အခန်း (၁၅၉) လိုက်တမ်းပြေးတမ်း (၃)

86 14 0
                                    


ထန်ဂျီက ရီထျန်းရှန်ကို ဆွဲထားရန်လည်း လုပ်သေးသည်။ ရီထျန်းရှန်က သူ့အား မတားတော့သဖြင့် ကျန်သည့် ကျောင်းသားများမှာ သူ့အတွက် ကိုင်တွယ်ရလွယ်လေသည်။

ရှီမန်ဆီသို့ လိုက်သည့် ရီထျန်းရှန်ဆီသို့ သူက ပညာရပ်အချို့ကို ပစ်ထုတ်လိုက်သေးသည်။ သူက ဒဏ်ရာ ရအောင့် မလုပ်နိုင်သော်လည်း အနည်းငယ် လေးဖင့်အောင်တော့ လုပ်နိုင်လေသည်။

ရီထျန်းရှန်က ပို၍ ပို၍ပင် ဒေါသထွက်လာသည်။ သူကလေတိမ်ခြေလှမ်းကို အမြင့်ဆုံးထိ တင်လိုက်သည်။ အနည်းငယ် ကြာပြီးနောက် သူက ရှီမန်နားသို့ ရောက်လာပြီးနောက် လှမ်း၍ ဆွဲလိုက်သည်။

ရှီမန် နောက်သို့ လှည့်ကြည့်ရင်း ရှောင်သည်။ ထို့နောက် သူက လက်ထဲမှ တစ်ခုခုဖြင့် လှမ်းပစ်သည်။

"အမြှုတေစည်း အပ်"

အမြှုတေစည်းအပ်မှာ လရောင်လှုံဂိုဏ်း၏ ရက်စက်သော အဆင့်နိမ့် ပညာတဟ်မျိုးဖြစ်သည်။ ရီထျန်းရှန်က လန့်သွားကာ နောက်သို့ ခုန်ဆုတ်လိုက်သည်။ သို့သော် သူတွေ့လိုက်သည်မှာ အဝတ်အိတ် တစ်ခုသာ ဖြစ်ပြီး အပ်မဟုတ်သည်ကို တွေ့လိုက်ရသည်။

ရီထျန်းရှန်က ဒေါသ ငယ်ထိပ် စောင့်သွားပြီး တစ်ခါ ခုန်၍ လိုက်ပြန်သည်။

ရှီမန်က နောက်ထပ် တစ်ခု ပစ်ပြန်သည်။

"အဲ့ဒီမှာ ပျက်သုဉ်းဓါးပျံဟေ့"

"မင်းကို တစ်စစီ လုပ်ပစ်မယ် သောက်ရူး" ရီထျန်းရှန်က ပြန်အော်ရင်း လက်ဝါးဖြင့် လှမ်းရိုက်သည်။ သို့သော် သူ့လက်တွင် စူးကနဲ နာကျင်သွားကာ ဒဏ်ရာ တစ်ခု ကျန်ခဲ့လေသည်။

"ခွေးသား...." ရီထျန်းရှန်က ဒေါသကြောင့် သွေးပင် အန်ချင်သွားသည်။

"ငါပြောသားပဲလေ" ရှီမန်က ပြန်အော်သည်။ သူက မြင်းကို ရုက်ရင်း အရှိန်တင်သည်။ ရီထျန်းရှန်က လိုက်သည်။

"မင်းက ငါ့ဆီပဲ လိုက်နေတာလား။ ငါ့မှာ ဘာမှ မပါဘူး။ မင်းလိုချင်တာက ထန်ဂျီဆီမှာ"

"ငါက သေချာအောင် မင်းကို အရင်ရှာရမှာပဲ" ရီထျန်းရှန်က အော်သည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now