယင်မှ ထွက်လာသည်နှင့် တိမ်တိုက် စိမ့်တောကို သူက သွားနေသောကြောင့် ဝေထျန်းချောင်တို့က စောင့်နေခဲ့ရခြင်းပင်။

"ကိစ္စကရော ဘယ်လိုလဲ" ဝေထျန်းချောင်က စိတ်ပူစွာ မေးသည်။

"အားလုံး အဆင်ပြေတယ်။ ရှုရှီအန်းကိုယ်တိုင် ပစ္စည်းကို ပို့ပေးတာ။ ခုဆို လမ်းရောက်နေလောက်ရောပေါ့" ထန်ဂျီက ရေနွေးကြမ်းကို တစ်ငုံသောက်ရင်း ပြောလိုက်သည်။

လျူဟုန်ယန်နှင့် အခြားလူများအနေဖြင့် ထန်ဂျီသည် ကျောင်းသို့ ခေါင်းကို ကိုယ်တိုင်ပြန်သယ်မလာဟု မတွေးမိကြချေ။ ထိုအစားသူက အာမခံပို့ဆောင်ရေးနှင့် ပို့လိုက်လေသည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now