အခန်း (၁၆၃) အမှတ်အသား

97 13 0
                                    


သစ္စာမြင် ပုဂ္ဂိုလ်ချန်ဖုန်း၏ တာဝန်မှာ လူတိုင်းအတွက် သဲလွန်စများ ပေးထားသည်ပင်။ ကျောင်းသားများကသာ ခေါင်းမပါသော ယင်ကဲ့သို့ လျှောက်ရှာနေခြင်းပင်။ သူတို့ လုပ်ဖို့ လိုသည်မှာ ခေါင်းအေးအေးထား၍ စဉ်းစားလျှင် အဖြေပေါ်မည်သာ။

စာကြည့်တိုက်တွင် ထန်ဂျီတွေ့သည့် မှတ်တမ်းမှာ လင်းလန်နှင့် ပတ်သက်လေသည်။ ထိုမှတ်တမ်းများမှာ သိသာသော နေရာတွင် ရှိနေကာ သိသာစွာပင် အမှတ်အသား ပြုထားလေသည်။ ကျောင်းသားများက စာကြည့်တိုက်သွားလျှင် အလွယ်တကူ တွေ့မည် ဖြစ်သည်။

ထိုမှတ်တမ်းထဲတွင် ခဏခဏပါသော နာမည်မှာ ရှုမုကျွန် ဖြစ်လေသည်။

မှတ်တမ်းတွင် ရှုမုကွန်က ဖုန်းယင်သို့သွားသည်ဟု ပါလေသည်။

ယန်စီရင်စုဆိုသည့် သဲလွန်စနှင့် ပေါင်းလျှင် ရှုမုကျွန်ဆီမှာ လင်းလန် ရှိနေသည် ဆိုသည်မှာ သိသာလှသည်။

သူဖြဲယူလာခဲ့သော် မှတ်တမ်းမှာမူ ဘာမျှ မဆိုင်သည့်ဟာသာ။ သူက ရီထျန်းရှန်တို့ကို အရူးလုပ်ရန်သာ။ ရီထျန်းရှန်က သူ့ကို မှီလျှင်တောင် အရူးလုပ်ခံရမည် သက်သက်သာ။

သို့သော် ရီထျန်းရှန်က သူ့အာ ဆက်လိုက်မဖမ်းတော့ပဲ စွန်းပေါင်ရန်ကို မေးရန် ပြန်သွားသည်။

ကျောင်းအုပ်စွန်းကို လရောင်လှုံဂိုဏ်းက တစ်ခုခု ပြောထားသလား မထားသလား သူမသိချေ။ သူက မပြောပဲ နေမည်လား။ ပြောမည်လား မသေချာချေ။

ထန်ဂျီက စိတ်သိပ်မပူချေ။

"ငါတို့ လုပ်ဖို့ လိုတာက မြင်းဝယ်ပြီး ဖုန်းယင်ကို သွားဖို့ပဲ။ အဲ့ဒီကို ရောက်ရင် လင်းလန် ခေါင်းကို ဖြတ်နိုင်ပြီ။ အဲ့ဒါဆို တာဝန်ပြီးပြီ" ထန်ဂျီက ပြောလိုက်သည်။

"သွားမယ်.. သွားမယ်" ရှီမန်နှင့် ဝေထျန်းချောင်တို့ကား ပျော်ရွှင်စွာ အော်လိုက်ကြသည်။

........

ယန်စီရင်စု။

ကျောင်းပင် ခရိုင်။

မြို့အတွင်းရှိ လဖက်ရည်ဆိုင် တစ်ဆိုင်တွင် လျူဟုန်ယန်က လဖက်ရည်ကို ဖြေးညှင်းစွာ သောက်နေကာ ဒုတိယထပ်ရှိ ပြတင်းပေါက် ဘေးတွင် ထိုင်နေသည်။ သူမက ပြတင်းပေါက်မှ ငေးနေသည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now