အခန်း (၁၃၄) သတိပေးတံခါး အလံ

164 27 2
                                    


"အား" ထိုဂိုဏ်းသားက နာကျင်စွာ အော်လိုက်သည်။ တိုက်ပွဲတွင် ရှိနေသူ အကုန်လုံးက လှည့်ကြည့်လိုက်ရာ ထန်ဂျီက ထိုလူ၏ လည်ပင်းဆီမှ လက်ကို ပြန်ရုတ်လာသည်ကို တွေ့လိုက်ရသည်။

"ထန်ဂျီ" တုပိုင်ရှင်း၏ မျက်လုံးက စိတ်လှုပ်ရှားမှုများ ပြည့်သွားသည်။

"ပြော... မင်းက ကုချန်ချင်းကို သတ်လိုက်တာလား"

"ခင်ဗျားက ခုလေးတင်မှ သေသွားတဲ့ ခင်ဗျား ညီအစ်ကိုအကြောင်း မမေးပဲ ကုချန်ချင်း အကြောင်းကို မေးနေတယ်။ ကောင်းကင် ပျက်သုဉ်းဂိုဏ်းက တစ်ကယ်ကို ပျက်ဆီးနေတာပဲ" ထန်ဂျီက ထရပ်လိုက်သည်။

"ကုချန်ချင်းလား... ဟုတ်တယ်။ သူက သေပြီ။ သူ့ခေါင်းက ဒီအိတ်ထဲမှာ" ထန်ဂျီက ခါးမှ အိတ်များကို ပုတ်ပြရင်း ပြောလိုက်သည်။

ကုချန်ချင်းက တစ်ကယ် သေလေပြီ။ လူတိုင်းက အိတ်ကို စိတ်လှုပ်ရှားစွာ ကြည့်နေကြသည်။ တုပိုင်ရှောင်းက အော်သည်။

"အိတ်ကို ပေးစမ်း။ လရောင်လှုံဂိုဏ်းကို လေးစားတဲ့အနေနဲ့ မင်းကို ငါမသတ်တော့ဘူး"

"ကျုပ်ကို မသတ်ဘူး။" ထန်ဂျီက ခပ်သဲ့သဲ့ ရယ်သည်။

"ခင်ဗျားက ကျုပ်ကို မသတ်ရင် လရောင်လှုံဂိုဏ်းကို ဘယ်လို ပြောမှာလဲ။ လရောင်လှုံဂိုဏ်းက ခေါင်းကိုပဲ စိတ်ဝင်စားပြီး ခင်ဗျားဘယ်လို ရလာတယ် စိတ်မဝင်စားရင်တောင် ကျုပ်က လရောင်လှုံဂိုဏ်းသား အနေနဲ့ ခင်ဗျား ကျုပ်ဆီက ဓါးပြ တိုက်သွားတာကို လက်စားပြန်မချေဘူးလို့ ခင်ဗျားက ဘယ်လိုလုပ် သိလဲ။ ခင်ဗျားက ကျုပ်ကို ကလေးများ မှတ်နေလား"

တုပိုင်ရှန်းက ကြောင်သွားသည်။ ထို့နောက် သူမျက်နှာက သတ်ဖြတ်လိုရိပ်များ ပေါ်လာလေသည်။

"မင်းက လရောင်လှုံကျောင်းက ကျောင်းသားပဲလေ။ ဂိုဏ်းသားမှ မဟုတ်တာ။ အဲ့ဒါကို မောက်မာနေတာလား။ မင်းကို သတ်တော့ရော ဘာဖြစ်လဲ။ ငါတို့ဂိုဏ်းက လရောင်လှုံးဂိုဏ်းလို ဂိုဏ်းကြီး မဟုတ်ပေမယ့် အားနည်းတဲ့ ဂိုဏ်းတော့ မဟုတ်ဘူး။"

"အင်းးး.... ဒါပေါ့. ကောင်းကင် ပျက်သုဉ်းဂိုဏ်းက သူတော်စင် ပြည်မှာ အဆင့်တစ်ခုတော့ ရှိတာပေါ့။ မဟုတ်ရင် ခင်ဗျားတို့က ကျုပ်ကို ဘယ်ထိရဲမလဲ။ အနာဂတ်မှာ တစ်ခုခု ဖြစ်ရင်တောင် ခင်ဗျားတို့က လျော်ကြေး နည်းနည်း ပါးပါး ပေးရုံပဲ။ ဒါပေမယ့် ပြဿနာက ဒီနေရာမှာ ကောင်းကင် ပျက်သုဉ်းဂိုဏ်း တစ်ခုတည်း ရှိတနတာ မဟုတ်တာပဲ..."

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Unde poveștirile trăiesc. Descoperă acum