အခန်း (၄၈) လီယု

190 37 0
                                    

ထန်ဂျီ၏ ထ၍ ကြွားလိုက်မှုက လူအုပ်ကို ဆူညံပွက်သွားစေသည်။ လရောင်လှုံကျောင်းရှေ့တွင် ဖြစ်သဖြင့် တိတ်ဆိတ်နေရသော သူများက ထန်ဂျီက ထိုသို့ အော်ဟစ်ပြီးနောက် ဘာမှ အရေးယူမခံရသဖြင့် စတင်၍ ကျယ်လောက်စွာ စကားပြောကြတော့သည်။ သူတို့၏ စကားခေါင်းစဉ်မှာ ယခုအော်သွားသော ထန်ဂျီအကြောင်းပင်။

"ဘယ်အိမ်တော်က သခင်လေးမလို့ သူက သတ္တိတွေ ကောင်းနေတာလဲ"

"သူ့အဝတ်တွေအရဆိုရင် သူက အစေခံကျောင်းသားပဲ"

"အစေခံကျောင်းသားတွေက အတော်ရဲတင်းနေပြီလား"

"သူက ခပ်တုံးတုံး တောသား ဖြစ်မှာပါ။ သူကများ ထိပ်တန်းဆယ်ယောက်လို့ အော်ရဲသေးတယ်။ အတော်လေး ဂုဏ်မောက်တာပဲ"

"သူဘာလုပ်နိုင်မလဲ ငါတော့ ကြည့်ချင်သား"

"ဘာကြည့်စရာ ရှိလို့လဲ။ သူက အလကား လျှောက်လုပ်နေတာ အသိသာကြီး"

"ဘယ်လိုပဲ ဖြစ်ဖြစ် စောင့်ကြည့်ချင်သေးတယ်။ ငါတို့ ကျောင်းရောက်လို့ရင် အဲ့လို မောက်မာနေတဲ့ ကောင်တွေကို ဆုံးမဖို့ အခွင့်အရေး ရလာမှာပါ"

ထိုသို့ပြောသံများကြား အချို့မှာ အားကျခြင်ဂ အချို့မှာ မနာလိုခြင်းနှင့် အချို့မှာ မုန်းတီးမှုများပင် ရှိလေသည်။ ထိုသို့ ပြောကြဆိုကြရင်းပင် ကျောင်းသားများက လှေပေါ် ရောက်သွားကြလေသည်။ တုံကင်းကြီးက လှော်သူမရှိ ရွက်တိုင်မရှိပဲ ကောင်းကင်ရှင်း တောင်များ ရှိရာဆီသို့ ထွက်ခွာသွားလေသည်။

လူတိုင်းက ယခုမှ ရောက်ဖူးကြသဖြင့် ကျောင်းသား အများစု ကုန်းပတ်ပေါ်တွင် ရပ်၍ မြင်ကွင်းကို ကြည့်နေကြသည်။

ခါးပတ်အင်းက လှပသော မြင်ကွင်းရှိကာ ရေပြင်တွင် လှိုင်းကြက်ခွပ်များ ထနေ၍ ရေကလည်း ကြည်လင်လွန်းလှသဖြင့် ငါးများကိုပင် မြင်နေရလေသည်။ အင်းထဲတွင် ကျွန်းငယ်လေး တစ်ကျွန်းရှိ၍ ကျွန်းပေါ်တွင် တောအုပ်တစ်ခုနှင့် နန်းဆောင်များ ဘုံကျောင်းများ ရှိနေသည်။

အဝေးကို လှမ်းကြည့်လိုက်လျှင် ထွန်းတောက်ကြယ် တောင်ထွဋ်ရှိ များပြားလှသော အဆောက်အအုံများကို လည်း မြင်နိုင်လေသည်။ ထိုသည်က ကျောင်းတော်ပင်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Tahanan ng mga kuwento. Tumuklas ngayon