အခန်း (၁၅၇) လိုက်တမ်းပြေးတမ်း (၁)

99 13 0
                                    


နောက်တစ်နေ့ မနက်တွင် ချန်းရှင်ကွမ်းက ထန်ဂျီတို့ထံ သတင်းကောင်းနှင့် အတူ ရောက်လာသည်။

လင်းရှုတုက သဘောတူလိုက်သည်။

ချန်းရှင်ကွမ်း လမ်းပြမှုဖြင့် သူတို့က တိမ်စီးကျောင်းတော်သို့ ရောက်လာလေသည်။

တိမ်စီးကျောင်းတော်မှာ တိမ်စီးတောင်ခြေတွင် ရှိကာ ရှန်ချွမ်း မြို့ပြင်တွင် ဖြစ်လေသည်။ တိမ်စီးဂိုဏ်းမှာမူ တောင်ပေါ်တွင် ဖြစ်လေသည်။

မသေမျိုးကျောင်းတော်နှင့် လျော်ညီစွာ တိမ်စီးကျောင်းတော်မှာ သာမာန်လောကနှင့် မရောနှောချေ။ လရောင်လှုံကျောင်းတော်လောက် မခမ်းနားသော်ငြား တောင်တစ်ခုလုံးက တိမ်စီးကျောင်းတော် ဖြစ်သည်။

သူတို့ သုံးယောက်က ရောက်သွားချိန်တွင် ကျောင်းတော်မှာ ဂိုဏ်းသေး ဖြစ်သော်ငြား သင့်လျှော်သော ခမ်းနားမှုတော့ ရှိကြောင်း သတိထားမိသည်။ ချီမျိုးပင်များ စိုက်ထားရာ ကွင်းပြင်က မျက်စေ့ တစ်ဆုံး ရှိလေသည်။

ကျောင်းတော်မှ ဆရာတစ်ယောက်က ကျောင်းဝင်လမ်းတွင် စောင့်နှင့်နေပြီး ဖြစ်သည်။ သူတို့သုံးယောက်ကို မြင်သောအခါ သူက နှုတ်ဆက်သည်။

"ဂိုဏ်းကြီးမှ ကျောင်းတော်သား သုံးယောက်ကို စွန်းပေါင်ရန်က နှုတ်ဆက်ပါတယ်"

ချန်းရှင်ကွမ်းက ဘေးမှ ဝင်ပြောလိုက်သည်။

"ဒါက ကိုးဆင့်တိုးတက် ဒုက္ခလွန်မြောက်အဆင့် စွန်းပေါင်ရန်ပဲ။ သူက ဒီကျောင်းရဲ့ ကျောင်းအုပ်"

ထန်ဂျီက ရှေ့တိုးကာ ဦးညွှတ်လိုက်သည်။

"ကျောင်းအုပ်ကြီးစွန်းကို အရိုအသေပြုပါတယ်။ အနှောင့်အယှက် ပြုရတဲ့အတွက် ခွင့်လွှတ်ပါ"

"ရပါတယ်။ ရပါတယ်။ လင်းလန်က ကျုပ်ကျောင်းက တပည့်ဖြစ်ပေမယ့် သစ္စာဖောက်မှုဆိုတာ ခွင့်လွှတ်ရမယ့် အရာမှ မဟုတ်တာ။ ကျောင်းသားတို့က စုံစမ်းစရာ ရှိတာ စုံစမ်းပါ။ ကျုပ်တို့က သေချာ ပူးပေါင်းပါ့မယ်"

အလာပ သလာပအချို့ ပြောပြီးနောက် စွန်းပေါင်ရန်က သူတို့အား ကျောင်းထဲ ခေါ်သွားလေသည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now