အခန်း (၁၅၄) ဂိုဏ်းဂဏများ (၂)

109 14 0
                                    


"မေးနေဖို့ လိုသေးလား" လျူဟုန်ယန်က မဲ့ကာ ရွဲ့ကာ ဝင်ပြောသည်။

"သူ့လို လူမျိုးက ဘယ်အဖွဲ့က ဘယ်လမ်းစဉ် ဆိုတာ အရေးမကြီးဘူး။ အရေးကြီးတာက ဘယ်အဖွဲ့က သူ့ကို ပိုပေးနိုင်လဲ ဆိုတာပဲလေ။ သူက မွေးရာပါ ခြံစည်းရိုး ခွထိုင်ဂိုဏ်းသားလေ"

လူတိုင်းက ရယ်လိုက်ကြသည်။

ထန်ဂျီက လှည့်ကြည့်ကာ ရယ်သည်။ "နင်က ငါ့အကြောင်း တစ်ကယ် သိတာပဲ"

ကျောင်းတော်ဂိုဏ်းမှာ ဂိုဏ်းဟုလည်း ဆို၍ မရချေ။ သူတို့ကား ညှိနှိုင်းရေး သမား ဖြစ်သလို အကျိုးပိုရသည့်ဘက်ကို ကူညီသည်သာ။

ထန်ဂျီအတွက် ကျောင်းတော်ဂိုဏ်းက အသင့်တော်ဆုံးပင်။ ထို့ကြောင့် သူက ယန်ချန်ဖုန်း တပည့် ဖြစ်လာကာ အမာဂိုဏ်းသား မဖြစ်ချင်ချေ။ ထို့ပြင် ထိုလမ်းစဉ် အဖွဲ့၏ အုပ်ချုပ်ပုံကလည်း သူနှင့် မကိုက်ညီချေ။

ဥပမာအားဖြင့် အမာဂိုဏ်းသားများ၏ အတွေးအခေါ်မှာ အငယ်ကို အကြီးစား၊ ရပ်တည်ရေးသည် ပထမနှင့် လက်သီးကြီးသူက ဆရာ ဆိုသည့် အတွေးအခေါ်ပင်။

ထိုသို့ အတွေးအခေါ်သများများ အာဏာ ရသွားပါက လူတိုင်းက အကြောက်တရားနှင့် နေရမည် ဖြစ်လေသည်။

ထိုသည်ကား ကောင်းကင်ပျက်သုဉ်းဂိုဏ်းက လရောင်လှုံဂိုဏ်းနေရာ အစားထိုးသလို ဖြစ်သွားပေမည်။

သူ့အနေဖြင့် လရောင်လှုံဂိုဏ်းနှင့် နတ်ခေါင်းနန်းတော်ကြား မီးမွှေးရခြင်းကို ပျော်သော်လည်း ထိုသို့ အတွေးအခေါ်မျိုး ကြီးစိုးလာမည်နှင့် သတ်ဖြတ်ခြင်းသည် သာမာန်သာ ဖြစ်လာခြင်းကိုမူ မလိုလားချေ။

ထိုသို့ ဖြစ်လာပါက သတ်ခြင်း ဖြတ်ခြင်းမှာ ထမင်းစား ရေသောက် ဖြစ်လာကာ လောကသည် သွေးလွှမ်းနေကာ မြေကြီးကား နီရဲ၍ နေနှင့်လကား အလင်းရောင် မဲ့သွားချေတော့မည်....

ထိုသည်ကား သူတစ်ယောကတည်း တွေးနေခြင်းသာ။ လူငယ်များအနေဖြင့် ထိုသို့ စိတ်ပူမှုမျိုး မရှိချေ။

အမှန်တွင် ကျောင်းသားများ အနေဖြင့် မည်သည့် လမ်းစဉ် ဖြစ်စေ တန်ခိုးတိုးရေးသည် ပထမပင်။

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now