အခန်း (၅၇) ရေပြင်ညီဓါး ဆယ့်နှစ်ကွက်

205 32 0
                                    

"ဟင် မင်းက အဏ္ဏဝါအလင်းကာကို ထုတ်ပြီးတော့ ရေပြင်ညီဓါး ဆယ့်နှစ်ကွက်ကို ဝယ်ခဲ့တာလား"

ဝေထျန်းချောင်က ထန်ဂျီကို မျက်လုံးပြူး၍ မေးသည်။

"မဟုတ်ဘူး ရေပြင်ညီဓါး ဆယ့်နှစ်ကွက်ကို ထုတ်ခဲ့ပြီး အဏ္ဏဝါ အလင်းကာကို ဝယ်ခဲ့တာ" ဟု ထန်ဂှက ပြောသည်။

"အဲ့ဒါ ဘာကွာလို့တုန်း" ဝေထျန်းချောင်က သူ့အား တီးချင်သွားသည်။

"ဘယ်လိုပဲ ဖြစ်ဖြစ် ဂါထာပညာတစ်ခုကို ဝယ်ခဲ့တာပဲလေ"

'မင်းက ရေပြင်ညီဓါး ဆယ့်နှစ်ကွက်က သိုင်းပညာဖြစ်ပြီး ဂါထာပညာမဟုတ်တာတော့ သိသေးတယ်ပေါ့" ဝေထျန်းချောင်က ထန်ဂျီ၏ စကားအရ ရူးချင်ချင်ပင် ဖြစ်နေသည်။

သိုင်းပညာဆိုသည်မှာ သေမျိုး ပညာပင်။

အခြားဘက်က ကြည့်လျှင် ထိုပညာက သေမျိုးများ သင်သော ပညာဖြစ်သည်။ ကျင့်ကြံသူများက ထိုပညာများကို မသင်ချင်ကြချေ။ ထန်ဂျီက ရူးနေ၍ ထိုသို့ သိုင်းပညာကို ထုတ်ခဲ့လေသည်လား။

ထိုသည်က ယေး၊ ဟားဗတ်၊ ချင်ဟွာနှင့် ပီကင်း တက္ကသိုလ်ဝင်ခွင့်များကို ငြင်း၍ တတိယတန်းစား ဒီပလိုမာ ကောလိပ်တစ်ခုကို သွားသည်နှင့် တူနေသည်။

"ဒါက ကျင့်ကြံသူရော သေမျိုးရော သုံးလို့ရပါတယ်" ထန်ဂျီက ပြုံး၍ ပြောသည်။

"ဒါပေမယ့် ဒါက သိုင်းပညာပဲလေ"

ဝေထျန်းချောင်က ရင်ဘတ်ကို အုပ်၍ သူ့မျက်နှာက စိတ်ပျက်မှုများ အထင်းသားပင်။

ကျင့်ကြံသူများပါ အသုံးပြုနိုင်သည့် သိုင်းပညာဆိုလျှင် ထိုပညာတွင် ထူးခြားချက် ရှိမည်ဖြစ်ကာ ကျင့်ကြံသူများက တစ်ခုခုကို ထိုပညာရပ်ထဲတွင် တွေ့နိုင်လေသည်။

ရေပြင်ညီဓါးသိုင်းမှာ အထူးသိုင်းပညာ တစ်မျိုးဖြစ်သည်။ နို့မဟုတ်ပါက ကျောင်းတော်၏ ကျမ်းစာတိုက်တွင် ထားမည် မဟုတ်ချေ။ ရေပြင်ညီဓါးသိုင်းမှာ ဓါးဝေ့ယမ်းကွက်များကို ကျင့်သည့် ပညာ ဖြစ်ပြီး ခွန်အား လိုအပ်ချက် မြင့်လေသည်။

သာမာန်လူများအတွက် ထိုလိုအပ်ချက်မှာ ရုပ်ခန္တာအင်အား ဖြစ်ပြီး ကျင့်ကြံသူများအတွက်မှု ချီစွမ်းအင် ဖြစ်သည်။ ချီစွမ်းအင်ဖြင့် ထုတ်လွှတ်သောဓါးသိုင်းမှာ အများကြီး သာလေသည်။ မည်သို့ပင် ဆိုစေ သေမျိုးသိုင်းက သေမျိုးသိုင်းသာ ဖြစ်ပြီး အကန့်အသတ်တော့ ရှိသည်သာ။ ထိုသည်က ဂါထာပညာရပ်များထက်တော့ မသာနိုင်ချေ။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Wo Geschichten leben. Entdecke jetzt