အခန်း (၈၈) ပြိုင်ဆိုင်ခြင်း

174 32 2
                                    

ထန်ဂျီက ဝေထျန်းချောင်ကို လက်နက် အပျက်များ သယ်လာခိုင်းသည်မှာ သူက လက်နက်မန္တာန်ကို သုံး၍ ရမရသိလို၍ ဖြစ်သည်။ သို့သော် သူ၏ တွေ့ရှိမှုက စိတ်ပျက်စရာပင်။

လက်နက် အပျက်များက လက်နက်မန္တာန်သုံး၍ ထပ်ကာ ဖျက်ဆီးနိုင်သော်လည်း ရွှေမှုန် မရချေ။ ထန်ဂျီက လက်နက်မန္တာန်သည် လက်နက် အကောင်းများပေါ်တွင်သာ သုံး၍ ရနိုင်ကြောင်း တွေးမိသည်။

သို့သော် ထိုသည်က အဘယ့်ကြောင့် ဖြစ်ရသနည်း။ ထန်ဂျီက အကြောင်းအရင်းကို စဉ်းစား၍ မရချေ။

လက်နက်မန္တာန်သည် သူသိသမျှထဲတွင် အကောင်းဆုံ ပညာရပ်ဖြစ်ကာ အခြားပညာများနှင့် လုံးလုံး မတူချေ။

သို့သော် ရီရှင်း၏ ရဲတင်းမှ ရသည့် ရွှေမှုန်မှာ ထန်ဂျီကို အံ့ဩစရာ တစ်ခု ပေးလေသည်။

ထိုရွှေမှုန်မှာ ခရမ်းမီးတောက်ဓါးဆီက ရသည့်အရာထက် ကြီးလေသည်။ ရီရှင်း၏ လက်နက်မှာ အလယ်အဆင့် အဆင့်နိမ့် လက်နက် ဖြစ်သဖြင့် လက်နက်ပိုအဆင့်မြင့်လေ ရသည့် ရွှေမှုန် ပိုကြီးလေ ဖြစ်ရပေမည်။ ရွှေမှုန်များအားလုံး ပေါင်းလိုက်သော်အခါ ပို၍ ကြီးသည့် ရွှေမှုန် တစ်ခုရလာလေသည်။

သူက ရွှေမှုန်ကို သိမ်းလိုက်ကာ ကျင့်ကြံလိုက်သည်။

နောက်နေ့မနက်တွင် ချိုက်ကျွန်းယန်နှင့် လျူဟုန်ယန်တို့က သူ့ဆီရောက်လာသည်။

"ထန်ဂျီ။ မင်းက လူဆိုးပဲ။ မနေ့တုန်းက တိုက်ပွဲကွင်းသွားပြီး ပထမနေရာ ယူတာ ငါ့တောင် မပြောဘူး။ မင်းက ငါတို့ မရှိတုန်း ပြေးတိုက်တာပေါ့။ မင်းကို ငါတို့က စောင့်နေတာ ကြာပြီ။ ငါတို့ မရှိမှ သွားတာပေါ့ ဟုတ်လား" ချိုက်ကျွန်းယန်က ခရီးရောက်မဆိုက် ပြောလိုက်သည်။

"မင်းတို့အကုန်လုံးနဲ့ ငါက ဘယ်လို တိုက်ရဲမလဲ။ မင်းတို့မရှိတုန်း အဲ့ဒီကို သွားမှ ငါက ပထမရမှာပေါ့ဟ" ထန်ဂျီက ရယ်ရယ်မောမော ပြောသည်။

"ငါ့ကို လာမပတ်နဲ့။ လာလာ။ သွားရအောင်" ချိုက်ကျွန်းယန်က ထန်ဂျီကို ဆွဲခေါ်သည်။

"ဘယ်ကိုလဲ" ထန်ဂျီက မေးသည်။

"ဘယ်ရမလဲ။ တိုက်ပွဲကွင်းပေါ့ဟ။ မင်းနဲ့ တစ်ခါလောက် တိုက်ရအောင်" ချိုက်ကျွန်းယန်က အော်ပြောသည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Tempat cerita menjadi hidup. Temukan sekarang