အခန်း (၇) နဂါးတံခါးကို ဖြတ်ကျော်ခြင်း

268 34 0
                                    


လူ၏ခန္တာကိုယ်တွင် လောက၏ စွမ်းအင်တွေနှင့် ဆက်သွယ်ရန် ပိတ်ဆို့ထားသော နဂါးတံခါး ရှိ၏။

လေထုထဲတွင် စွမ်းအင်များဖြင့် ပြည့်နက်နေသောလည်း သာမာန်လူများအနေဖြင့် မခံစားနိုင် မထိတွေ့နိုင် မစုပ်ယူနိုင် ကိုယ်ပိုင်စွမ်းအားအဖြစ် မပြောင်းလဲနိုင်ကြချေ။

အကယ်၍ လူတစ်ဦးက အမတလမ်းစဉ်ကို ခြေချလိုပါက နဂါးတံခါးကို ဖြတ်ကျော်ရန်လို၏။ သို့မှသာ စိတ်ဝိဉာဉ် အခြေခံအဆင့်ကို ခြေချနိုင်ပြီး စွမ်းအင်တွေကို ခံစားနိုင်မည် ဖြစ်သည်။ ထို့ကြောင့် ကျင့်ကြံသူများက ထိုအဆင့်ကို စိတ်ဝိဉာဉ် အခြေတည်အဆင့် (ချီအခြေတည်အဆင့်) ဟု ခေါ်ကြခြင်း ဖြစ်သည်။

ထိုအဆင့်က ကျင့်ကြံခြင်း၏ ပထမဆုံးနှင့် အရေးကြီးဆုံးသော ဖြတ်သန်းရမည့် အဆင့်ဖြစ်လေသည်။

ပုံမှန်အားဖြင့် နဂါးတံခါးကို ဖြတ်ကျော်ရန် စွမ်းအင် လိုလေသည်။ သာမာန်သူများတွင် ချီစွမ်းအင် မရှိကြချေ. ထို့ကြောင့် ကိုယ့်ဟာကိုယ် နဂါးတံခါးကို ဖြတ်ရန် မှာ မဖြစ်နိုင်သလောက်ပင်။ ပုံမှန်အားဖြင့် ကျင့်ကြံသူများ၏ အကူအညီလိုလေသည်။

သို့သော် နဂါးတံခါးကိုဖြတ်ရန်မှာ စွမ်းအားတစ်ခုတည်းနှင့် မလုံလောက်ချေ။ ဖြတ်ကျော်မည့် သူကိုယ်တိုင်၏ ရဲရင့်မှုလည်း လိုအပ်လေသည်။

လောကကြီးကား သူရဲကောင်းမရှာချေ။ တစ်ခါတစ်ရံတွင် ရဲရင့်သူများက ပြင်းထန်သော တိုက်ပွဲအလယ်တွင် ကြီးမားသည့် အင်အားများ ထွက်ပေါ်လာတတ်ပြီး ထိုအရာကား နဂါးတံခါး ပွင့်သွားခြင်းကြောင့် ဖြစ်လေသည်။

ထိုကိစ္စမျိုးကို နဂါးတံခါးကို ဖြတ်ကျော်ခြင်းဟု ခေါ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုသူက အခြားသူ၏ အကူအညီပါပဲ ဖြတ်ကျော်နိုင်ခြင်းကြောင့် ဖြစ်လေသည်။

သို့သော် နဂါးတံခါးကို ဖြတ်ကျော်ခြင်းဆိုသည်မှာ ကြား၍ ကောင်းသော်လည်း အရာအားလုံး ကောင်းသည်ဟုတော့ မဆိုလိုချေ။ ဆိုရိုးရှိသည်ကား 'တံခါးကိုးချပ် ကျောက်စိမ်းဂိတ်အလွန်' ဟု ရှိလေသည်။ ညွှန်းဆိုသည်မှာ နဂါးတံခါးကို ဖွင့်သည့် ကာလတွင် မည်သည့် ဂိတ် (မည်မျှ) ဖွင့်နိုင်သည်ကို ဆိုလိုရင်း ဖြစ်သည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now