အခန်း (၉၀) စံချိန်

161 39 0
                                    

နတ်ခန်းမကိုးခု...

ထန်ဂျီက ရုတ်တရက် ခန်းမရှေ့တွင် ပြန်ပေါ်လာသည်။ သူက ယိုင်ထိုးနေပြီး မျက်နှာက ဖြူရော်နေကာ သွေးတစ်လုပ် အန်လိုက်သည်။

"နောက်ဆုံး ဆယ်မှတ်က အတော်ခက်တာပဲ"

သူက ကျောက်စိမ်းပြားကို ထုတ်၍ ကြည့်လိုက်ရာ အမှတ် ၉၁ မှတ်ဟု တွေ့လိုက်သည်။

သို့သော် ထန်ဂျီက ထိုတစ်မှတ်အတွက် ဒဏ်ရာရလိုက်ခြင်း ဖြစ်သည်။ ထိုတစ်မှတ်အတွက် အသိပ်ခံလိုက်ရသည်ကား သွေးအန်သည် အထိပင်။ သူ့အနေဖြင့် နောက်တစ်လှည့်သာ ခံရပါက သေလောက်သည်။

အကြီးအကဲက ထိုနေရာတွင် မရှိချေ။ ထန်ဂျီက ဘေးတွင်ကပ်၍ နားနေလိုက်သည်။ သူက လုပ်စရာ မရှိသဖြင့် အခြားသူများ၏ မှတ်တမ်းများကို ကြည့်လိုက်သည်။

မှတ်တမ်းတင် သင်ပုန်းတွင် အမှတ်များနှင့် ကျောင်းသားများ နာမည်များ ရေးထားသည်။ ထိုသင်ပုန်းပေါ်ရှိ အမှတ်များက ကျောက်စိမ်းပြားများပေါ်ရှ အမှတ်များနှင့် အတူတူပင်။

သင်ပုန်းပေါ်တွင် ခုခံခြင်း ခန်းမ၏ ယခုနှစ်အတွက် အမှတ်များ ရှိနေသည်။ ထန်ဂျီက လက်ရှိတွင် ထိပ်မှာ ရှိသည်။ သူ၏ စံချိန်က မပြောင်းချေ။ ဒုတိယနေရာမှာ ချီရှောက်မင် ဖြစ်ကာ ၈၃ မှတ် ဖြစ်လေသည်။

"သူက အတော်လေး လိုက်မီလာတာပဲ" ထန်ဂျီက ရေရွတ်လိုက်သည်။

သူမှတ်မိတာ မမှားလျှင် ချီရှောက်မင်၏ အမှတ်က မနေ့က ၈၀ ဖြစ်လေသည်။ တစ်ရက်အတွင်း သူက သုံးမှတ်တိုးလာသည်။ သူ့အောက်တွင် ဖန်ကျီဆိုသည့် တစ်ယောက်ရှိပြီး ထန်ဂျီက မသိချေ။

သင်ပုန်းပေါ်တွင် ထန်ဂျီထက်ပင် မြင့်သော နာမည် တစ်ခုရှိလေသည်။

ကန်ချင်းဖုန်း ဖြစ်သည်။ ထိုနာမည်အောက်တွင် မှတ်ချက် တစ်ခု ရှိလေသည်။

"ကန်ချင်းဖုန်း ၄၄၂ခုမြောက် အတန်းမှဖြစ်ပြီး လက်ရှိ နတ်ကာကွယ်ခန်းမ၏ ချီစမ်းရည် အဆင့် စံချိန်ရှင် ဖြစ်သည်။ သူက ၃၅ စက္ကန့်အထိ ကြာခဲ့သည်"

"ကန်ချင်းဖုန်း... ၃၅ စက္ကန့်" ထန်ဂျီက မျက်မှောင် ကြုတ်လိုက်သည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now