အခန်း (၁၆၂) ကံကောင်းမှု

93 13 0
                                    


ထန်ဂျီက ရယ်သည်။

"အဲ့ဒီတော့ သူက သခင်လေးကို သူ့ရဲ့ ကျင့်ကြံဆင့်တွေကို လွှဲပေးလိုက်တာ သခင်လေးရဲ့ အစွမ်းတွေ တိုးလာတယ်ပေါ့လေ"

နှင်းဆီတိမ်ကမ္ဘာမှာ သိုင်းလောက ဝတ္တုများထဲကကဲ့သို့ မဟုတ်ချေ။ ချီနယ်မြေမှာ ကိုယ်တိုင် ကျင့်ကြံခြင်းဖြင့်သာ တည်ဆောက် ချဲ့ထွင်ရသ်။ ချီလွှဲပြောင်းခြင်းမှာ ဖြစ်နိုင်သော်လည်း ထိုသည်မှာ အထောက်အကူ ပေးသည့် ပုံစံသာ။ အခြားလူဆီမှ ချီစွမ်းအားဖြင့် အစွမ်းမှာ တမဟုတ်ချင်း တိုးတက်သည်မှာ မဖြစ်နိုင်ချေ။ ထို့ပြင် ဒုက္ခလွန်မြောက် အဆင့် ရောက်လျှင် ကျင့်ကြံသူက ကောင်းကင်မြေကြီး တံတား တည်ဆောက်ရသလို ဒေဝဟဒယ အဆင့်တွင် နှလုံးသား အခြေတည်ရလေသည်။ ခရမ်းနန်းတော်အဆင့်တွင် ခရမ်းနန်းတော်ကို ဖွင့်ရလေသည်။ ဘုံအဆင့်ကြီး တစ်ခုတိုင်းတွင် အရည်အသွေးဆိုင်ရာ ဖွင့်လှစ်တည်ဆောက်မှု အဆင့်များ ရှိနေပြီး ချီစွမ်းအင် ပမာဏ အရေအတွက်နှင့် မသက်ဆိုင်ချေ။

ထို့ကြောင့် ဝေထျန်းချောင်အား ချီစမ်းရည်အဆင့်မှာ ချီပင်လယ်အဆင့်သို့ ခုန်တက်ရန် အခြားသူမှ ထောက်ပံ့ပေးနိုင်သေည်လည်း အဆင့်ကြီး တစ်ဆင့် တက်ရန်အတွက်မူ မဖြစ်နိုင်ချေ။

သူက နောက်သည်ကို ဝေထျန်းချောင်က နားလည်သည်။ သူက မချိတင်ကဲသာ ပြောသည်။

"သူက ဒဏ်ရာပြင်းလွန်းတော့ ကောင်းကင်မြေကြီး တံတားလည်း ပျက်သွားတယ်၊ ဒေဝနှလုံးသား (ဒေဝဟဒယ) ကလဲ ပြိုကျသွားတယ်၊ ခရမ်းနန်းတော်လည်း ပျောက်သွားတယ်။ သူကျင့်ကြံဆင့်က ဘာမှ မရှိတော့ဘူး။ ချက္ကရပဲ ကျန်တော့တယ်။ သူက အသက်ရှင်နေတာကိုက ဖြစ်ရပ် ဆန်းကျယ်ပဲ။ သူက ဂါထာလေး တစ်ခုထုတ်ဖို့ကို အကြာကြီး လုပ်ရတာ။ ငါက သူ့ကို တစ်ချက်တည်း ရိုက်သတ်လို့တောင် ရတယ်။ သူက ငါ့ကို ဘယ်လို ချီလွှဲပေးမလဲ"

"ဒါဆိုရင်တော့ နတ်တန်ခိုးရှင်အဆင့် ပညာတွေလား" ရှီမန်၏ မျက်လုံးများက တောက်ပလာသည်။ ရတနာ မရှိလျှင် နေပစေ ဒေဝနတ်ဘုရားလော်၏ ပညာရပ် တစ်ခုဆိုလျှင်ပင် အလွန်အကျွံကောင်းနေချေပြီ။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now