အခန်း (၃၀) အိမ်တော်ထိန်းများ၏ အကြံ

198 37 0
                                    

ညနေပိုင်းတွင် ရှီယူက ထန်ဂျီဆီ ရောက်လာသည်။

"အစ်မက ကျွန်တော့်ဆီ လာလည်လို့ ရအောင်တောင် အားနေပြီပေါ့"

"နင်တို့တွေ ပြဿနာရှာထားလို့လေ။ သခင်လေးဂျီက နေ့လည်တောင် မရှိသေးဘူး သခင်မဆီကိုရောက်လာတာ။ နင်အဲ့မှာသာ ရှိရင် ဂျီသခင်လေး မျက်လုံးတွေ ရဲနေတာ ငိုချတော့မယ့် အတိုင်းပဲ။ နင်တို့ သူ့ကို အတော် ဆိုးဆိုးရွားရွား ဆက်ဆံလိုက်တယ်ဆို"

"အဲ့ဒါ ကျွန်တော်နဲ့ မဆိုင်ပါဘူး" ထန်ဂျီက လက်တစ်ကာကာဖြင့် သူနဲ့ မဆိုင်ကြောင်း ပြောသည်။

"အဲ့ဒါ ရှီမိုလုပ်တာ။ သခင်လေးဂျီကို အစေခံတွေ ဘယ်လိုနေ ဘယ်လိုထိုင်တွေ သွားသင်ပေးတာလေ။ အဲ့ဒီတော့ ဂျီသခင်လေးက ဘယ်ခံနိုင်မလဲ"

ထန်ဂျီက ရှီယူကို ရှီမိုက ဂျီကျိချန်အား မည်သို့ ဆက်ဆံကြောင်း ခရေစေ့တွင်းကျ ရှင်းပြနေသည်။ ရှီမိုက ဂျီကျိချန်အား နားချိန်ပင် မပေးပဲ တစ်မနက်လုံး အစေခံတစ်ယောက်ကဲ့သို့ ဆက်ဆံခဲ့သည်။

ဂျီကျိချန်က အစပိုင်းတွင် အတော်လေး သီးခံခဲ့သည်။ သို့သော် သူက သခင်လေး တစ်ယောက်ပင်။ သူက သူများ၏ အလုပ်အကျွေးပြုခြင်းကိုသာ လက်ခံခဲ့ရပြီး တစ်ခါမှ သူက အလုပ်အကျွေးမပြုဖူးချေ။ သူက ထိုသို့ လုပ်ချင်လျှင်တောင် မလုပ်တတ်ချေ။ ရှီမိုနှင့် အခြားအစေခံများက ဂျီသခင်လေးနှင့် ပါလာသော အစေခံကိုလည်း အဝေးသို့ နှင်လွှတ်ထားခဲ့လေသည်။ ထို့ကြောင့် ဂျီသခင်လေးမှာ အကူအညီတောင်းစရာ လူမရှိ ဖြစ်ခဲ့လေသည်။

ဂျီကျိချန်က ကောင်းမွန်စွာ သီးခံတတ်သည် ဆိုစေကာမူ သူက အတိုင်းအတာ ရှိလေသည်။ သူက ထွက်သွားရန် အကြောင်းပြချက် ရပြီးနောက်တွင် သူ့အမေဆီ ပြေး၍ တိုင်လေတော့သည်။

ရှီယူက ထိုလုပ်ရပ်မှာ ရယ်ဖို့ကောင်းသည်ဟု ထင်၍ လက်ခုပ်လက်ဝါးတီး၍ပင် ရယ်သည်။

"ကောင်းတယ်။ ကောင်းတယ်။ ဒီလို အလုပ်တွေက တို့လို အစေခံတွေ အမဲလုပ်နေကျပဲလေ။ သူက အစေခံကျောင်းသားဖြစ်ဖို့ လာတာပဲလေ။ သူက သခင်မကို သွားပြီး တိုင်ရင်တောင် ငါတို့မှာ ဆင်ခြေရှိတာပေါ့"

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now