အခန်း (၁၆၉) လက်စသိမ်းခြင်း

86 13 0
                                    


"ကောင်းတယ်။ ကောင်းတယ်။ လရောင်လှုံကျောင်းက တစ်ကယ်ကို နာမည်နဲ့ ထိုက်တန်တယ်။ ငါ လင်းလန်က ငါးနှစ် ကျင့်ကြံလာတာကို တစ်နှစ်ပဲ ကျင့်ကြံရသေးတဲ့ လူကို မနိုင်ဘူး။ မင်းနိုင်ပါတယ်" လင်းလန်က သွေးအန်ရင်း ရယ်သည်။

"ဓါးဆာခံသုံးပြီး နိုင်တာ ဂုဏ်ယူစရာ မရှိပါဘူး" ထန်ဂျီက ပြန်ပြောလိုက်သည်။

"မိုရှန်း ဝင်နှောင့်လို့ မင်းရဲ့ တိုက်ခိုက်မှု ပျက်သွားတာလေ။ ဟုတ်တယ်မလား။ မဟုတ်ရင် အဲ့ဒီ အပ်က ငါ့ရဲ့ အကာကို ဖျက်လိုက်ပြီ။ မိုရှန်းမလာခဲ့ရင် ငါက အဲ့ကတည်းက ရှုံးနေပြီ" လင်းလန်က မချိပြုံးပြုံးရင်း ပြောလိုက်သည်။

ထန်ဂျီက လေးစားသွားသည်။ မည်သို့ပင် ဆိုစေ လင်းလန်က ယောက်ျားပီသလေသည်။ သူက သစ္စာရှိ အစေခံ၏ အသက်ကို မရင်းခဲ့သလို ရှုံးကြောင်းလည်း ဝန်ခံသည်။ သူက လင်းလန်ကို ကိုယ်ချင်းစာမိသည်။

"သခင်လေးက အတော်တုံးတာပဲ။ ငတုံးကြီး။ ဘာကို တုံ့ဆိုင်းနေတာလဲ။ သခင်လေးက သခင်မလေးနဲ့ သခင်ငယ်လေးအတွက် အသက်ရှင်ဖို့ လိုတယ်လေ"

"သခင်ငယ်လေး..."

ထိုစကားက ထန်ဂျီကို ကြောင်သွားစေသည်။

သူမှတ်မိတာ မှန်လျှင် ရှုအိမ်တော်တွင် သခင်မလေး တစ်ယောက်သာ ရှိလေသည်။ သူက တုန်ယင်သွားသည်။

လင်းလန်က မိုရှန်းကို ကြင်နာစွာ ခေါင်းကို ပုတ်လိုက်သည်။

"ငတုံးမလေး လရောင်လှုံကျောင်းက ဒီနေရာကို သိသွားပြီလေ။ ငါတို့က သူတို့ကို သတ်လိုက်လဲ နောက်ထပ် ရောက်လာမှာပဲ။ ငါက လရောင်လှုံကျောင်းက လူတိုင်းကို မသတ်နိုင်ဘူးလေ"

"ဒါပေမယ့်..." မိုရှန်းက ထပ်ပြောချင်သော်လည်း လင်းလန်က သူမကို တွန်းဖယ်လိုက်သည်။

သူက ယိုင်တိုင်တိုင်ဖြင့် ထလာပြီးနောက် ထန်ဂျီကို ပြောသည်။

"မင်းက ငါ့ခေါင်းကို သုံးပြီး အမတလမ်းစဉ်မှာ ပေါက်မြောက်ချင်တာမလား။ လာလာဖြတ်လိုက်တော့"

ထန်ဂျီက တစ်ခုခုပြောရန် ကြံစဉ်ပင် သက်ကြီး အစေခံမကြီး တစ်ယောက်က ပြေးထွက်လာကာ အော်သည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now