အခန်း (၁၀) အစီအရင် ပညာ

235 41 0
                                    


အခန်းထဲတွင်..

ထန်ဂျီက ရှုမုယန်ကို ကြည့်၍ မေးလိုက်သည်

"ဆိုတော့ အစ်ကိုကြီးပြောတာက အစီအရင်တစ်ခုကို ချက်ချင်း စိတ်ပေါက်ပြီး ခင်းမိတယ် ပြီးတော့ အခန်းထဲဝင်ပြီး စိတ်ကူးရတာတွေ ချရေးနေရင်း ကျွန်တော့်ကို မေ့သွားတာပေါ့"

ရှုမုယန်က မျက်နှာနည်းနည်း ပျက်ကာ ခေါင်းညိတ်ပြရင်း "တစ်ကယ်တော့ အချိန်ကိုမေ့သွားတာပါ" ဟု ပြောသည်။

ရှုမုယန်က ဒေဝဟဒယ အဆင့်ကျင့်ကြံသူ ဖြစ်သော်လည်း ထန်ဂျီရှေ့တွင် အမှားလုပ်မိသော ကလေးပုံစံဖြစ်နေသည်။ မြင်ကွင်းက ရီစရာကောင်းလှသည်။

ထို့နောက် ထန်ဂျီက ထွက်၍ ထွက်သွားရန် ပြုသည်တွင် ရှုမုယန်က မေးလိုက်သည်။

"ဘယ်သွားမလို့လဲ"

"ညစာချက်ရအုံးမယ်လေ။ ပြန်လာထဲက မျက်စေ့လည်နေတာ။ ညစတောင် မချက်ရသေးဘူး။"

"မင်းက စိတ်ဆိုးတာလား။ ကောင်းပြီလေ ငါမှားပါတယ်။ ရပလား"

ရှုမုယန်က ထန်ဂျီမျက်နှာကို ကြည်ရင်း ရီ၍ ပြောလေသည်။

သာမာန်လူနှင့် မသေမျိုးဆိုသည်မှာ နတ်နှင့် ရွာသားလောက် ကွာခြားလေသည်။ နေ့ဝက်ပိတ်မိရုံ မပြောနှင့် ထန်ဂျီ သေသွားလျှင်တောင် ဘာမှ ပြောစရာ ရှိမည် မဟုတ်ချေ။ သို့သော် ရှုမုယန်က ထန်ဂျီကို တောင်းပန်လိုက်သည်။ ထိုသည်ကား သူတို့၏ ဆက်ဆံရေးမှာ လေးနက်ကြောင်း ပြသလေသည်။

ထန်ဂျီက ခေါင်းကို ခါရင်း "ကျွန်တော်က စိတ်မဆိုးပါဘူး။ အစီအရင်က တကယ်အံ့ဩဖို့ကောင်းတာပဲလို့ တွေးနေတာ။" ဟု ပြန်ပြောသည်။

အစီအရင်ထဲတွင် ပိတ်မိစဉ်က ထန်ဂျီက ဝင်္ကပါထဲရောက်နေသည်ဟု ခံစားရသည်။ ခြံဝန်းက ယခင်အတိုင်း ဖြစ်နေသောလည်း သူက ဘယ်မှ သွားလို့ မရချေ။

"မင်းမြင်တယ်ပေါ့လေ" ရှုမုယန်က ရီလိုက်သည်။

"ဟုတ်တယ်။ အစီအရင် ပညာဆိုတာ တစ်ကယ်အံ့ဩဖို့ကောင်းတာ။ လောကကြီးရဲ့ သဘာဝတွေနဲ့ အရာတွေအားလုံး ပေါင်းစပ်ထားတာပဲ။ မြက်လေးတစ်ပင် သစ်ပင်တစ်ပင်က အစီအရင် ဖြစ်နိုင်တယ်။ အစီအရင်ပညာကို ဒီလောကရဲ့ အဆန်းကျယ်ဆုံးလို့ ပြောရင်လည်း ရတယ်။ ကျင့်ကြံသူတွေက သူတို့ တစ်ဘဝလုံး လိုက်စားရင်တောင် အစီအရင်ပညာရဲ့ တစ်ထောင်ပုံတစ်ပုံကို မတတ်ဘူး။ အရမ်းကျယ်ပြန့်တယ်"

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now