အခန်း (၁၇၁) တားဆီးခြင်း

85 11 0
                                    


"ငါလဲ နေခဲ့မယ်" ချိုက်ကျွန်းယန်က ပြောသည်။

သူက နေခဲ့ခြင်းမှာ အခြားသူများနှင့် ပေါင်း၍ ထန်ဂျီကို သိပ်ချင်၍ ဖြစ်သည်။ ရှူမင်ယန်က ဘာမျှ မပြောချေ။ သို့သော် သူက အဆောင်စာရွက် တစ်ထပ်ကြီး ဆွဲထုတ်လိုက်သဖြင့် နေခဲ့မည် ဖြစ်ကြောင်း ပြောသလိုပင်။

လီယိကျင်းနှင့် ယန်ကျီယွမ်တို့က အချင်းချင်း ကြည့်လိုက်ပြီးနောက် ပြောလိုက်သည်။

"ငါတို့က ဝေထျန်းချောင်နောက် လိုက်မယ်"

သူတို့က နေခဲ့သည်ထက် စာလျှင် ဝေထျန်းချောင်ဆီတွင် ခေါင်းက ရှိနိုင်သည်ဟု ယုံလေသည်။ ထို့ပြင် ဝေထျန်းချောင်နှင့် တိုက်ရခြင်းက ထန်ဂျီနှင့် တိုက်ရသည်ထက် ကောင်းလေသည်။

ပင်ကျင်းယူက ထန်ဂျီကြည့်၍ နောက်ဆုတ်လိုက်သည်။

"ငါက နင်နဲ့ မတိုက်ချင်ဘူး။ ဝေထျန်းချောင်ဆီ လိုက်သွားမယ်။ သူ့မှာ ခေါင်းရှိနေပါစေ ဆုတောင်းတယ်"

လျန်ရှန်းရှင်ဆိုသည့် ကျောင်းသားကမူ အတန်ကြာ စဉ်းစားပြီးမှ "ငါက ရှီမန်နောက် လိုက်မယ်" ဟု ပြောလိုက်သည်။

သူက အားအနည်းဆုံး ဖြစ်ကာ ဝေထျန်းချောင်ဖြစ်စေ ထန်ဂျီဖြစ်စေ သူမနိုင်ချေ။ ထို့ကြောင့် ရှီမန်ဆီ လောင်းကြေး ထပ်လိုက်ခြင်းပင်။

"ငါက မင်းတို့ကို သွားခွင့်ပြုလို့လား။ သူတို့နောက် လိုက်ချင်ရင်တောင် ငါ့ကို အရင် ဖြတ်ရအုံးမှာ။ ထောင်စုခွဲ ခုတ်ချက်" ထန်ဂျီက လူစုခွဲနေသည့် သူများကို ကြည့်ကာ ရယ်၍ ပြောလိုက်သည်။

သူက သူ၏ ဓါးမောက်ကို ဝှေ့ယမ်းလိုက်ရင်း ဓါးရောင်များ ထုတ်လွှတ်လိုက်သည်။

ဓါးမော့စွမ်းအင်များက ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။ တိုက်ခိုက်မှုဒဏ်ကို အများဆုံး ခံလိုက်ရသည်မှာ လျန်ရှန်းရှင် ဖြစ်လေသည်။ လျန်ရှန်းရှင်မှာ လွတ်လပ်ခြင်း အသင်းတွင် အားအနည်းဆုံး ဖြစ်ကာ ထန်ဂျီက သူ့အား ဦးတည်တိုက်မည် ထင်မထားချေ။ သူက ဓါးကို မြှောက်၍ ကာသည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now