အခန်း (၁၀၈) ကျားကို နှိမ်နင်းခြင်း

150 24 0
                                    


ကျားဟိန်းသံ တောင်ထိပ်ပေါ်မှ ကျားက ထန်ဂျီကို အေးစက်စွာ ကြည့်နေလေသည်။ ကျား၏ မျက်လုံးတွင် ထန်ဂျီက အလကားနေ အလကား လာ၍ နှောင့်ယှက်နေသူပင်။ သို့သော် ယနေ့တွင် ထန်ဂျီက အနည်းငယ် ကွဲပြားသည်။ ကျားကို အော်ပြောပြီးနောက် ထန်ဂျီက ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလာပြီး အရာတစ်ခုကို ထုတ်ယူလိုက်သည်။ ထိုသည်က အစီအရင် ရေးဆွဲသည့် စုတ်တံပင်။ ကျားက ထန်ဂျီကို စူးရဲစွာ ကြည့်နေသည်။ ထန်ဂျီက အသာအယာ ပြုံးလိုက်ပြီး ဘယ်လက်ကို ဝှေ့ယမ်းလိုက်ကာ မိစ္ဆာနှိမ် သဲများကို ဖြန်းလိုက်သည်။ ထိုသည်မှာ ပုံမှန် သဲများကို စိတ်ဝိဉာဉ်ဆေးရည်ဖြင့် စိမ်ကာ အစီအရင်တွင် သုံးနိုင်ရန် လုပ်ထားသည့် သဲဖြစ်လေသည်။ ထန်ဂျီက စုတ်တံကို ဝှေ့ယမ်းလိုက်သည်။ ချီမျှင်တန်းများက ထွက်လာပြီး လေထဲတွင် မျှဉ်းကြောင်းများ ရေးဆွဲနေသည်။ သူက အစီအရင် တစ်ခု ခင်းကျင်း နေခြင်းပင်။ လောကကြီးအား အခြေခံ ပစ္စည်းများကို မှင် အဖြစ် သုံး၍ လက်ထဲမှ စုတ်တံဖြင့် သူက ပထမဆုံး အစီအရင်ကို သေချာစွာ ခင်းကျင်းနေလေသည်။ (ရှုမုယန်ရဲ့ နည်းကို ပြောတာ ဖြစ်မယ်)မစ္ဆာသတ် သားရဲနိုင် အစီအရင် ဖြစ်သည်။ ထိုသည်က သူကဲ့သို့ ချီစမ်းရည်အဆင့်မှ ကျောင်းသား တစ်ယောက်အနေဖြင့် ချီအာရုံခံ နောက်ပိုင်းအဆင့် သားရဲကို နိုင်နိုင်သည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်လေသည်။ သို့သော် ကျားက သစ်ပင်ရုက္ခစိုးကဲ့သို့ မတုံးပေ။ သူက တစ်ခုခုမှားနေသည်ကို သိလေသည်။ "ဝေါင်း..." ကျားက ဟိန်းသံ တစ်ချက် ပြု၍ ထန်ဂျီဆီ ခုန်ဝင်လာသည်။ ထန်ဂျီက စုတ်တံကို လှုပ်ရှားကာ ချီမျှင်များ ထုတ်လွှတ်နေတုန်းပင်။ ထိုအချိန်တွင် သူက နောက်လက်တစ်ဖက်မှ အရာတစ်ခုကို ထုတ်ယူလိုက်သည်။ ထိုသည်က အစီအရင် အင်းချပ်ပင်။ ကျားကိုပင် မကြည့်ပဲ ထန်ဂျီက အင်းချပ်ကို ရှေ့သို့ ပစ်လိုက်သည်။ အင်းချပ်က ပွင့်သွားပြီး ရေခဲနံရံ တစ်ခု ပေါ်လာလေသည်။ ကျားက ရေခဲနံရံကို ဝင်တိုက်သွားပြီး အသံတစ်ခု ထွက်လာလေသည်။ သို့သော် ရေခဲနံရံက မပျက်ဆီးချေ။ အစီအရင် အင်းချပ်မှာ အစီအရင် အသေးစားများကို သိမ်းထားနိုင်သော်လည်း စွမ်းအားက အကန့်အသတ် ရှိသည်။ ထိုသည်က ကျားကို ကိုင်တွယ်ရန် မလုံလောက်သော်လည်း သူအစီအရင် ခင်းကျင်းနေစဉ်တွင် ခေတ္တထိန်းထားရန်တော့ လုံလောက်လေသည်။ သူက အင်းချပ်ကို ပစ်ထုတ်ပြီးနောက်တွင် သူက အစီအရင် ခင်းကျင်းခြင်းကို ဆက်၍ လုပ်နေသည်။ မှတ်ဉာဏ် အစီအရင် ကဲ့သို့ မဟုတ်ပဲ မစ္ဆာသတ် သားရဲနိုင် အစီအရင်က ပို၍ ရှုပ်ထွေးနေလသည်။ သို့သော် ထန်ဂျီက ရှေ့တွင် လေ့ကျင့်ထားပြီး ဖြစ်သည်။ သူက စုတ်တံကို အဆိက်မပြတ် လှုပ်ရှားနေပြီး ပစ္စည်းများကို ပစ်ထုတ်နေသည်။ ထန်ဂျီက ရံနံ့ရွှံ့ကို ပစ်လိုက်ရာ ကန်း နေရာတွင် ကျသွားသည်။ ရွှံ့ထဲမှ အဝါရောင်များ ထွက်လာပြီး ထန်ဂျီလက်ထဲမှ စုတ်တံ၏ လှုပ်ရှားမှုနှင့် အတူ အဝါရောင် အလင်းများက အသက်တံခါး ဖြစ်သွားလေသည်။ မြေကြီးက အရာအားလုံးကို မွေးဖွားသည်။ ရနံ့ရွှံ့မှာ ချီမြင့်မြတ်မြေများတွင် ကြွေကျသော ပန်းများမှ ဖြစ်လာသည့် ရွှံ့မြေ ဖြစ်လေသည်။ ထို့ကြောင့် ထိုရွှံ့မြေကို အသက်တံခါးတွင် သုံးနိုင်လေသည်။ ကျားက ထိုမြင်ကွင်းကို ကြည့်၍ ဒေါသတကြီး ဟိန်းဟောက်သည်။ သူက ရေခဲနံကို လက်ဖြင့် ကုတ်ခြစ်လေသည်။ ရေခဲများက ကွာကျကုန်လေသည်။ ထန်ဂျီက အစီအရင်ကို ဆက်တိုက် ခင်းကျင်းနေသည်။ နားတံခါး(အနားယူ)၊ ရပ်တံခါး တစ်ခုပြီး တစ်ခု ဖွဲ့တည်လာလေသည်။ (ရှေ့အပိုင်းတွေမှာ တံခါးရှစ်ချပ်ကို ရေးခဲ့ပြီနော်) ကျားရဲက တစ်ဖြည်းဖြည်း ပုံပေါ်လာသည့် အစီအရင်ကို ကြည့်၍ ထိတ်လန့်ခြင်း တစ်ဝက် ဒါသတစ်ဝက်ဖြင့် အော်ဟစ်သည်။ ကျားက ခေါင်းကို မော့၍ ဟိန်းလိုက်ရင်း ဘယ်ဘက် ခြေကို မြေကို ဆောင့်လိုက်သည်။ မြေကြီးက ကျား၏ ကိုယ်ကို ဖုံးလွှမ်းသွားပြီး ဆူးချွန်များနှင့် ချပ်ဝတ် ဖြစ်သွားလေသည်။ ကျားရဲက ရေခဲနံရံကို နောက်တစ်ကြိမ် ဝင်၍ တိုးပြန်သည်။ ဆူးချွန်များက ရေခဲများကို ထွင်းဖောက်သွားလေသည်။ ထန်ဂျီက သိပ်စိတ်လှုပ်ရှားပုံမရပဲ လက်ကို နောက်တစ်ချက် ဝှေ့လိုက်ပြန်သည်။ လျှပ်စီး သစ်သား တစ်ခုက ခွန်နေရာသို့ ကျသွားပြီး သေခြင်းတံခါး ပေါ်လာပြန်သည်။ ထိုလျှပ်စီး သစ်သားက ဝေထျန်းချောင်၏ ယခင်အရုပ်မှ ဟာ ဖြစ်လေသည်။ သေခြင်းတံခါး ဖွဲ့တည်လာသည်နှင့် အစီအရင်က မိုးကြိုးသံများ ထွက်လာလေသည်။ ကျားရဲ၏ ခန္တာမှ အလင်းရောင်များထွက်လာပြီး ဆူးချွန်များဖြင့် ရေခဲနံရံကို ပစ်ခွဲလေသည်။ ရေခဲနံရံက ကြာရှည်ခံတော့မည့်ပုံ မပေါ်ချေ။ ထန်ဂျီက ဆက်၍ ခင်ကျင်းနေပြီး မကြာမီပင် သတိပေးတံခါး ဖွဲ့တည်လာလေသည်။ ဆဌမမြောက် တံခါး ဖွဲ့တည်လာသည်နှင့် အစီအရင်မှ ရောင်ဝါ တစ်ခု ထွက်ပေါ်လာပြီး ကျားရဲကို စတင် ဖိနှိပ်လာလေသည်။ ကျားရဲက ဆူးတောင်များဖြင့် ရေခဲတံခါးကိုသာ အားစိုက် တိုက်ခိုက်နေသည်။ ဘုန်း... ဘုန်း... ဘုန်း...သုံးခါဆက် တိုက်ခိုက်ပြီးနောက် ရေခဲနံရံ တစ်ခုလုံးက အက်ရာများ ပြည့်သွားလေသည်။ ထိုသည်က တဖြည်းဖြည်း လဲကျတော့မည် ဖြစ်သည်။ ထန်ဂျီက နောက်ထပ် ပစ္စည်းများ ထုတ်လိုက်ပြန်သည်။ နာကျင်တံခါးက ချပ်ပိတ်ခြင်းနှင့် ဖမ်းဆီးခြင်းကို အားပြုသည်။ ထို့ကြောင့် ယခုအစီအရင်တွင် နာကျင်တံခါးသည် အရေးအပါဆုံး ဖြစ်လေသည်။ ကြယ်ကြွေကျောက်၊ ဝိဉာဉ်နှိမ် သစ်သား၊ အမုန်းဖယ်ရေ၊ ကြယ်လေမီးနှင့် မိုးပြာအလင်းဓါးတို့ ဖြစ်လေသည်။ ထိုပစ္စည်းများက ဓါတ်သဘာဝ တစ်ခုစီ ပါဝင်ပြီး နာကျင် တံခါးတွင် ဓါတ်ငါးမျိုး စုံလေသည်။ ကျားကို ကိုင်တွယ်ရန် ထန်ဂျီက ရှိသမျှ သုံးခြင်းပင်။ သူက ချီဒင်္ဂါး နှစ်ထောင်ကျော်ပင် သုံးစွဲထားလေသည်။ ထို ပစ္စည်းငါးမျိုးဖြင့် နောက်ဆုံးတွင် နာကျင်တံခါးက ဖွဲ့တည်လာလေသည်။ ထိုအချိန်တွင်ပင် ကျားရဲက စတုတ္ထအကြိမ်မြောက်နံရံကို ဝင်တိုးသည်။ ရေခဲနံရံက ကွဲကြေသွားတော့သည်။ ထန်ဂျီနှင့် ကျားရဲကြား အတားအဆီး မရှိတော့ချေ။သို့သော် ထန်ဂျီက "ယိယိ" ဟု အော်လိုက်သည်။ ချက်ချင်းဆိုသလိုပင် များပြားလှသော နှင်းဆီစိမ်းများက မြေပြင်မှ ထွက်လာပြီး နွယ်ပင်များကဲ့သို့ ကျားရဲကို ဝိုင်းပတ်သွားလေသည်။ ပွင့်ချပ်များက ပါးစပ်များပမာ ပွင့်ဟလာပြီး ကျားကို ကိုက်ချကြလေသည်။ ထန်ဂျီက ယခင် အခါများကတည်းက ယိယိအား ဤနေရာတွင် ပန်းများ စိုက်ထားရန် ခိုင်းခဲ့ခြင်း ဖြစ်သည်။ နှင်းဆီစိမ်း အစီအရင်...ထိုသည်က ထန်ဂျီပေးထားသည့် နာမည်ပင်။ ထိုပန်းများကို စိုက်ရန် တစ်လကျော် အချိန်ကုန်ခဲ့ပြီး ကျားရဲအား ခဏထိန်းထားနိုင်ရန် ဒုတိယ နည်းလမ်းပင်။ ထန်ဂျီအနေဖြင့် ကျားရဲကို ထိုနှင်းဆီများနှင့် အနိုင်ယူရန် မတွေးထားချေ။ ခေတ္တသော အချိန်သည် လုံလောက်ပေသည်။ ကျားရဲက မြေပြင်တွင် ချုပ်ခံလိုက်ရသည်။ ထန်ဂျီက ချီဒင်္ဂါးအချို့ ပစ်ထုတ်လိုက်သည်။ ချီဒင်္ဂါးများက ချွမ်နေရာတွင် ကျသွားပြီး အလင်းရောင်များဖြင့် ပွင့်/ဖွင့်တံခါး ပေါ်လာလေသည်။ တံခါး ရှစ်ချပ်လုံး စုံသွားချေပြီ။ သို့သော် ထိုသည်က မလုံလောက်သေးချေ။ တံခါး ရှစ်ချပ် ရှိသော်လည်း အစီအရင် မျက်လုံးနှင့် အစီအရင် အခြေလိုနေသေးသည်။ သူက စုတ်တံကို နောက်တစ်ချက် ဆွဲလိုက်ပြန်သည်။ ထိုသည်က အစီအရင် မျက်လုံးကို ဆွဲခြင်းပင်။ များပြားလှသော မျဉ်းများဖြင့် တံခါးရှစ်ချပ်ကို ပင့်ကူအိမ်ကဲ့သို့ ချိတ်ဆက်သွားသည်။ သွေးအလင်းရောင် တစ်ချက်က ကျားရဲဆီမှ ပေါ်လာပြန်လေသည်။ ဘုန်း.. ဘုန်း..ဘုန်းလိမ်ယှက်နေသော နှင်းဆီစိမ်းများက ပြတ်ထွက်ကုန်သည်။ ယိယိက ထိုသည်ကို မြင်သော အခါ အော်လိုက်သည်။ "မြန်မြန်လုပ် အကြာကြီး မထိန်းနိုင်တော့ဘူး" ထန်ဂျီက ကြားပုံ မရချေ။ သို့သော် သူ၏ စုတ်ချက်များက ပို၍ မြန်လာလေသည်။ သူက လက်ရှိတွင် အစီအရင်ကို အာရုံစိုက်ထားလေသည်။ ထိုအချိန်တွင် ယိယိက လက်ကို တစ်ခါ ဝှေ့ယမ်းလိုက်ရာ ပုံရိပ်နှစ်ခု ထွက်လာလေသည်။ အရုပ်နှင့် ဝံပုလွေသားရဲပင်။ ထိုသည်က ထန်ဂျီ၏ တတိယ အဆင့် အကာအကယ်ပင်။ ဘုန်း.. ဘုန်းအရုပ်နှင့် သားရဲက ကျားရဲ၏ ရိုက်ချက်ကြောင့် လွင့်သွားသည်။ ကျားရဲက ထိုနှစ်ကောင်ထက် များစွာ သန်မာလေသည်။ဝေါင်း...ကျားရဲက အရုပ်နှင့် ဝံပုလွေကို ရိုက်ထုတ်ပြီးနောက် သူ၏ လက်ကိုထန်ဂျီဆီဦးတည်၍ လှမ်းပုတ်လိုက်သည်။ မြေကြီးမှ ဆူးချွန် တစ်ခု ထွက်လာပြီး ထန်ဂျီ၏ ခြေထောက်ကို ဖောက်သွားလေသည်။ ထန်ဂျီက တစ်ချက် အော်လိုက်သော်လည်း သူက မရပ်ချေ။ များပြားလှသော အစီအရင်မျဉ်းများက ဆက်တိုက် ပေါ်နေပြီး တံခါးရှစ်ချပ်က အသံစုံထွက်လာကာ ချီစွမ်းအင် တိမ်များပင် ဖွဲ့စည်းလာလေသည်။ ကျားက ထန်ဂျီ မရပ်သည်ကို တွေ့၍ ခေါင်းကို နှိမ်လိုက်ကာ ထန်ဂျီဆီသို့ နွားရိုင်း တစ်ကောင်ကဲ့သို့ ပြေးဝင်လာသည်။ ထိုအချိန်တွင်ပင် ယိယိက အဆောင်စာရွက် တစ်ထပ်ကို ပစ်လွှတ်လိုက်ပြန်သည်။ ထိုသည်က ရှူမင်ယန်ဆီမှ ဝယ်ထားသော အဆောင်များပင်။ ကျားက ခေတ္တ တုန့်ခနဲ ဖြစ်သွားစဉ် ယိယိက နောက်အရာတစ်ခုကို ပစ်လိုက်ပြန်သည်။ ဝိဇ္ဇာချုပ်ကြိုး....အဆောင်းများနှင့် ဝိဇ္ဇာချုပ်ကြိုးမှာ စတုတ္ထ ပြင်ဆင်မှုပင်။ ကျားက ဒေါသတကြီးဖြင့် ဝိဇ္ဇာချုပ်ကြိုး၏ ချုပ်နှောင်ခံရခြင်းမှ လွတ်ရန် ရုန်းကန်နေသည်။ သို့သော် အဆောင်များကြောင့် သူက အားလျော့နေလေသည်။ ဝံပုလွေသားရဲက ကျား၏ လည်ပင်းကို ပြေးကိုက်သည်။ ကျားက ခေါင်းကို ခါလိုက်ရာ သူ၏ ဦးချိုက သးရဲ၏ ဗိုက်ကို ဖောက်သွာလေသည်။ သို့သော် ထိုအဖြစ်က ဝိဇ္ဇာချုပ်ကြိုးလက်မှ လွတ်ရန် နှောင့်နှေးသွားပြန်သည်။ စက္ကောမရုပ်က ပြေးလာပြီး ကျားကို ဆွဲလိုက်သည်။ ကျားကို ဆွဲယူ၍ အရုပ်က အဝေးသို့ ပစ်လိုက်သည်။ ကျားက အားကြီးသော်လည်း သိပ်မလေးချေ။ ထို့ကြောင့် ပစ်လိုက်နိုင်လေသည်။ ကျားက မြေပြင်တွင် လိမ့်သွားပြီး တစ်ချက် ဟိန်းလိုက်ရာ သွေးရောင် အလင်းများ ထွက်လာပြီး ကြီးမားသော ခွန်အား တစ်ခု ပေါက်ကွဲထွက်လာလေသည်။ ပြင်းထန်သော ရုန်းကန်မှုအောက်တွင် အဆောင်များနှင့် ဝိဇ္ဇာချုပ်ကြိုးက အသုံးမဝင်ချေ။ ဘန်းကြိုးက ပြတ်ထွက်သွားလေသည်။ နောက်ဆုံး တားဆီးမှုက မရှိတော့ချေ။ ကျားက ထန်ဂျီဆီ ခုန်ဝင်လာသည်။ သို့သော် ထန်ဂျီက နောက်ဆုံး စုတ်ချက် တစ်ခုကို ဆွဲလိုက်ရာ အစီအရင် မျဉ်းတစ်ကြောင်းက ယခင် အစီအရင် မျဉ်းများကို ဖြတ်သန်းသွားသည်။ အစီအရင်မျက်လုံးက ပြည့်စုံသွားချေပြီ။ စုတ်ချက် တစ်ချက်ဖြင့် အစီအရင်က ပြီးပြည့်စုံသွားသည်။ အစီအရင်အတွင်းမှ အလင်းရောင်များထွက်လာပြီး မိုးကြိုးသံများနှင့်အတူ အလင်းရောင်များ ဖုံးလွှမ်းနေသည့် လက်ကြီး တစ်ဖက် ဖွဲ့တည်လာလေသည်။ ကျားရဲက ကြောက်လန့်စွာ တစ်ချက် ဟိန်းလိုက်ပြီး နောက်ဆုတ်၍ ပြေးလေသည်။ ထန်ဂျီက နှာခေါင်း ရှုံ့လိုက်သည်။ "မင်းက ပြေးလို့ ရမယ် ထင်လို့လား" ထန်ဂျီက အစီအရင်အတွင်း ရပ်နေရင်း နာကျင်တံခါးကို လက်ညှိုးညွှန်လိုက်သည်။ နာကျင်တံခါးမှ ချီအရောင် ငါးမျိုး ထွက်လာပြီး လက်ကြီးက ချက်ချင်းဆိုသလိုပင် ကျားရဲဆီ ကျဆင်းသွားသည်။ ဘုန်းဆိုသော အသံတစ်ခုနှင့် အတူ ကျားရဲကို ဖိထားလိုက်လေသည်။ ထန်ဂျီက လက်ဟန်တစ်ခု လုပ်လိုက်ရာ လက်ကြီးက ကျားရဲကို လက်ထဲတွင် ဆုပ်ထားပြီး ဆွဲယူလာကာ ကြက်တစ်ကောင်ကဲ့သို့ အစီအရင်ထဲကို ပစ်ထည့်လိုက်လေသည်။ ကျားရဲက ပတ်ဝန်းကျင်ကို မမြင်ရတော့ပဲ မိုးကြိုးသံများကိုသာ ကြားနေရလေသည်။ သူ၏ အပေါ်တွင် လက်ကြီးက တောင်တစ်လုံးကဲ့သို့ ဖိထားလေသည်။ ထန်ဂျီက ယခုအောင်မြင်သွားချေပြီ။ သို့သော် အစီအရင်ကို ခင်းကျင်းရသည်မှာ အတော်လေး ကုန်ကျလေသည်။ သူက အစီအရင်ကို ဆွဲရင်း ရှိသမျှ အားကုန်တော့မတတ်ပင်။ သို့သော် သူက လုပ်နိုင်ယုံသာ ရှိလေသည်။ သူက သေလုမျောပါး ဖြစ်နေသည့် ဝံပုလွေသားရဲနှင့် ပြတ်နေသော ဝိဇ္ဇာချုပ်ကိုကြိုးကို ကြည့်ကာ နောင်တဖြင့် သက်ပြင်းချလိုက်သည်။ မည်သို့ပင်ဆိုစေ သူက အောင်မြင်ခဲ့သည်။ သူက ရည်မှန်းချက် အောင်မြင်သ၍ တန်သည်သာ။ သူက ဖိနှိပ်ခံနေရာသော ကျားရဲဆီ လမ်းလျှောက်သွား၍ ပြောလိုက်သည်။ "အခု ကျုပ်တို့ စကား အေးဆေး ပြောလို့ရပြီ"

တောင့်တမျှော်မှန်း အမတလမ်း (Aspiriring to the Immortal Path)Where stories live. Discover now