အခန်း (၁၂၂) သေတ္တာ

153 23 3
                                    


ကုပိုင် သေသွားလေပြီ။ ကုချန်ချင်းက သူ့အား သတ်လိုက်ခြင်းပင်။ ကုချန်ချင်းအနေဖြင့် သူ့နောက်လိုက် တစ်ယောက်အား စိတ်ဖောက်သွားသည်ထက် သေသွားသည်က ကောင်းသည်ဟု ယူဆသည်။

သူက ကုပိုင်၏ မျက်လုံးကို ပိတ်ပေးလိုက်ပြီးနောက် ထန်ဂျီဘက် လှည့်ကြည့်လိုက်သည်။

"မင်းက ငါ့ညီအစ်ကို တစ်ယောက်ကို သတ်လိုက်ပြန်ပြီ"

"ဒါက ကျုပ်နဲ့ ဘာမှ မဆိုင်ဘူးလေ။ ကျုပ်ရဲ့ လျှို့ဝှက် ပညာက ဝိဉာဉ်ရှာတာကို ခုခံတဲ့ဟာပဲ။ ဒါပေမယ့် အဲ့ဒါက တန်ပြန် ဆိုးကျိုး ဖြစ်စေလောက်အောင်တော့ မရှိပါဘူး။ အဓိကက သူ့ရဲ့ ကျင့်ကြံဆင့်က နိမ့်နေတာပဲ" ထန်ဂျီက အေးဆေးစွာ ပြောလိုက်သည်။

သူက လူများကို ခြိမ်းခြောက်ခဲ့ပြီးနောက် ထိုသို့ တစ်ဖန် ပြောနေပြန်သည်။

"မင်းအနေနဲ့ သူ့ကို သတိပေးလို့တော့ ရတာပဲ" သိမ်းငှက်ခန်းမ တပည့်တစ်ယောက်က ဒေါသဖြင့် ပြောလိုက်သည်။

ထန်ဂျီက သူ့အား ငတုံးလိုကြည့်လိုက်သည်။

"ငါက ပြောရင်တောင် မင်းက ယုံမှာမလို့လား" ထန်ဂျီက ပြောလိုက်သည်။

ဟုတ်ပေသည်။

သူတို့က ယုံလေမည်လား။

အချို့ကိစ္စများမှာ လူများက ယုံကြည်ရန် ကိုယ်ကိုယ်တိုင် စမ်းကြည့်ရလေသည်။ ကုချန်ချင်းက ထရယ်လိုက်သည်။

"ကောင်းတယ်။ အရမ်းကို ကောင်းတယ်။ ထန်ဂျီ မင်းက သေချာ ပြင်ဆင်ထားတာပဲ။ ကြည့်ရတာ မင်းက ရည်ရွယ်ချက် ရှိရှိ အဖမ်းခံခဲ့တာပဲ"

"ကျုပ်က အဲ့ဒါက မဟုတ်ဘူး ကျုပ်က ထန်ကျိရီ တစ်ကယ်မဟုတ်ဘဲ ဒီ ပညာကို ကံကောင်းလို့ ရခဲ့တာလို့ ပြောရင်ရော ခင်ဗျားက ယုံမှာ မလို့လား" ထန်ဂျီက ပြုံး၍ ပြောလိုက်သည်။

"ဒါဆိုရင်တော့ မင်းက ကံကောင်းတာ အတော်များများကို ကြုံခဲ့ရတာ ဖြစ်မယ်"

ထန်ဂျီက ပုခုံးကို တွန့်၍ ပြောသည်။ "ဟုတ်တယ်။ ကောင်းကင်က ကျုပ်ကို သဘောကျတာနေမယ်"

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now