အခန်း (၁၈၂) ပဋိကစိတ်

84 11 0
                                    


(ပဋိက ဆိုတာ ဒေါသလို့ ပြောလို့ ရမယ်ထင်တယ်။ ပဋိက သံယောဇဉ်ဆိုတာ ဒေါသစေတသိတ်တဲ့။ ဒေါသနဲ့ ဆက်စပ်တဲ့ စိတ်အားလုံးလို့လည်း ဆိုမယ် ထင်တယ်။)

သွေးများက လေထဲတွင် ဖြာကျသွားချိန်တွင် ကျောင်းကင်တွင် မီးပန်းက ကွဲသွားသည်။

ကျောင်းသားများက မီးပန်းကို ကြည့်ရင်း စိတ်ထဲတွင် လေးသွားသည်။ တာဝန်က ပြီးဆုံးသွားချေပြီ။

လူတိုင်းက ကျောက်ရုပ်များလို ဖြစ်သွားကာ မျက်လုံးကိုပင် မယုံကြချေ။

ဂါထာများ ထုတ်ရန် လုပ်နေသည့် ကျောင်းသားများကလည်း ရပ်သွားသည်။ တစ်ယောက်ယောက်က လောက၏ ရပ်ခလုတ်ကို နှိပ်လိုက်သလိုပင်။ မီးပန်းကို ကြည့်ကာ ထန်ဂျီက ရယ်လိုက်သည်။

"ဘယ်သူလာအုံးမလဲ" သူက မေးသည်။

မည်သူမျှ မဖြေချေ။

အဓိပ္ပါယ်မရှိသော တိုက်ပွဲ...

မိုက်မဲသော တိုက်ပွဲ...

လောဘတိုက်ပွဲပင်..

လောဘက လူများကို ရူးသွားစေကာ အမှားအမှန် မစဉ်းစားတော့ချေ။ သူတို့က မီးပန်းကို မြင်လိုက်ရတော့မှသာ သတိဝင်လာကြကာ ဘာဖြစ်သွားမှန်း သိလိုက်သည်။

တစ်ချိန်တည်းတွင်ပင် သူတို့က ထန်ဂျီ၏ ခွန်အား ရက်စက်မှုနှင့် ပြတ်သားမှုကို လန့်သွားသည်။ သူက လူရာချီတိုက်သည်ကို ခုခံနိုင်ခဲ့ပြီး လုဖေးကို သတ်နိုင်ခဲ့သည်။

ထိုသည်ကား ဒုတိယနှစ် ကျောင်းသား ဟုတ်ပါလေရဲ့လား...

ပိုင်ကန်းဟိုင်ပင် ထိုမျှ ကောင်းမည် မဟုတ်ချေ။ လူတိုင်းက ထန်ဂျီကို ကြောက်ရွံ့စွာ ကြည့်လိုက်သည်။

မည်သူမျှ ထန်ဂျီ မည်မျှ အစွမ်းကျန်သေးမှန်း မသိချေ။

သူ၏ ပြန်ကောင်းနှုန်း၊ ဝူဝမ်စာလုံးနှင့် မဆုတ်မနစ် တိုက်ခိုက်မှုကြောင့်သာ မဟုတ်လျှင် သူက မှောက်နေလောက်ချေပြီ။

သို့သော် သူက ယခုအထိ ရပ်နေဆဲပင်။

သူက လူအုပ်ကို အေးစက်စွာ ကြည့်လိုက်ရင်း ထွက်လာသည်။ အဓိပ္ပါယ်မဲ့ တိုက်ပွဲကား ပြီးသွားချေပြီ။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now