အခန်း (၃၁) နောက်ထပ် အခွင့်အရေး

206 35 0
                                    

ဂျီကျိချန်တို့သားအမိကား ထွက်သွားချေပြီ။

သူက ယုံကြည်မှုဖြင့် တက်ကြွစွာ လာခဲ့သော်လည်း စိတ်ပျက်မှုများဖြင့် ပြန်သွားရလေသည်။

သို့သော် ဝေသခင်မ၏ ဒေါသကား ယခုမှ စမှာ ဖြစ်သည်။

သူမက ခုံမြင့်ပေါ်တွင် ထင်နေပြီး အစေခံများကို အေးစက်စွာ စိုက်ကြည့်နေသည်။

"ပြောစမ်း ဘယ်သူက သခင်လေး သူ့အစ်ကိုဝမ်းကွဲကို ဆန့်ကျင်ဖို့ သင်ပေးတာလဲ"

သူမက ဝေလန်ရှင်းကို ဂျီကျိချန်အား အစေခံကျောင်းသား တာဝန်ယူခိုင်းမည်ဟု ဆိုသော်ငြား ထိုစကားသည် လိမ်ခြင်း မဟုတ်ပေ။ သို့သော် သူမစီစဉ်ပေးသည်နှင့် အစေခံများက ခိုင်းခြင်းသည်ကား မတူချေ။

အစေခံများအားလုံးက ကြောက်၍ တုန်ပင်နေသည်။ မည်သူမျှ စကားမပြောရဲချေ။ ဝေထျန်းချာင်က သူ့ခေါင်းကို မော့လိုက်၍ ပြောသည်။

"ဒါက သားရဲ့ စိတ်ကူးပါ။ သူက အစေခံကျောင်းသား..."

"ငါ့ကို လိမ်ဖို့ မကြိုးစားနဲ့" ကျန်းရှုဖန်က ထိုင်ခုံ၏ လက်ရန်းကို ရိုက်လိုက်သည်။

"ဂျီကျိချန်က နင့်ရဲ့ အစ်ကိုဝမ်းကွဲ။ ဒီအစေခံတွေ တိုက်တွန်းတာသာ မဟုတ်ရင် နင်က အဲ့ဒီလို လုပ်ရဲလို့လား"

သူက အစေခံများကို ကြည့်၍ နှာခေါင်းရှုံ့လိုက်သည်။

"နင်တို့တွေးနေတာ ငါမသိဘူးများ မှတ်နေလား။ နင်တို့က အစေခံကျောင်းသားနေရာဆိုတာ နင်တို့ပန်းကန်ထဲက အသားတုံးများ မှတ်နေလား။ တစ်ယောက်ယောက်က ထိဖို့ ကြိုးစားတာနဲ့ ပြန်ချမယ်ပေါ့လေ။ ဒါပေမယ့် ဒီဝင်ခွင့်နေရာက ဝေအိမ်တော်က ပိုင်တာ နင်တို့ဟာ မဟုတ်ဘူး"

အစေခံတိုင်းက ခေါင်းလုံးဝမဖော်ရဲချေ။ ထန်ဂျီလည်း မည်သည့် စကားမျှ မပြောရဲချေ။

သူမပြောသည်မှာ မှန်သည်။ ထိုသည်က ဝေအိမ်တော်၏ ပိုင်ဆိုင်မှုပင်။ မည်သူ့ကို ပေးမည်ဆိုသည်ကို ဝေအိမ်တော်ကသာ ဆုံးဖြတ်မည် ဖြစ်သည်။ ဝေအိမ်တော်က ပေးသနားခံရသူသည် ဝေအိမ်တော်အား ကျေးဇူးတင်ရမည်ပင်။ မပေးလျှင် ဘာမျှ ပြော၍ မရချေ။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Dove le storie prendono vita. Scoprilo ora