အခန်း (၁၁၂) ခွဲခွာခြင်း

145 22 0
                                    


ကျားရဲ၏ ဝမ်းနည်းဝေခွဲမရသော အကြည့်များက ကျားလေးနှစ်ကောင်ကို တစ်လှည့်စီ ကြည့်နေလေသည်။ နောက်ဆုံးတွင် တုံယင်သော လက်များဖြင့် ကျားလေးတစ်ကောင်ကို ညွှန်လိုက်သည်။

"ဒီကောင်လေးကို ခေါ်သွား"

ထို့နောက် ကျားက မျက်နှာကို လွှဲလိုက်သည်။

ထန်ဂျီက ရှေ့တိုးလာပြီး နှစ်ကောင်ထဲမှ အငယ်ကောင်လေးကို ကောက်ယူလိုက်သည်။ ထိုကောင်လေးက ထန်ဂျီလက်ကို ကိုက်ရန် လုပ်လေသည်။ ငယ်သေးသဖြင့် ထန်ဂျီကို ပေါက်အောင် မကိုက်နိုင်ချေ။

ထန်ဂျီက ကျားလေးကို လက်နှစ်ဖက်ဖြင့် မြှောက်၍ ကြည့်လိုက်သည်။ ကျားလေးက ထန်ဂျီ၏ လက်ခွကြားကို ကိုက်ကာ လက်များဖြင့် ပုတ်ရန် ကြိုးစားနေသည်။ အကြီးကောင်လေးက တိုးလာပြီး ထန်ဂျီ၏ ခြေထောက်ကို ကိုက်လေသည်။

ထန်ဂျီက ထိုချစ်စရာ ကောင်လေးနှစ်ကောင်ကို ကြည့်၍ သဘောတွေ ကျနေသည်။

"နာမည် ပေးပြီးပြီလား။"

ကျားက ခေါင်းခါလိုက်သည်။

"မပေးရသေးဘူး။ ငါတို့ ကျားတွေက သားရဲတွေရဲ့ ဘုရင်ပဲ။ ငါတို့မျိုးနွယ်ရဲ့ မျိုးရိုးနာမည်က ဝမ် (ဘုရင်)။ ငါ့နာမည်က ဝမ်ပိုကွမ်း.... မင်းပဲ သူတို့ကို နာမည်ပေးလိုက်"

"ဝမ်ပိုကွမ်း (အချုပ်အနှောင်မှ ထွက်ခြင်း)...ကျုပ်နာလည်ပြီ။ သူတို့ကို လွတ်လပ်ပြီး အနှောင်အဖွဲ့ကင်းလို့ ပေးမယ်။ ရှောင်ယောင် (ရှောင်းယောင်လည်း ဖြစ်ချင်ဖြစ်မယ်)။ ဆိုတော့ ဝမ်ရှောင်နဲ့ ဝမ်ယောင်ပေါ့။ ငယ်နာမည်ကတော့ ဒီကောင်လေးရဲ့ ခေါင်းအရာ ပေါင်အာလို့(အမွေးထူတာကို ပြောတာနေမယ်) ခေါ်လိုက်မယ်။"

သူက ကျားလေးကို ရင်ခွင်ထဲ ပိုက်လိုက်ပြီး သဘောကျစွာ ကြည့်လိုက်သည်။

ကျားများသည် ရက်စက်သော်လည်း သားပေါက်များမှာ အလွန် ချစ်စရာ ကောင်းလေသည်။ ထန်ဂျီကလည်း သဘောကျသည်သာ။ ဝမ်ပိုကွမ်းက ထိုမြင်ကွင်းကို ကြည့်၍ နည်းနည်း စိတ်အေးသွားသည်။ သို့သော် သူက သူ့ကလေးနှင့် ခွဲခွာရမည်ကို‌တွေး၍ ဝမ်းနည်းနေသည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Nơi câu chuyện tồn tại. Hãy khám phá bây giờ