အခန်း (၇၄) စာမေးပွဲအတွက် ပြင်ဆင်ခြင်း

158 32 0
                                    

ထန်ဂျီက ဦးညွှတ်ကာ ပြောလိုက်သည်။ "ဒီလိုရက်ရောတဲ့ လက်ဆောင်အတွက် ကျေးဇူးအများကြီး တင်ပါတယ် အကြီးအကဲ"

ရှီဖုန်းထန်က စစ်တုရင်ကို ဆက်ကစားရင်း ပြောလိုက်သည်။

"ငါက မင်းကို ခေါ်တာက ဘယ်လိုအခြေအနေရှိလဲ ခေါ်မေးတာပဲ"

"ကျွန်တော်က အဆင်ပြေနေပါတယ် ဆရာ"

"အင်း.. မင်းက မင်တုန်းနဲ့ ပတ်သက်လို့ ဘာသိလဲ"

ထန်ဂျီက ရိုသေစွာ ပြန်ပြောသည်။ "ကျွန်တော်က နည်းနည်းပါးပါးပဲ ကြားဖူးပြီး သေချာ မသိပါဘူး"

ရှီဖုန်းထန်က သူ့အား ပြောလိုက်သည်။

"ကျောင်းသား တစ်ယောက် သတ်ခံရတယ်။ ပြီးတော့ တစ်ယောက်က ပျောက်နေတယ်။ လရောင်လှုံကျောင်းက ဒီနှစ်ကို အတော်လေး ရှုပ်နေတယ် ပြောရမယ်"

"ဟုတ်ကဲ့" ထန်ဂျီက ထိုမျှသာ ခေါင်းငုံ့၍ ပြောသည်။ သူ့အနေဖြင့် အခြား ထပ်မပြောရဲချေ။

ရှီဖုန်းထန်က သူ့အား ဒီတိုင်း လွှတ်ပေးချင်ပုံ မရချေ။

"ငါကြားတာ မင်းက ကျောင်းရှန်းနဲ့ ရင်းနှီးတယ်ဆို"

"ကျွန်တော်တို့က သိပါတယ်။ အရမ်းရင်းနှီးလှတယ် မဟုတ်ပါဘူး" ထန်ဂျီက ပြောသည်။

"ငါသိသလောက်တော့ သူက ပျောက်မသွားခင် မင်းဆီလာသေးတယ်ဆို"

"သူက စာမေးပွဲအတွက် ကျွန်တော့်ဆီက အကူအညီလာတောင်းတာပါ။ ဒါပေမယ့် ကျွန်တော်က ငြင်းလိုက်တယ်။ လောလောဆယ် အဲ့လို အကူအညီ တောင်းတာတွေ များနေတယ်။ ကျွန်တော်က ငြင်းနေရတယ်" ထန်ဂျီက စကားလုံများကို သေချာရွေး၍ ပြောလိုက်သည်။

ရှီဖုန်းထန်က ရယ်သည်။

"အဲ့ဒီတော့ အဲ့လိုပေါ့။ မင်းက ယဉ်ကျေးမှုအတန်းမှာ တော်တယ်လို့ ငါကြားတယ်။ ကျောင်းသား အတော်များများက ယဉ်ကျေးမှု အတန်းကို အတော်လေး စောဒက တက်ကြတယ်။ မင်းကတော့ ပြဿနာ မရှိပုံပဲ။"

"တစ်ကယ်တော့ အဲ့ဒါက နည်းနည်းတော့ အနှောက်အယှက် ဖြစ်တယ်။ ဒါပေမယ့် ကျောင်းတော်က ယဉ်ကျေးမှု အတန်းကို လူတစ်ယောက် သိသင့်တာတွေ အတွက် သင်ပေးတယ်။ ကျင့်ကြံခြင်းက ကျတော့ လက်နက်နဲ့ တူတယ်။ အကယ်၍ လူတစ်ယောက်က မူတွေနဲ့ ဘယ်လိုနေရထိုင်ရမလဲ မသိဘူးဆိုရင် လူတစ်ယောက်က ကျင့်ကြံခြင်း မလုပ်သင့်ဘူး။ အဲ့ဒီလို နားလည်လို ကျွန်တော်က ဂရုစိုက်ပြီး လေ့လာတာပါ"

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now