အခန်း (၁၃၅) ကောင်းကင်ဖျက်ဆီး မိုးကြိုးပုလဲ

124 18 0
                                    


"သွားစို့"

ထန်ဂျီ ပစ်ပေးခဲ့သည့် ခေါင်းကို သိုလှောင်အိတ်ထဲ ထိုးထည့်လိုက်ရင်း လန်ရှိယုက ပြောလိုက်သည်။

သူက လာရင်း ရည်ရွယ်ချက် အောင်မြင်ပြီဖြစ်၍ တုပိုင်ရှောင်းတို့နှင့် မတိုက်လိုတော့ချေ။ သူက အမိန်ပေးလိုက်သော အခါ ကျောက်စိမ်းဓါး ဂိုဏ်းသား အားလုံးက စ၍ ဆုတ်ခွာသည်။

"မင်းက ပြေးလို့ရမယ် ထင်လို့လား" တုပိုင်ရှောင်းက မျက်နှာ အေးစက်သွားသည်။ သူ၏ မဲနက်နေသော ဓါးမော့က လေထဲတွင် ဝှေ့ယမ်းသွားသည်။

"တုပိုင်ရှောင်း မင်းက စွမ်းအင်ငါးပါး ဆေးလေးတစ်လုံးအတွက်နဲ့ ကျောက်စိမ်းဓါးဂိုဏ်းနဲ့ ရန်သူဖြစ်ချင်တာလား" အကြီးအကဲက ပြောလိုက်သည်။

"လာနောက်နေတာလား။ ငါတို့ ကောင်းကင် ပျက်သုဉ်းဂိုဏ်းက မလုပ်ရဲတာ ရှိတယ် ထင်လို့လား။" တုပိုင်းရှောင်း၏ လက်ထဲမှ ဓါးစွမ်းအင်များက ကျောက်စိမ်းဓါးဂိုဏ်းရှိရာဆီ ဝင်သွားသည်။

"ကျင့်ကြံခြင်း လမ်းစဉ်က ကျင့်ကြံသူ အားလုံး ဖြတ်သန်းဖို့ ကျဉ်းလွန်းတယ်။ တစ်ချို့က သေမယ်။ တစ်ချို့က ရှင်မယ်။ ဒါက အဆုံးမဲ့ စက်ဝန်းပဲ။ ဒါက ကောင်းကင်တာအိုရဲ့ ရည်ရွယ်ချက်ပဲ။ ငါတို့ ဂိုဏ်းက လူတိုင်းက ဘယ်သူ့ကို မဆို သတ်မယ်။ သတ်ကြ....သတ်ကြ.... သတ်ကြ"

သူက 'သတ်ကြ' ဆိုသည်ကို သုံးကာ အော်လိုက်သော အချိန်တွင် ကောင်းကင် ပျက်သုဉ်းဂိုဏ်းသားများ ကလည်း 'သတ်ကြ' ဟု ရူးသွပ်စွာ အော်ကာ ပြေးဝင် တိုက်ခိုက်တော့သည်။

သူတို့ဆီမှ သတ်ဖြတ်ငွေ့များ လွှမ်းခြုံနေပြီး အရှုံးအနိုင်က အရေးမပါတော့ပုံပင်။ သူတို့အနေဖြင့် သူတို့၏ တိုက်ခိုက်လို စိတ်ကို ဖွင့်ချလိုက်ကြခြင်းပင်။ ထိုသည်က ကောင်းကင်ပျက်သုဉ်းဂိုဏ်း၏ လမ်းစဉ်ပင်။ တုပိုင်ရှောင်း ပြောလိုက်သည့် စကားများကား ကောင်းကင်ပျက်သုဉ်းဂိုဏ်း၏ မူပင်။ ဤလောကတွင် သတ်မလား သေမလားပင်။ သူတို့အနေဖြင့် လရောင်လှုံဂိုဏ်းသား တစ်ယောက်နှင့် တွေ့လျှင်ပင် သတ်ဖြတ်ရန် ဓါးတစ်ချက် မတွန့်ချေ။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now