အခန်း (၁၁၄) ကျောင်းသား ချေးငွေ (၂)

154 23 0
                                    


သေမျိုးလေကတွင် ချီဒင်္ဂါး နှစ်သိန်းဆိုသည်မှာ ငွေဒင်္ဂါး သန်းရာချီပင်။ ကျင့်ကြံခြင်းလောကတွင် ချီဆရာသခင်များပင် ချက်ချင်း မထုတ်နိုင်ချေ။ ဒေဝဟဒယအဆင့်များသာ အလွယ်တကူ ထုတ်ပေးနိုင်သည့် ပမာဏမျိုးပင်။ ကျောင်းသားများ ဆိုသည်ကား ထိုသည်မှာ အလွန်များလေသည်။

ထန်ဂျီက အစားကြီးပုံ ရလေသည်။ သူက နှစ်သိန်းကို တစ်ခါတည်း တောင်းသည်။ အမျိုးသမီးရွှေက ရေနွေးများပင် မှုတ်ထုတ်မိလိုက်သည်။ သူမက ထန်ဂျီကို မျက်လုံး ပင့်ကြည့်လိုက်ပြီး ပြောသည်။

"မင်းက အတော်တော့ လာသားပဲ။ နှစ်သိန်း... နင့်မှာ ဘာများ အပေါင်တင်စရာ ရှိလို့လဲ"

"ဒီကျောင်းသားက ကျောင်းတော်ရဲ့ စည်းကမ်းတွေကို နားလည်ပါတယ်။ တန်ဖိုး ငါးဆတစ်ဆ အပေါင်ထားရမှာမလား"

ထန်ဂျီက ပြောလိုက်သည်။

အပေါင်တင်ရန် ပစ္စည်းမှာ ငွေထုတ်မချေးခင် ပေးရလေသည်။ သို့သော် ကျောင်းတော်က ကျောင်းသားများကို ကူညီသော အနေဖြင့် ချေးခြင်း ဖြစ်သောကြောင့် အပေါင်ပစ္စည်းကို တန်ဖိုးမြှင့်မတောင်းချေ။ ထိုအစား ချေးသူ၏ အမည်၊ အနေအထားနှင့် စွမ်းရည်ကို ကြည့်လေသည်။

ထိုအထဲတွင် မြှီစား (ချေးသူ) ကို ငါးမျိုး ခွဲထားလေသည်။ အနိမ့်ဆုံး မြှီစားက ဆတူ အပေါင်တန်ဖိုး ပေးရလေသည်။ ချေးသည့် ငွေပမာဏနှင့် တန်ဖိုးညီသော အပေါင်ပစ္စည်းပင်။ အမြင့်ဆုံး မြှီစားမှာ ငါးဆ တစ်ဆ ဖြစ်လေသည်။ အပေါင်ပစ္စည်း၏ တန်ဖိုး ငါးဆကို ချေးယူ၍ ရလေသည်။

ထိုမြှီစားအဆင့်များမှာ တိုက်ပွဲကွင်းတွင် ရသည့် အဆင့်များပေါ် မူတည်လေသည်။ ပုံမှန်အားဖြင့် အြမင့်ဆုံး အဆင့် မြှီစား ဖြစ်ရန် ပြိုင်ဘက်ကင်း သုံးသပ်ချက် ဘွဲ့ ရရန် လိုလေသည်။ သို့သော် ထန်ဂျီမှာ မတူချေ။

အမျိုးသမီးရွှေက ထန်ဂျီဘာဆိုလိုချင်သည်ကို သိလိုက်သည်။

"နင်က စီစဉ်ထားတာ ကြာပြီပေါ့။ ဟမ်....။ နင်က ပြိုင်ဘက်ကင်းဘွဲ့ မရသေးပေမယ့် စံချိန်သစ်တင်ပြီး ကျားဟိန်းသံ တောင်ကြားမှာ တစ်ယောက်တည်း သွားစွန့်စားတာက နင့်အနေနဲ့ မြှီစားအဆင့်ငါး ရဖို့ ထိုက်တန်ပါတယ်။ ဒါပေမယ့် အနည်းဆုံး နင့်အပေါင်က လေးသောင်းဖိုး ရှိမှတော့ ရမယ်"

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Donde viven las historias. Descúbrelo ahora