အခန်း (၈) အမတလမ်းသို့ ခြေချခြင်း

299 43 0
                                    

ထန်ဂျီသတိရလာသော အခါ သူက အိပ်ယာထဲ ရောက်နေသည်ကို သတိထားမိသည်။

သူက ထထိုင်လိုက်သော အခါ ရှုမုယန်က အနားက စားပွဲတွင် ထိုင်ကာ တစ်ခုခုကို ရေးနေလေသည်။

ရှုမုယန်က လှည့်မကြည့်ပဲ ပြောလိုက်သည်။

"ပြန်လှဲနေ။ မင်းရဲ့ နဂါးတံခါးက ခုမှ ပွင့်ထားတာ။ မင်းရဲ့ အခြေခံက မတည်ငြိမ်သေးဘူး။ ဆိုတော့ တည်ငြိမ်အောင် လုပ်ဖို့ အချိန်လိုတယ်"

ရှုမုယန်က လက်ကို လှုပ်လိုက်ရာ သူဆွဲထားသည့် အဆောင်က လွင့်လာပြီး ထန်ဂျီ၏ ကိုယ်တွင် ကပ်သွားသည်။

ထိုအခါမှသာ ထန်ဂျီက သူမြင်နေရသော လောကသည် ပြောင်းလဲနေကြောင်း သတိထားမိသည်။ သူ့အနားရှိ ပစ္စည်းများကို မြင်ရသည်မှာ ပို၍ ကြည်လင် ရှင်းလင်းနေပြီး အရောင်များက စိုတောက်နေသည်။ လေထုက စွမ်းအားများ ရှိနေကာ သူ၏ ခန္တာကိုယ်မှာ အားအင်တွေ ပြည့်နေပြီး မမောပန်းနိုင်တော့သကဲ့သို့ပင်။

"အစ်ကိုကြီးရှု ကျွန်တော်ခုဆို ကျင့်ကြံလို့ ရပြီပေါ့" ထန်ဂျီက အားရဝမ်းသာဖြင့် မေးလိုက်သည်။

"စွမ်းဆောင်ရည် အရဆိုရင် ... ဟုတ်တယ်"

"ဟား ဟား" ထန်ဂျီက စိတ်လှုပ်ရှားသွားပြီး ထပင် ခုန်ချင်နေလေသည်။ သူက လှုပ်ရှားရန်ကြံစဉ်တွင် သူ့ကိုယ်တွင် ကပ်နေသော အဆောင်က အရောင်လက်သွားပြီး သူ့ကို ချုပ်ထားကဲ့သို့ အားများ ထွက်လာပြီး လှဲနေစေလေသည်။

"ငါမင်းကို မလှုပ်နဲ့လို့ ပြောထားတယ်လေ" ရှုမုယန်က သူ၏ စုတ်တံဖြင့် ထန်ဂျီကို သုံးလေးချက်ခန့် ရိုက်လိုက်လေသည်။ အလင်းရောင်တန်း တစ်ချို့ ပေါ်လာပြီး ထန်ဂျီကိုယ်တွင် ဒဏ်ရာတစ်ချို့ ဖြစ်လာလေသည်။

"အစ်ကိုကြီးရှု ဒါက..." ထန်ဂျီက နားမလည်ချေ။

"ချီထိန်းချုပ် ပညာလေးပါ။ ဒါက မင်းခန္တာကိုယ်ထဲက ချီတွေကို မလှုပ်ရှားအောင် ထိန်းပေးထားလိမ့်မယ်။ မနေ့ညက စွမ်အင်းတွေ ပရမ်းပတာ ဖြစ်တာကြောင့် မင်းသွေးကြောတွေမှာ ဒဏ်ရာတွေနဲ့လေ။ မင်းအနေနနဲ့ အနားယူပြီး သက်သာအောင်လုပ်ဖို့လိုတယ်။ နောက်နှစ်ရက်လောက် နားလိုက်အုံး။ ငါမင်းအလုပ်ကို ခွင့်တင်ပေးထားတယ်" ရှုမုယန်က ညှင်သာစွာ ပြောလိုက်သည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Unde poveștirile trăiesc. Descoperă acum