အခန်း (၁၃၂) ရှာသူများ

168 27 0
                                    


ချိုကောက်သားရဲ တစ်ကောင်က နောက်ကျိနေသည့် ရေအိုင် တစ်ခုမှ ရေကို သောက်ရင်း ပတ်ဝန်းကျင်ကို ကျီးကြည့် ကြောင်ကြည့် ကြည့်နေလေသည်။ သူ၏ တုတ်ခိုင်လှသော လည်ပင်းက တားထားသဖြင့် အပြည့်အဝတော့ ပတ်ဝန်းကျင်ကို လှည့်မကြည့်နိုင်ချေ။ နောက်ကို ကြည့်ချင်လျှင် ကိုယ်ကို လှည့်ကြည့်မှ ရချေမည်။ ထို့ကြောင့်ပင် သူ့နောက်တွင် သစ်ရွက်ခြောက်ပုံကြီး တစ်ခု ကပ်လာသည်ကို မမြင်ချေ။

ထိုသစ်ရွက်ခြောက်ပုံက တစ်ဖြည်းဖြည်း နီးလာစဉ် ချိုကောက်သားရဲက ရုတ်တရက် စိတ်ထဲလေးလံသွားသည်။ သားရဲ၏ အလိုလို သိစိတ်အရ အန္တရာယ်ကို အနံ့ခံမိလိုက်သည်။ သူက ခေါင်းကို ရုတ်တရက် မော့လိုက်ပြီး ဘေးသို့ ပြေးလေသည်။

တစ်ချိန်တည်းလိုပင် သစ်ရွက်ခြောက်များကြားမှ အလင်းရောင် တစ်ချက် ဖြတ်ခနဲ့ ထွက်လာကာ ချိုကောက်သားရဲ၏ တင်ပါးဆီ ပြေးဝင်သွားသည်။

"အူးးး"

ချိုကောက်သားရဲက ကျယ်လောင်စွာ အော်လိုက်သည်။ သားရဲက နာလွန်း၍ ခြေချော်ကျသွားလေသည်။ သူက ပြန်ထရပ်ချိန်တွင်ပင် နွယ်ပင်များက သူ့အား ရစ်ပတ်သွားတော့လေသည်။ ထိုကောင်ကြီးက ဒေါသဖြင့် သန္ဓေပါ ပညာတစ်ချို့ ထုတ်လိုက်သည်။ ထိုအချိန်တွင်ပင် ဓါးရောင် တစ်ချက် လက်သွားပြီး သားရဲ၏ ဦးခေါင်းတွင် အဖြူရောင် မျဉ်းတစ်ကြောင်း ဖြစ်သွားလေသည်။ ကြီးမားသည့် အကောင်ကြီးက ဘုန်းခနဲ လဲကျသွားတော့သည်။

လူရိပ်တစ်ခုက ထွက်လာပြီးနောက် ထန်ဂျီက ချိုကောက်သားရဲ အလောင်းပေါ်တွင် ပေါ်လာသည်။ သူက အလောင်းကို ကြည့်ရင်း ရယ်လိုက်သည်။

"ငါတို့ကံ မဆိုးဘူး။ နောက်ဆုံးတော့ စားစရာ တစ်ခု ရပြီ"

ချိုကောက်သားရဲများမှာ အဆင့်နိမ့် ချီသားရဲများ ဖြစ်ပြီး ထိုကောင်ကြီးများက လေးတုံ့လေးတွဲ့ ပုံရှိသော်ငြား ပြေးရာတွင် တော်လေသည်။ ခန္တာကိုယ်ပေါ်တွင် ထူထဲသော အကြေးခွံများ ရှိပြီး သူတို့၏ သန္ဓေပါ စွမ်းရည်မှာ မြေလွတ်မြောက် ပညာ ဖြစ်လေသည်။ ထိုအကောင်များကို အမဲလိုက်ရန်မှာ ရုတ်တရက် ခြုံခို တိုက်၍ အားနည်းချက်ကို ထိုးနှက်ရန် ဖြစ်လေသည်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now