အခန်း (၄၂) တာဝန် နှစ်ခု

185 33 0
                                    

ထို့နောက် သခင်မက တုံ့ဆိုင်းခြင်းမရှိပဲ အစေခံကျောင်းသား နေရာများ ဆုံးဖြတ်တော့သည်။ ရှီမန်နှင့် ထန်းဂျီ ဖြစ်သည်။ ဆုံးဖြတ်ချက် ကျပြီးနောက် အချို့က ပျော်နေသလို အချို့က စိတ်ပျက်နေသည်။ ထိုသည်မှာ သဘာဝပင်။

လူများက ရှီမိုနှင့် ထန်ဂျီကို ဂုဏ်ပြုစကားဆိုကြသည်။ အိမ်တော်ထိန်းချင်ပင်လျှင် ဂုဏ်ပြုစကား ပြောခံရသည်။ အဘယ့်ကြောင့်ဆိုသော် ဝူမိသားစုမှ အစေခံကျောင်းသားနှစ်ယောက် ထွက်သလို နှစ်ယောက်လုံးက သူခေါ်လာခြင်း ဖြစ်လေသည်။ အချို့သော လည်သည့်သူများက ဝူအိမ်ကိုသွား၍ပင် ဂုဏ်ပြုစကားဆိုရာ လက်ဆောင်များပင် ရကြလေသည်။

အောင်မြင်သော သူများက လူအများအာရုံစိုက်ခံရချိန်တွင် ကျရှုံးသူများက လျစ်လျူရှုခံရသည်မှာ ဓမ္မတာပင်။ ထန်ဂျီက အခြားသူများနှင့် စကားပြောနေစဉ် ရှီမိုက ခန်းမထဲတွင် မရှိတော့သည်ကို သူက သတိထားမိလိုက်သည်။

ထိုအချိန်တွင် သူက ကျန်းရှုဖန်၏ ခေါ်သံကို ကြားလိုက်ရသည်။ "ထန်ဂျီ လာအုံး"

ထိုအချိန်တွင် သခင်နှင့် ဆရာသခင်လုမှာ မရှိတော့ပဲ စင်မြင့်ပေါ်တွင် ကျန်းရှုဖန်တစ်ယောက်သာ ကျန်တော့လေသည်။ ထန်ဂျီက လျှောက်လာချိန်တွင် ကျန်းရှုဖန်က သူ့အနားရှိနေရာကို ထိုးပြ၍ ထိုင်ဟု ဆိုလိုက်သည်။

"သခင်မရှိနေမှတော့ ကျွန်တော်က မထိုင်ရဲပါဘူး"

"တွန့်ဆုတ်နေစရာမလိုဘူး ထိုင်။ ဒါက နင့်ရဲ့ ဆုလို့ သတ်မှတ်ပေါ့" ကျန်းရှုဖန်က ပြုံးရင်း ပြောသည်။

ယခုအခါတွင် ထန်ဂျီက အစေခံကျောင်းတောသား ဖြစ်ပြီ ဖြစ်၍ ပုံမှန် အစေခံမဟုတ်ချေ။ မိသားစုများ၏ စည်းမျဉ်းအရ အနာဂတ်တွင် မသေမျိုး ဖြစ်လာမည့် လူကို ကောင်းကောင်းဆက်ဆံရမည် မဟုတ်ပါလား။

ကျန်းရှုဖန်က ထန်ဂျီကို သေချာ စိုက်ကြည့်၍ အကဲခတ်လိုက်ကာ အတန်ကြာမှ စကားစပြောသည်။

"နင်ဝေအိမ်တော်ကို ရောက်ကတည်းကဆိုရင် သုံးနှစ်တောင် ရှိတော့မယ်။ ဒီသုံးနှစ်အတွင်းမှာ ငါက နင်လုပ်တာ ကိုင်တာတွေ မြင်ပြီးတော့ နင့်အကြောင်းတော့ နည်းနည်း သိလာပါပြီ။ နင့်ကိုငါက ဘာလို့ ဝေအိမ်တော်ကို ဝင်ဖို့ရွေးခဲ့တာလဲ သိလား"

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Hikayelerin yaşadığı yer. Şimdi keşfedin