အခန်း (၁၁၇) ဖမ်းခြင်း (၁)

146 22 0
                                    


ထန်ဂျီဆီမှ ဒေါသထွက်သော အမူအယာများ ပေါ်လာလေသည်။ ကုချန်ချင်းက အဘယ့်ကြောင့် ထိုသို့ လုပ်ရပ်မျိုး လုပ်လေသနည်း။

ထန်ဂျီက ကုချန်ချင်းအား မုန်းတီးသော အမူအယာနှင့် ကြည့်နေသည်။ ကုချန်ချင်းက အဘယ့်ကြောင့် ထိုအဖြစ်ကို ရုတ်တရက် ပြောသည်ကို သူသိလေသည်။ သူက ထန်ဂျီအား ထန်ကျိရီ ဟုတ်မဟုတ် စကြည့်ချင်ပင်။

အန်းယန်မှ လူများက ထန်ကျိရီဟု စစ်ဆေးပေးသော်လည်း သူက သူ့နည်းလမ်းဖြင့် စစ်ကြည့်ချင်သေးသည်။ ထိုနည်းလမ်းက သက်သေဖြင့် ကြည့်ခိုင်းခြင်းထက် စိတ်ချရသော အပိုင်းများ ရှိလေသည်။

ထန်ဂျီက အစပိုင်းတွင် ထိန်းသိမ်းထားသော်လည်း ယခုမူ မရတော့ချေ။ သေသူများအား အေးအေး ချမ်းချမ်း မနေရအောင် လုပ်ခြင်းကား အတော်လေး ရွံစရာကောင်းသော အပြုအမူပင်။

ထိုအချိန်တွင် အော်သံ တစ်ခု ထွက်လာသည်။

"တိရိစ္ဆာန်" ချိုက်ကျွန်းယန်၏ အသံကို လူတိုင်းက ကြားလိုက်ရသည်။

သူက ကုချန်ချင်းကို လက်ညှိုးငေါက်ငေါက် ထိုး၍ အော်သည်။

"ကုချန်ချင်း မင်းက လူဟုတ်သေးရဲ့လား။ အုတ်ဂူကို တူးပြီး အလောင်းကို ဖျက်ဆီးတာ လူရော နတ်ရော မကြိုက်တဲ့ အလုပ်ပဲ"

တစ်ခါတစ်ရံတွင် မုန်းတီးမှုပင် မဟုတ်ပဲ မကောင်းမှုက လူများ၏ ဒေါသကို ယူလာတတ်လေသည်။

ကုချန်ချင်းက ထိုသည်ကို မျှော်လင့်မထားချေ။ သူက ထန်ဂျီအား ရန်စခြင်း ဖြစ်သော်လည်း ချိုက်ကျွန်းယန်က ထွက်လာလေသည်။ သူက အနည်းငယ်ပင် အံ့အားသင့်သွားသည်။

ထို့ပြင် လျူဟုန်ယန်နှင် ကျန်သူများလည်း သူ့အား ဒေါသတကြီးဖြင့် ကြည့်လာကြသည်။

"အဲ့ဒီ မြစ်ငယ်ရွာသားတွေက ဘာအမှု ကျူးလွန်လို့လဲ။ ဓါးပြတွေက ရွာလုံးကျွတ် အသတ်ခံရတဲ့ အပြင် အလောင်းပါ တူးထုတ် ခံရသေးတယ်။ ရှင်က ထန်ကျိရီနောက် လိုက်ချင်ရင် ထန်ကျိရီကို စုံစမ်းပေါ့။ ဘာလို့ အပြစ်မရှိတဲ့ သူတွေကို သွားဆွဲရတာလဲ။ သေပြီးတာတောင် အလောင်းပြည့်ပြည့်စုံစုံ မရှိအောင်လုပ်တယ်" လျူဟုန်ယန်က အော်လိုက်သည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now