အခန်း (၈၉) ဒုတိယ အခွင့်အရေး

180 29 0
                                    

ထန်ဂျီက သူ့စွမ်းရည်ကို ပြသပြီးကတည်းက သိပ်ပြီး လျှိုမထားတော့ချေ။ ယနေ့မှစ၍ ထန်ဂျီက တိုက်ပွဲကွင်းတွင် ဝင်တော့မည် ဖြစ်သည်။ သူက ထုမဲ့ရွှေခန္တာကိုယ်ကို မသုံးသလို အခြားသော လှည့်ကွက်များကိုလည်း ဖုံးမထားချေ။

တိုက်ပွဲကွင်းမှာ ကျောင်းတော်တွင် အရက်စက်ဆုံးသော နေရာ ဖြစ်နိုင်လေသည်။ ကျောင်းသားများက သူတို့၏ အစွမ်းကုန်သုံး၍ အထောက်အပံ့များ ရရန် တိုက်ရ ခိုက်ရလေသည်။ သူတို့က ရက်စက်စွာ တိုက်ခိုက်ကြသဖြင့် ဒဏ်ရာရသည်မှာ မဆန်းချေ။

ချွဲကျင်းတို့ အဖွဲ့နှင့် ထန်ဂျီလုပ်သကဲ့သို့ လှည့်ကွက်များသုံးသော အဖွဲ့များလည်း မရှားချေ။ အကယ်၍ တစ်ဦးဦးက မိမိခွန်အား လုံလောက်၍ နိုင်လောက်မည် ယူဆထားသော်လည်း မှားယွင်းတတ်သည်။

ချီရှောက်မင် အန်ရူမန် ချိုက်ကျွန်းယန်နှင့် ရှူမင်ယန်တို့ပင် ရှုံးပွဲများ ရှိလေသည်။

ထန်ဂျီအတွက်မူ ပထမနေ့တွင် ပထမရခဲ့သော်လည်း နောက်တစ်နေ့မှစ၍ ထိုသို့ လွယ်ကူသည့် ရက်မျိုး မရှိတော့ချေ။ ချိုက်ကျွန်းယန်ကို ရှုံးပြီးနောက် သူက နောက်ထပ် ကိုးပွဲတိုက်ကာ ငါးပွဲနိုင်၍ လေးပွဲ ရှုံးလေသည်။ သူ့အားနိုင်သော လေးယောက်ထဲမှ တစ်ယောက်မှာ ရှူမင်ယန်ဖြစ်လေသည်။

ချိုက်ကျွန်းယန်နှင့် မတူပဲ ရှူမင်ယန်က ဂါထာပညာ ဆယ့်ရှစ်မျိုး တတ်လေသည်။ ထိုမျှ များသဖြင့် သူက ထန်ဂျီလောက် ပညာထုတ် မမြန်သော်လည်း သူက အဆောင်ပညာတွင် ကျွမ်းကျင်လေသည်။ အလှည့်တိုင်းတွင် သူက အဆောင်များကို တစ်မျိုးပြီး တစ်မျိုး အသုံးချသဖြင့် ထန်ဂျီက မူးနောက်လာပြီး ရှုပ်ထွေးလာလေသည်။

သို့သော် ထန်ဂျီက သူတို့နှစ်ယောက်လုံးကို အလွန်ပြင်းသော တိုက်ချက်တော့ တိုက်နိုင်ခဲ့သည်သာ။

တတိယနေ့တွင် ထန်ဂျီက ချိုက်ကျွန်းယန်နှင့် ရှူမင်းယန်ကို တန်ပြန်ရန် နည်းလမ်း ထုတ်ခဲ့သည်။ ရှူမင်ယန်ကို လျှင်မြန်သော တိုက်ခိုက်မှုနှင့် ချိုက်ကျွန်းယန်ကို ခိုင်မာသော ခုခံမှုနှင့် ဖြစ်လေသည်။ ထိုသည်က သူတို့ကို အနိုင်ယူနိုင်ပေမည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now