အခန်း (၉၂) ငွေဝင်လမ်း ရှာခြင်း

166 32 0
                                    

"အေးခဲဆာလ်ဖာ၊ ယမ်းစိမ်းဖြူ၊ ဒတ္ထာနက်၊ စဉ့်မှုန့် ... ထင်ထားသလိုပဲ။ လရောင်လှုံဂိုဏ်းက အတော်ချမ်းသာတာပဲ" ထန်ဂျီက ပစ္စည်းများကို သေချာ ဆန်းစစ်နေသည်။

ထိုပစ္စည်းများမှာ အစီအရင် စီရင်ရန် ကောင်းသော ပစ္စည်းများ ဖြစ်ပြီး အကုန်လုံးပေါင်းလျှင် ချီဒင်္ဂါး ရှစ်ရာခန့် တန်လေသည်။

ထန်ဂျီက လူကုန်ထံ သားသမီး မဟုတ်သလို သူသုံးနိုင်မည့် လှည့်ကွက်များလည်း မရှိသဖြင့် ရသမျှ အခွင့်အရေးကို အကုန်ယူရမည်သာ။

လရောင်လှုံကျောင်းကို ရောက်ကတည်းက ထန်ဂျီက ပိုက်ဆံများများ ရသည်မှာ နှစ်ခါ ရှိချေပြီ။ တစ်ခေါက်မှာ ရှီဖုန်းထန်က ပေးခြင်း ဖြစ်ပြီး နောက်တစ်ခေါက်မှာ ကျောင်းရှန်းကို သတ်ခြင်းမှ ဖြစ်ကာ ယခုတစ်ကြိမ်သည် တတိယမြောက် ဖြစ်လေသည်။

ယခုပစ္စည်းများနှင့် ဆိုလျှင် သူက ခန္တာကိုယ်ကို ထပ်၍ မွမ်းမံနိုင်ပေတော့မည်။ ထိုကိစ္စပြီးပါက သူက တာဝန်များနှင့် အပြင်ထွက်၍ ပိုက်ဆံ ရှာနိုင်ချေတော့မည်။

ယခုတစ်ကြိမ်တွင် ထန်ဂျီက ဤပစ္စည်းများကို အခြားသူများကို ရောင်းရန် အစီအစဉ် မရှိချေ။

ယခုပစ္စည်းများကို ဝေထျန်းချောင်၏ အရုပ်တွင် သုံးနိုင်ပါက နောက်တစ်ဆင့် တက်သွားမည် ဖြစ်သည်။ ပို၍ အရေးကြီးသည်မှာ ယခုပစ္စည်းများမှာ နတ်ကာကွယ်ခန်းမ၏ အရုပ်များဆီမှ ဖြစ်သဖြင့် ကွက်တိကျမည် ဖြစ်လေသည်။ ထိုအရုပ်က နတ်ကာကွယ်ခန်းမမှ အရုပ်အဆင့်ကို မရောက်လျှင်တောင် ယခင်တစ်ရုပ်ထက်တော့ ကျိန်းသေ သာမည် ဖြစ်သည်။

နောက်တစ်နေ့တွင် ထန်ဂျီက ဝေထျန်းချာင်ကို သွားရှာသည်။ ဝေထျန်းချောင်က ရှားပါးသော ပစ္စည်းများကို ဈေးသက်သာစွာနှင့် ရမည် ဆိုသဖြင့် မျက်လုံးများအရောင်တောက်သွားသည်။ သို့သော် သူ့မျက်နှာက မချိသွားဖြဲ ဖြစ်သွားပြန်သည်။

"ငါက ရှိသမျှ ပိုက်ဆံတွေ သုံးလိုက်ပြီ။ နည်းနည်းသုံးဖို့ ချန်ထားရအုံးမယ်။ မင်းက ဝံပုလွေအရုပ်လုပ်တုန်းက ပြောတာ အဲ့ဒီအရုပ်နဲ့ ပိုက်ဆံ ရှာလို့ ရမယ်ဆို ခုကျ မရှာရပဲ ဆုံးရော။ နောက်တစ်ခု လုပ်တာက ပိုတောင် ကုန်သေးတယ်။ အိမ်ကနေ ပိုက်ဆံ လစဉ် ရပေမယ့် မလောက်သေးဘူး"

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now