အခန်း (၅၅) အမေးအဖြေ

191 32 0
                                    


နောက်တစ်နေ့ စာပေအတန်း ပြီးချိန်တွင် ထန်ဂျီက တက်နေတောင်ထွဋ်သို့ သွားလေသည်။ ဆရာကုက ထိုနေရာရှိ ကျောက်တုံးစင်ပေါ်တွင် ရှိနေသည်။ များစွာသော ကျောင်းသားများက သူ့ရှေ့တွင် ရှိနေသည်။ ထိုကျောင်းသားများက ကျင့်ကြံစဉ်တွင် ပြဿနာ ကြုံရသူများပင်။

ဝေထျန်းချောင်နှင့် ရှီမန်က မလာချေ။ ထိုအစားသူတို့က အိမ်တွင်နေ၍ ကျင့်ကြံနေလေသည်။ သူတို့အနေဖြင့် ထန်ဂျီကဲ့သို့ပင် ချီကိုအာရုံခံရာတွင် ပြဿနာ ကြုံနေရခြင်း ဖြစ်သည်။

ကျောင်းတော်၏ စည်းကမ်းများကို ကြောက်၍ ကျောင်းသားတိုင်းက အတော်လေး ရို့ကျိုးနေကြကာ တန်းစီရပ်၍ မေးခွန်းများကို အလှည့်ကျ မေးကြလေသည်။

ကျောင်းသား တစ်ယောက်က မေးသည်။

"ဆရာကြီးကု ကျွန်တော်က နတ်မုခ်ဝ စွမ်းအင်စေစား ပညာကို လေ့ကျင့်တာပါ။ ချီစိမ်းအမှတ်ကို စွမ်းအင် ဖြတ်တဲ့ အချိန်မှာ စွမ်းအင်တွေက ရုတ်တရက် ပျောက်ကွယ်သွားတယ်။ အဲ့ဒါ ဘာဖြစ်လို့ပါလဲ ခင်ဗျာ"

"ချီစိမ်းအမှတ်က စွမ်းအင်ကုစားတဲ့ နေရာပဲ ပြီးတော့ သူက စွမ်းအင်ကို သဘာဝအတိုင်း လှည့်ပတ်စေတယ်။ အဲ့ဒီတော့ မင်းက အဲ့ဒီအမှတ်နားကိုရောက်ရင် သဘာဝအတိုင်း ထိန်းချုပ်ခိုင်းစေ သင့်တယ်။ နတ်မုခ်ဝစွမ်းအင်စေ ပညာက ထိန်းချုပ်ခြင်းကို အားပြုတဘ် ဒါကြောင့် စွမ်းအင်ကို အတိအကျ ထိန်းချုပ်မှုလိုအပ်တဘ်။ အဲ့ဒီတော့ အဲ့နှစ်ခုက ဆန့်ကျင်ဘက် ဖြစ်နေတယ်။ ဆိုတော့ စွမ်းအင်တွေ ပျောက်သွားတာက မဆန်းဘူး။ အဲ့ဒီ ပြဿနာကို ဖြေရှင်းဖို့က ရိုးရှင်းပါတယ်။ မင်းအနေနဲ့ စွမ်းအင်ကို သဘာဝအတိုင်း စီးဆင်းစေမလား အားသုံးပြီး ထိန်းချုပ်မလား ဆိုတာပဲ။ မင်းအနေနဲ့ နည်းတစ်ခုကို ရွေးရမယ်။ တစ်ခုစီက ကွဲပြားတဲ့ အကျိုးသက်ရောက်မှု ရှိတယ်။ မင်းစိတ်နဲ့ ကိုက်ညီတာကိုသာ ရွေး" ဆရာကုက ဖြေလိုက်သည်။

"ကျွန်တော် နားလည်ပါပြီ"

ကျောင်းသား တစ်ယောက်ပြီး တစ်ယောက်က မေးခွန်းများ မေးနေသည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now