အခန်း (၃၈) နှုတ်ဆက်ခြင်း

199 31 1
                                    

ဝေထျန်းချောင်က ပန်းပုထုခြင်းကို စ၍ လုပ်စဉ်ကတည်းက သူက အတော်လေးကို စွဲလမ်းနေသည်။ ထန်ဂျီနှင့် ယှဉ်လျှင် ဝေထျန်းချောင်က လူရုပ်များ ထုလုပ်ရသည်ကို မကြိုက်ချ။ သူက တရိစ္တာန်နှင့် သားရဲ အရုပ်များ ထုတ်လုပ်ရခြင်းကို သဘောကျလေသည်။

အချိန်ကြာလာသည်နှင့် အမျှ ပန်းခြံက တဖြည်းဖြည်းနှင့် ရုပ်လုံးများ ပြည့်လာလေသည်။ ဧည့်သည်တစ်ယောက် လာတိုင်း သခင်လေး၏ လက်ရာ ရုပ်တုများကို ကြည့်၍ ချီးကျူးကြလေသည်။ ထိုသို့ ဖြစ်တိုင်း ထန်ဂျီက အတော်လေး ဝမ်းနည်းမိလေသည်။ အနုပညာတွင် သူ၏ ပါရမီ မပါမှုကို သူက ပို၍ ပို၍ပင် သတိထားမိလာသည်။ ရုက္ခစိုးလေးကြောင့်သာ မဟုတ်လျှင် သူက ပန်းပုထုခြင်းကို စွန့်လွှတ်လိုက်သည်မှာ ကြာပြီဖြစ်သည်။

လောလောဆယ်တွင် ထန်ဂျီ၏ အောင်မြင်မှုမှာ ပန်းပုထုခြင်းတွင် မဟုတ်ပဲ ဝင်္ကပါဖန်တီးရာတွင် ဖြစ်လေသည်။ ထန်ဂျီ၏ ပန်းပုထုခြင်းမှာ လုံးလုံး အသုံးမကျချေ။ သို့သော် အကျိုး အမြတ်တစ်ခုမှာ ဝေထျန်းချောင်ကို စွဲဆောင်နိုင်ခဲ့ပြီး သူနှင့် သခင်လေးဝေကြားတွင် ဆက်ဆံရေးကောင် တည်ဆောက်နိုင်ခြင်းပင်။

ထန်ဂျီက မြင်းကို သတ်လိုက်စဉ်ကတည်းက ထန်ဂျီနှင့်ဝေထျန်းချောင်၏ ဆက်ဆံရေးမှာ အေးစက်စက် ဖြစ်ခဲ့သည်။ ဝေထျန်းချောင်က ထန်ဂျီအား သူနောက်တစ်နေ့ မြင်းဖြင့် တော်ပေါ်တက်ပြီး ပြုတ်ကျခဲ့ ကတည်းက အညှိုးများ မရှိတော့သော်လည်း ဒီတိုင်း အေးစက်နေခြင်းသာ ဖြစ်လေသည်။ သူက ထန်ဂျီ၏ မြင်းကို သတ်စဉ်က မျက်လုံးများကို မမေ့နိုင်ပဲ ရှိနေခြင်းသည်။

ထန်ဂျီသည်လည်း အစေခံကျောင်းသား နေရာသည် သခင်မ၏ အဆုံးအဖြတ်အောက်တွင် ပို၍ အရေးပါနေကြောင်း သိသဖြင့် ချက်ချင်း ဝေထျန်းချောင်နှင့် အဆင်ပြေရန် ပြန်မကျိုးစားခြင်းသာ။

သို့သော် ပန်းပုထုခြင်းကြောင့် သူတို့က ပြန်၍ ရင်းနှီးလာလေသည်။ ဝေထျန်းချောင်က တစ်ခုခု ရလာတိုင်း ထန်ဂျီကို ပေးရန် သတိရလာတတ်လေသည်။ ထိုသည်က အခြား အစေခံများ၏ မနာလိုစိတ်ကို ကြီးထွားစေသည်။ ထန်းဂျီက သခင်မ၏ နှစ်သက်မှုကို ရထားပြီးနောက် ယခုတွင် ဝေထျန်းချောင်နှင့်ပါ အဆင်ပြေနေသည်ဆိုပါက သူ၏ ကျောင်းတော်ဝင်ခွင့် နေရာမှာ ပို၍ပင် သေချာလာလေသည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now