အခန်း (၇၇) ကျောင်းနေဖက်များ (၁)

182 30 0
                                    


နောက်တစ်နေ့တွင် လွတ်လပ်ခြင်း အသင်းဝင်များက ကြိုပို့လှေဆိပ်ရှိရာ တောင်ခြေတွင် စုစည်းနေကြလေသည်။ သူတို့က လူစုရာ နေရာ ရောက်သော အခါမှ သူတို့အသင်းပင် အပြင်ထွက်ကြသည် မဟုတ်ကြောင်း တွေ့ရလေသည်။ကြည့်ရသည်မှာ လူတိုင်းနီးပါးက နှစ်ဝက်ခန့် အတော်လေး အောင့်အီး နေခဲ့ရပုံ ရလေသည်။ ကျောင်းတော်က ပိတ်ရက်ကို ပေါင်းမပေး၍သာ။ အကယ်၍ ပေါင်းပေးလျှင် သူတို့က ရက်အတန်ကြာ ထွက်ကြမည့် ပုံပင်။ ထန်ဂျီက လှေထဲရောင်သော အခါလှေဦးမှ လျူဟုန်ယန်တို့ အဖွဲ့ကို တွေ့လိုက်သည်။ သူက ဝေထျန်းချောင်တို့နှစ်ယောက်နှင့် အတူလာခဲ့ပြီး လက်ထဲတွင် ပန်းဖြူတစ်ပွင့် ကိုင်ထားလေသည်။ သူလက်ထဲမှ ပန်းကို သတိထားမိသော ကျောင်းသား တစ်ယောက်က ပြုံးစစဖြင့် မေးလေသည်။ "ညီအစ်ကိုထန် ဘာလို့ ပန်းယူလာတာလဲ။ ဘယ်အလှလေးကို ပေးဖို့လဲ" "ညီအစ်ကိုလင်းက နားလည်မှု လွဲတာပါ။ ငါက လာတဲ့ လမ်းမှာ ဒီပန်းကိုတွေ့ပြီးတော့ ချီစွမ်းအင်လည်း နည်းနည်းကိန်းနေတာ တွေ့တာနဲ့ ငါကများ နည်းနည်း ထပ်ပြီး သေချာ ဂရုစိုက်ပေးလိုက်ရင် ကံကောင်းတာများ ဖြစ်လာမလား ထင်လို့ ခူးလာတာ။ ပြန်သွားရင် ပန်းအိုးနဲ့ စိုက်ထားမလို့" ထန်ဂျီက ပြောသည်။ တစ်ယောက်က ပန်းကို သေချာကြည့်၍ ခေါင်းညိတ်ကာ ပြောသည်။ "ဟုတ်တယ် ပန်းမှာ ချီစွမ်းအင် နည်းနည်း ရှိတယ်။ သူက သေချာ ထပ်ကြည့်ချင်သော်လည်း ထန်ဂျီ က ပန်းကို သိမ်းလိုက်သည်။ ဝေထျန်းချောင်နှင့် ရှီမန်ကို ကြည့်၍ တစ်ယောက်က နောက်လိုက်သည်။ "ထန်ဂျီ မင်းက ဘာလို့ အပြင်ထွက်တာကို နောက်လိုက်နှစ်ယောက် ခေါ်လာတာလဲ" ဝေထျန်းချောင်က စိတ်ဆိုးစွာ ဝင်အော်သည်။ "ငါက သခင်လေး။ သူကမှ နောက်လိုက်" ထိုကျောင်းသားက နှာခေါင်းရှုံ့လိုက်ပြီးနောက် ဝေထျန်းချောင်ကို လျစ်လျူရှုလိုက်သည်။ ထန်ဂျီက မျက်မှောင်ကြုတ်သွားသည်။ ထိုကျောင်းသားမှာ ဟွာယန် ဖြစ်၍ အသင်းဝင်တစ်ယောက် ဖြစ်ကာ သူက မိသားစုကြီး တစ်ခုမှ လာသူဖြစ်သည်။သူတို့၏ အသင်းကို ပင်ကျင်းယူနှင့် ရှူမင်ယန်တို့က စခဲ့ပြီး သာမာန် မိသားစုမှ လူများ အသင်းဝင်ကြကာ မူးမတ်မျိုးများက အနည်းအကျဉ်းပါလေသည်။ ဟွာယန်တစ်ယောက်သာ ချွင်းချက် ဖြစ်လေသည်။ သူက ပင်ကျင်းယူကို သဘောကျ၍ အသင်းဝင်လာခြင်း ဖြစ်သည်။ သူက ပင်ကျင်းယူနှင့် နီးနီးကပ်ကပ် ရှိသော မည်သူ့ကို မဆို သူက ရန်သူအဖြစ် မြင်လေသည်။ ပင်ကျင်းယူနှင့် အနီးဆုံးလူမှာ ချိုက်ကျွန်းယန် ဖြစ်သည်။ သို့သော် ချိုက်ကျွန်းယန်က နဂါးတံခါး ရှစ်လွှာ ရှိလေသည်။ သူ၏ မြန်ဆန်သော ကျင့်ကြံခြင်းကို ဘေးဖယ်ထားလျှင်ပင် ချိုက်ကွန်းယန်က ယခင်တည်းက သိုင်းသမား ဖြစ်ကာ တိုက်ရည် ခိုက်ရည် ကောင်းလေသည်။ ဟွာယန်က ချိုက်ကျွန်းယန်ကိုမူ ရန်မစရဲချေ။ ထို့ကြောင့် သူက ထန်ဂျီကိုသာ ရန်စရဲသည်။ ဟွာယန်က သူ့အား ဝေထျန်းချောင်နှင့် ရန်တိုက်ပေးရန် ကြိုးစားနေသည်မှာ သိသာသည်။ "ငါတို့ မိသားစု သခင်လေးက ရက်ရောတဲ့ လူပဲ။ သူက အစေခံတစ်ယောက် အပြင်ထွက် လည်မယ်သိလို့ ငါ့သိက္ခာ တက်‌အောင် လိုက်လာပေးတယ်။ သူက အသင်းဝင် မဟုတ်တဲ့ကိစ္စကို ပူစရာမလိုပါဘူး။ သခင်လေးက မနေ့က အသင်းဝင်လိုက်ပြီ" ထန်ဂျီက အေးဆေးစွာ ပြောလိုက်သည်။ ဟွာယန်က ထိုစကားကို ကြားပြီးနောက် ဘာမှ မပြောပဲ လှည့်ထွက်သွားလေသည်။ "ငါက အဲ့ဒီလောက် ကောင်းတဲ့ သခင်လေးလား" ဝေထျန်းချောင်က ထန်ဂျီကို မေးလိုက်သည်။ ထန်ဂျီက ဝေထျန်းချောင်ကို လှေပေါ်မှ ကန်ချချင်စိတ်ကို အတော်ထိန်းထားလိုက်ရသည်။ လှေက တစ်ဖက်ကမ်းကို စိုက်ချိန်တွင် ကျောင်းသားများက အိမ်ပြန်လာသည့် ခရီးသွားများသို့ ပျော်ရွှင်စွာ အော်လိုက်ကြသည်။ ဆောင်းရာသီ ဖြစ်သဖြင့် ကျောင်းသား တောအုပ်က နှင်းများဖြင့် ဖွေးနေသည်။ နှင်းများကို မြင်မှသာ ယခုအချိန်က ဆောင်းနှောင်းရာသီပင် ရောက်နေပြီ ဖြစ်ကြောင်း ကျောင်းသားများက သတိထားမိလိုက်ကြသည်။ သူတို့က နောက်ကို လှည့်ကြည့်လိုက်ရာ လှိုင်းကြက်ခွပ် များဖြင့် ပြည့်နေသော အင်းရေပြင်နှင့် ထာဝရ နွေဦးရာသီသာ ရှိသော စိမ်းစိုသည့် တောင်တန်းကို မြင်လိုက်လေသည်။ အင်းရေပြင်မှာ ကမ္ဘာနှစ်ခု၏ နယ်နိမိတ်စည်းနှင့်ပင် တူလေသည်။ ထိုအချိန်မှသာ သူတို့က သေမျိုးကမ္ဘာကို စွန့်ခဲ့ပြီး ဖြစ်ကြောင်း သတိရလိုက်သည်။ ကျောင်းသားများက သူတို့ စိတ်ကူးထားရာ နေရာများဆီသို့ ကိုယ်စီ ထွက်သွားကြလေသည်။ လွတ်လပ်ခြင်း အသင်း၏ ကျောင်းသားအများစုက ဝမ်ချွန်းမြို့ကို ယခင်က မရောက်ဖူးကြချေ။ ထို့ကြောင့် မြို့တော်ကို လျှောက်ကြည့်ရန် ဆုံးဖြတ်လိုက်ကြသည်။ အသင်းဝင်ကျောင်းသား တစ်ယောက်မှာ ဝမ်ချွန်းမြို့သား ဖြစ်သဖြင့် သူက လမ်းပြလေသည်။ မြို့တော်တွင်းတွင် နှင်းများ ထူထပ်စွာ ကျနေသော်လည်း ကျောင်းသားများက မအေးကြချေ။ သူတို့က ချီစွမ်းအင်ကို စုပ်ယူနိုင်ကြပြီး ဖြစ်သဖြင့် ခန္တာကိုယ်က တစ်စတစ်စ ပြောင်းလဲနေပြီ ဖြစ်လေသည်။ "ရှေ့မှာက ဝမ်ချွန်းရဲ့ နာမည်ကြီး ဆည်ဘောင်ရှည်ပဲ။ အဲ့ဒီ ဆည်ဘောင်ပေါ်မှာ ထင်ရှုးပင်နဲ့ ဆိုက်ပရပ် ပင်တွေကို တန်းစီစိုက်ထားပြီး ဆောင်းတွင်းဆိုရင် အဲ့ဒီအပင်တွေပါ်မှာ ထင်းရှုးတွေက အပုံလိုက် တင်နေပြီးတော့ လေနဲ့အတူ လွင့်နေတာက အတော်လေး လှတယ်။ ..." မြို့ကို လှည့်ပြနေသာ ကျောင်းသား က သူ၏ ဧည့်လမ်းညွှန် အလုပ်ကို သေချာစွာ လုပ်နေသည်။ လူတိုင်းက နှင်းတောထဲတွင် ရပ်၍ လှပသော မြင်ကွင်းကို ကြည့်နေကြသည်။ သူတို့က ရပ်နေကြရင်း တိုင်ပင်မထားကြပဲ ချီစွမ်းအားများကို သုံးကာ နှင်းပွင့်များကို လေထဲတွင် တားဆီးထားကြရာ နှင်းပွင့်များက ခရုပတ်ဏ္ဍာန်ဝဲနေကာ လှပသော မြင်ကွင်း ဖြစ်ပေါ်လာလေသည်။ "ဒါက ..." မြို့ခံဧည့်လမ်းညွှန် ကျောင်းသားက ကြည့်၍ ဆွံ့အသွားသည်။ "မင်းတို့က နှင်းတွေကို ခန္တာကိုယ်ကို ထိစေပြီး အေးမြမှုကို ခံစားသင့်တယ်။ မင်းတို့က ဘာလုပ်နေတာလဲ" "ဒါက ပိုပျော်စရာ ကောင်းတယ်" လျူဟုန်ယန်က ပြုံး၍ ပြောလိုက်သည်။ သူမက လက်ကို ဆန့်လိုက်ရာ လေတစ်ချက် တိုက်သွားပြီးနှင်းပွင့်များက ဘောလုံးအဖြစ် စုစည်းသွားသည်။ သူက ရှူမင်ယန်ဆီ လှည့်၍ "ရော့" ဟု ပြောကာ ပစ်လိုက်သည်။ ရှူမင်ယန်က စာအုပ်ကို မြှောက်၍ နှင်းလုံးကို ကာလိုက်ကာ လမ်းကြောင်းပြောင်း၍ ထန်ဂျီဆီ ပစ်လိုက်သည်။ ထန်ဂျီက လက်ကိုမြှောက်၍ နှင်းလုံးဆီ လက်ညှိုးကို ညွှန်လိုက်သည်။ လေပြင်းတစ်ချက်က နှင်းလုံးဆီ ပြေးဝင်သွားသည်။ ထိုသည်က စွမ်းအင်အပ်ပင်။ သို့သော် နှင်းလုံးက မြန်ဆန်လှပြီး တဝှီဝှီလည်ကာ လမ်းကြောင်း ပြောင်း၍ ချိုက်ကျွန်းယန်ဆီ ပြေးဝင်သွားပြန်သည်။ ချိုက်ကျွန်းယန်က နှင်းလုံးကို ဒီတိုင်း ခပ်ပြုံးပြုံးနှင့် ကြည့်နေပြီး နီးလာမှသာ ဓါးဖြင့် ခုတ်ချလိုက်ရာ နင်းလုံးက ကြေမွှသွားလေသည်။ လျူဟုန်ယန်က သူက ထိုသို့ တိုက်ခိုက်မည် ထင်မထားသောကြောင့် မျက်စောင်းဖြင့် ထိုးလိုက်သည်။ သူမက လက်ကို တစ်ချက် ထပ်လှုပ်လိုက်ရာ နှင်းထုက တစ်ဝှီဝှီနှင့် ပျံ့ကြဲလွင့်ပျံသွားပြီး လူတိုင်းကို ဖုံးအုပ်သွားသည်။ လူတိုင်းက ဝင်၍ နှင်းလုံးပစ်ခြင်းကို ဆော့ကြလေသည်။ ဆောင်းတွင်းမရှိ၍ လူသိပ်မရှိရာ သူတို့က လွတ်လွတ်လပ်လပ် ဆော့နိုင်သလို ဖြတ်သွား ဖြတ်လာများကလည်း သူတို့သည် ကျောင်းတော်ကမှန်း သိ၍ ဘာမျှ မပြောကြချေ။ သူတို့က အတန်ကြာ ဆော့ပြီးမှ နားလိုက်ကြသည်။ လျူဟုန်ယန်က ပြုံးရွှင်စွာ ပြောလိုက်သည်။ "ရပြီ ရပြီ။ ရပ်ရအောင်။ ဟိုမှာ ကျီယွမ်က ငိုတော့မယ်" ဧည့်လမ်းညွှန် ကျောင်းသားမှာ ယန်ကျီယွမ် ဖြစ်ပြီး သူက သေချာ ပြောပြနေစဉ်တွင် အခြားသူများက ဆော့နေကြသဖြင့် စိတ်ဓါတ်ကျနေပုံ ရလေသည်။ ပင်ကျင်းယူက ရုတ်တရက် ထပြောသည်။ "ဒါက ထူးဆန်းတယ်။ ငါက ကျောင်းမှား ပျင်းလွန်းလို့ သေတော့မလိုပဲ။ နေ့တိုင်း ကျင့်ကြံနေရတာ။ ငါက အပြင်ထွက်ပြီး လျှောက်လည်ရရင် ကောင်းမှာပဲ တွေးနေတာ။ ခုဒီရောက်တော့လဲ ဂါထာတွေ ပညာတွေက ပိုပြီး စိတ်ဝင်စားစရာ ကောင်းတယ်လို့ ငါကတွေးနေတာ" "ဟုတ်တယ်" "အဲ့ဒါ ဟုတ်တယ်" လူတိုင်းက သူတို့ သဘောတူကြောင်း ပြောလိုက်သည်။ သူတို့က သူငယ်ချင်းများနှင့် လျှောက်လည်နေရ သဖြင့် ပျော်ြကသော်လည်း ပတ်ဝန်းကျင် လှပမှုများကို သိပ်အရေးမထားမိချေ။ သူတို့က ကျင့်ကြံခြင်း အကြောင်းများကိုသာ ဆွေးနွေးဖြစ်ကြသည်။ လျူဟုန်ယန်ကပင် သူမ၏ မေးစေ့ကို ပွတ်၍ စဉ်းစားနေသည်။"အဲ့ဒါ ဟုတ်တယ်။ ထူးဆန်းတယ်။ ငါက နှင်းလုံးပစ် ဆော့ရတာ ကြိုက်တယ်။ ဒါပေမယ့် ခုကျ သိပ်မပျော် သလိုပဲ" "နင်က သိပ်မပျော်ဘူး။ နင်တစ်ယောက်ပဲ ဆော့နေရာ အပျော်ဆုံး ဒီမှာ" ရှူမင်းယန်က သူမကို ကြည့်၍ ပြောသည်။ ထန်ဂျီက ခပ်ပြုံးပြုံးဖြင့် ဝင်ပြောလိုက်သည်။ "ဒါက ဘာလို့လဲ ဆိုရင် ဒီအရာက ငါတို့နဲ့ မဆိုင်တော့လို့ပဲ" "ငါတို့နဲ့ မဆိုင်တော့လို့" လူတိုင်းက ထန်ဂျီကို ကြည့်လိုက်သည်။ "ဟုတ်တယ် ငါတို့နဲ့ မဆိုင်တော့ဘူး။ ငါတို့က ဒီနေ့မှာ ဒီနေရာမှ ရှုခင်းကြည့်ရင်း လျှောက်ဆော့ရင်း နေကြပေမယ့် နောက်ကျလို့ ငါတို့ရဲ့ ကျင့်ကြံဆင့်တွေ မြင့်လာတဲ့အခါ ဒါမျိုးလုပ်ဖို့တောင် ငါတို့က စိတ်ဝင်စားကြမှာ မဟုတ်တော့ဘူး""ဘာလို့လဲ" "ဘာလို့လဲဆိုရင် ငါတို့က သာမာန် သေမျိုး မဟုတ်တော့ဘူးလေ။ ကြိုက်သည် ဖြစ်စေ မကြိုက်သည် ဖြစ်စေ ငါတို့က သေမျိုးတွေနဲ့ တဖြည်းဖြည်း ဝေးသွားမှာပဲ။ သေမျိုးတွေက အိပ်မက်မက်နေရတဲ့ ကိစ္စမျိုးတွေက ငါတို့က ရလာမှာပဲ။ ဒီနှင်းတွေကိုပဲကြည့်။ နောက်ကျရင် ငါတို့က ဆောင်းလိုချင်ဆောင်း နွေလိုချင်နွေ ဖန်တီးလို့ရလာမှာ။ ကောင်းကင်ရှင်း တောင်တန်းက အမြဲတမ်း နွေးဦးရာသီ ဖြစ်နေသလိုပေါ့။ ပြီးတော့ ဒီသေမျိုးတွေ လိုချင်တာကို ကြည့်လိုက်။ ငါတို့က ငွေစတစ်စကိုတောင် တန်ဖိုး ထားကြတော့လို့လား။ ငါတို့က အဲ့လို လိုချင်မှုမျိုး မရှိတော့တာနဲ့ သူတို့လို ပျော်ရွှင်မှုမျိုး ငါတို့က ရဖို့ခက်သွားပြီ။ ငါတို့ ပုထုဇဉ်တွေရဲ့ ဒုက္ခတွေကနေ လွတ်မြောက်ဖို့ ကြိုးစားနေကြတာ။ ဒါပေမယ့် ငါတို့က သူတို့ရဲ့ ပျော်ရွှင်မှုကနေ တဖြေးဖြေး ဝေးလာမှာပဲ" လူတိုင်းက ဆွံ့အသွားသည်။ ယနေ့တွင် သူတို့က သူငယ်ချင်းများနှင့် လျှောက်လည်နိုင်သော်လည်း သူတို့က ကျောင်းပြီးသွားလျှင် သို့မဟုတ် ထိုမတိုင်မီပင် ထိုသို့ အပျော်ရှာမှုမျိုးကို ပျင်းရိသွားနိုင်လေသည်။ သူတို့က အဆင့်မြင့်လာလေ ပိုပြီးတော့ မြင့်သော အဆင့်ကို လိုချင်လေဖြစ်လာမည်။ သူတို့ ယနေ့ လျှောက်လည်သည့် ပျော်စရာ ကိစ္စကား သာမာန်လူဘဝ နောက်ဆုံး အမှတ်တရ ဖြစ်ကောင်း ဖြစ်နေနိုင်လေသည်။ လူတိုင်းက အတွေးကိုယ်စီနှင့် ရှိနေကြသည်။လျူဟုန်ယန် တစ်ယောက်တည်းကသာ ထရယ်လိုက်သည်။ "ဒါက ပျင်းစရာကြီး။ ငါတို့လို မသေမျိုး လမ်းစဉ် လိုက်သူတွေက အလိုရမ္မက်တွေနဲ့ ဆန္ဒတွေ မရှိကြတော့ဘူးလား" "ငါတို့ လမ်းဆုံးရောက်ရင်တော့ အဲ့လိုဖြစ်မယ်ထင်တယ်။ ကံကောင်းတာက လမ်းစဉ်အဆုံးရောက်ဖို့က အတော်ခက်တယ်" ထန်ဂျီက ဖြေလိုက်သည်။ "အဲ့ဒါဆို နင်ပြောတာက အမတလမ်းစဉ် ရှည်လျားလွန်းတာက ကောင်းတဲ့ ကိစ္စလို့ ပြောတာလား" ပင်ကျင်းယူက မေးလိုက်သည်။"အနည်းဆုံးတော့ ငါတို့မှာ ရည်မှန်းချက် ရှိတာပေါ့။ အနည်းဆုံးတော့ ခရီးတစ်လျှောက်မှာ ပျော်စရာတွေတော့ ရှာနိုင်သေးတာပေါ့.. ဒါမျိုး" ထန်ဂျီက ပြောနေရင်း သူက နှင်းတစ်ဆုပ်ကို ကောက်ယူလိုက်ကာ ပင်ကျင်းယူ၏ လည်ပင်းဆီ ပစ်လိုက်သည်။ ပင်ကျင်းယူက အ,ခနဲ အော်သည်။ သူက နှင်း၏ အအေးမှာ မျှော်မှန်းထားသည်လောက် မအေးကြောင်း သတိထားမိလိုက်သည်။ "နင်ပြောတာမှန်တယ်။ နာတာတော့ နည်းပေမယ့် ပျော်စရာ သိပ်မကောင်းဘူး။ ဒါပေမယ့် ငါ့ကို အလစ် တိုက်ရဲမှတော့ ငါ့ရဲ့ လျပ်စီးလက်ဝါးကို မြည်းလိုက်တော့" သူမက လက်ကို ရိုက်ထုတ်လိုက်ရာ လျပ်စီးလုံး တစ်လုံးက ထန်ဂျီဆီ ပျံဝင်လာသည်။ ထန်ဂျီက ရယ်ရင်း မောရင်း ရှောင်ပြေးလေသည်။ "ပြေးဖို့ မစဉ်းစားနဲ့" ပင်ကျင်းယူက ခုန်ဝင်၍ လှမ်းဆွဲသည်။ ထန်ဂျီက ခုန်၍ သစ်ကိုင်းကို ခိုတက်သည်။ ပင်ကျင်းယူက သူ၏ ခြေထောက်ကို ခုန်ဆွဲသည်။ အခြားကျောင်းသားများလည်း စ၍ နှင်းလုံးပစ် ဆော့ကြလေသည်။ သူတို့ ဆော့နေစဉ် လျူဟုန်ယန်က တစ်ခုခု အော်၍ ရပ်လိုက်သည်။ သူမက တစ်ဖက်ကို ကြည့်နေသည်။ လူတိုင်းက သူမကြည့်ရာ လိုက်ကြည့်လိုက်ရာ အမျိုးသမီးတစ်ယောက်က မြစ်တစ်ဖက်ကန်းတွင် ရပ်၍ ငေးနေသည်ကို တွေ့လိုက်ရလေသည်။ အမျိုးသမီးမှာ ပန်းရောင် ဝတ်စုံ၊ အဖြူရောင် မာဖလာနှင့် ပန်းချည်ထိုး ပန်းရောင်ဖိနပ်ကို စီးထားလေသည်။ သူမက မျက်နှာချေလိမ်းထားသော ပါးပြင်နှင့် အလွန်မှ လှပနေသည်။ သူမက မက်မုံပန်း တစ်ပွင့်ကို လက်တွင် ကိုင်ထားသည်။ ထိုပန်းမှာ ဆယ့်နှစ်လပိုင်းတွင် ပွင့်သည့်ပန်းဖြစ်၍ နှင်းများကြားတွင် ရဲရဲတောက် လှပနေသည်။ သူမနားတွင် ပိုးဖဲဝတ်စုံဝတ်ထားသည့် အမျိုးသား တစ်ယောက် ရပ်နေသည်။ သူ၏ မျက်ခုံးများမှာ ဖြောင့်တန်း၍ မျက်လုံးများ တောက်ပကာ အသားအရည်က ချောမွေ့လေသည်။ သူ့ခါးတွင် ဓါးတစ်လက်ကို ချိတ်ဆွဲထားသည်။ သူက အမျိုးသမီးနောက်တွင် ရပ်၍ တစ်ခုခု ပြောနေပုံရလေသည်။ အတန်ကြာပြီးနောက် သူက ခေါင်းကိုယမ်းရင်း ထွက်သွားလေသည်။ "အဲ့ဒီနှစ်ယောက်က..." လူများ၏ ထူးဆန်းသော မျက်နှာ အမူအယာကို မြင်၍ ဝေထျန်းချောင်က စပ်စုလိုက်သည်။ "ချီရှောက်မင်နဲ့ အန်ရူမန်" ထန်ဂျီက ဖြေလိုက်သည်။ ထိုအချိန်တွင် အမျိုးသားက ခေါင်းကို မော့၍ သူတို့ လူအုပ်ဆီ လှမ်းကြည့်လိုက်ရာ မျက်လုံများ ဆုံသွားကြလေသည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now